ချန်ပီယံလိဂ်ဖိုင်နယ်မှာ သေချာပေါက် ပွဲထွက်ခွင့်ရမယ့် ကစားသမား ၂ ဦး နဲ့ အသုံးပြုသွားနို်င်တဲ့ ကစားကွက် ၂ ကို ထုတ်ဖော်လိုက်တဲ့ အန်ဆယ်လော့တီ

ကာလိုအန်ဆယ်လော့တီဟာ လီဗာပူးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူ အသုံးပြုသွားနိုင်တဲ့ ကစားကွက် ၂ မျိုးကို share လုပ်သွားခဲ့တဲ့ အပြင် ပဲရစ်ဖိုင်နယ်မှာ ပွဲထွက်ခွင့် ရမယ့် ကစားသမား ၂ ဦးကိုလည်း ပြောပြသွားခဲ့ပါတယ်။ လီဗာပူးနဲ့ ရီးရဲယ်မက်ဒရစ် တို့ဟာ ဥရောပချန်ပီယံဆု အတွက် လာမည့် မေလ ၂၈ ရက်နေ့ Stade de France ကွင်းမှာ ကစားသွားကြမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ၇ ကြိမ်မြောက် ဥရောပဖလား အတွက် ရည်မှန်းနေကာ ၂၀၂၁-၂၂ ရာသီကို အကောင်းဆုံး ပုံစံနဲ့ အဆုံးသတ်နိုင်ဖို့ အလိုရှိနေပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ် တုန်းကလည်း ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး အဆိုပါ ပွဲစဉ်မှာ ရီးရဲယ်မက်ဒရစ်ဟာ ၃-၁ နဲ့ အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့တာကြောင့် ဒါဟာ မကျေပွဲလို့လည်း ဆိုနိုင်ပါတယ်။

မက်ဒရစ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ် အဆင့်ကို ပီအက်ဂျီ ချဲလ်ဆီး နဲ့ မန်စီးတီး တို့ကို မထင်မှတ်ဘဲ ကျော်ဖြတ်ကာ တက်ရောက်လာနိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး မန်စီးတီးနဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဆိုရင် မာရက်ဇ်ရဲ့ ဂိုးကြောင့် နှစ်ကျော့ပေါင်း ၅-၃ နဲ့ အရေးနိမ့်နေခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ အံ့ဖွယ် ၂ ဂိုး သွင်းယူကာ ပြန်လာနိုင်ခဲ့ပြီး အချိန်ပိုမှာ ဘန်ဇီးမားရဲ့ ပင်နယ်တီနဲ့ အနိုင်ယူကာ ဖိုင်နယ်ကို တက်လာခဲ့တာ ဖြစ်ပါတယ်။

စပိန်ကလပ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ် အတွက် ပြင်ဆင်လျက် ရှိနေကာ မနေ့ညက လာလီဂါပွဲစဉ်မှာ လီဗန်တေးကို ၆-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်အပြီး သတင်းထောက် တစ်ဦးက လီဗာပူးနဲ့ ချန်ပီယံလိဂ်ဖိ်ုင်နယ်မှာ ဘယ်ကစားကွက်ကို အသုံးပြုသွားမလဲ ဆိုပြီး အန်ဆယ်လော့တီကို မေးမြန်းခဲ့ပါတယ်။

ရီးရဲယ်နည်းပြက “၄-၃-၃ ဖြစ်နိုင်သလို တစ်ခါတစ်ရံ ပွဲရဲ့ အခြေအနေ အပေါ် မူတည်ပြီး ၄-၂-၂ လည်း ဖြစ်သွား နိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ system တစ်ခုတည်းကို သတ်သတ်မတ်မတ် မထားထား ပါဘူး။ တစ်ခါတစ်ရံ မန်စီးတီးနဲ့ ပွဲစဉ်တုန်းကလိုမျိုး တိုက်စစ်မှုး ၂ ဦးကို တင်ကာ press လုပ်တာမျိုးလည်း ရှိတက်ပါတယ်။ ဒါ့ကြောင့် ၄-၃-၃ ကစားကွက် ကနေ ၄-၄-၁-၁ ဖြစ်သွားနိုင်ပါတယ်။ အိုင်ဒီယာ ကတော့ သိပ်ပြီး အပြောင်းအလဲ မရှိပါဘူး။ ပြိုင်ဘက်ကို ခံစစ် ကစားတဲ့ ပုံစံပဲ အနည်းငယ်လေး ကွဲသွားတာပါ။” လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ အဲဗာတန် မန်နေဂျာဟောင်းက လာမည့် မေလ ၂၈ ရက်နေ့ လီဗာပူးနဲ့ ကစားရမယ့် ဖိုင်နယ်မှာ ပွဲထွက် ကစားသမား စာရင်းမှာ သေချာပေါက် ပါ၀င် ကစားခွင့် ရမယ့် ကစားသမား ၂ ဦးကိုလည်း ထုတ်ဖော် သွားခဲ့ပါသေးတယ်။

ဖက်ဒရီကိုဗယ်ဗာဒီ နဲ့ ရိုဒရီဂို တို့ ပွဲထွက်ခွင့် ရနိုင်သလားလို့ မေးခဲ့ရာမှာ “ကစားသမား ၂ ဦး စလုံးဟာ ဖိုင်နယ် ပွဲစဉ်ကို ကစားခွင့် ရသွားမှာပါ။ ဒါဟာ အမှန်ပါပဲ။” လို့ ပြန်လည် ဖြေကြား ခဲ့ပါတယ်။

မက်ဒရစ်ဟာ ဒီရာသီမှာ ၃၅ ကြိမ်မြောက် လာလီဂါဖလားကို သိမ်းပိုက်ထားခဲ့ပြီး ဖြစ်ကာ ၁၄ ကြိမ်မြောက် ဥရောပ ဖလား အတွက် ယုံကြည်မှုပိုင်းကလည်း မြင့်တက်လျက် ရှိနေပါတယ်။ လီဗာပူး ကတော့ နောက်ထပ် ဆုဖလားတွေ အတွက် ဆက်လက် ယှဉ်ပြိုင်နေရဆဲ ဖြစ်ပြီး ရီးရဲယ်လို အဓိက ကစားသမားတွေကို အနားပေးလို့ ရတဲ့ အခွင့်အရေးတော့ မရှိပါဘူး။

လက်ရှိ အသင်းရဲ့ အခြေအနေနဲ့ ပက်သက်ပြီး အန်ဆယ်လော့တီက “အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဖိုင်နယ် အတွက် ပြင်ဆင်ရာမှာ ကျွန်တော်တို့ မှာလည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဖိုင်နယ်အတွက် အချိန်က သိပ်မရှိတော့ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဖိုင်နယ် အတွက် intensity လိုအပ်ပါတယ်။ ဒီအသင်းဟာ အရမ်းကို ကောင်းတဲ့ လက္ခဏာတွေကို ပြသနေတဲ့ အပြင် ကွင်းထဲမှာလည်း အရမ်းကောင်းအောင် လုပ်ပြနေပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM