ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်စီးတီးတို့ ထွက်ခွာခဲ့ရမှုကြောင့် လီဗာပူးတို့ အကျိုးရှိလာနိုင်တဲ့ အရာ ၂ ခုကို ပြောပြသွားခဲ့တဲ့ ကာရေဂါ

ဂျေမီကာရေဂါက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ရီးရဲယ်မက်ဒရစ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ကာ မန်ချက်စတာစီးတီးတို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှုဟာ ပရီးမီးယားလိဂ် title race ရဲ့ နောက်ဆုံး ခရီးလမ်းမှာ လီဗာပူးကို နည်းလမ်း ၂ မျိုးနဲ့ အကျိုးရှိစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့က ဘာနေဗျူးမှာ မန်စီးတီးကို ၃-၁ နဲ့ အနိုင်ယူကာ နှစ်ကျော့ပေါင်း ၆-၅ နဲ့ အနိုင်ရရှိခဲ့ပြီး ပဲရစ်မှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ် ဖိုင်နယ် တစ်နေရာစာကို ရယူသွားခဲ့ပါတယ်။

ရိုဒရီဂိုဟာ နာကျင်အချိန်ပိုမှာ ၂ ဂိုး သွင်းယူပေးခဲ့ပြီး ကာရင်ဘန်ဇီးမားက အချိန်ပိုမှာ ပင်နယ်တီ ကနေ ဂိုးသွင်းယူခဲ့တာကြောင့် မက်ဒရစ်တို့ ဖိုင်နယ်ကို တက်သွားခဲ့တာ ဖြစ်ပါတယ်။ ကာရေဂါက လီဗာပူး အတွက် မက်ဒရစ်ဟာ မန်စီးတီးထက်စာရင် ဖိုင်နယ်မှာ လီဗာပူးအတွက် ပိုမို လွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပြီး လီဗာပူးဟာ ချန်ပီယံလိဂ်ဖလားကို ၇ ကြိမ်မြောက် ဆွတ်ခူးနိုင်ရန် ရေပန်းစားတယ်လို့ ပြောသွားပါတယ်။

ဒါပေမယ့် လီဗာပူး နောက်ခံလူဟောင်းက မန်စီးတီးရဲ့ ဒီရှုံးပွဲဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ ကြိုးပမ်းနေတဲ့ လီဗာပူး အတွက် အကူအညီ ဖြစ်စေနိုင်တယ်လို့လည်း ယုံကြည်နေပါတယ်။

ကာရေဂါက “မန်စီးတီးတို့ ချန်ပီယံလ်ိဂ် ကနေ ထွက်ခွာခဲ့ရမှုဟာ လီဗာပူးကို နည်းလမ်း ၂ မျိုးနဲ့ အကူအညီ ဖြစ်စေပါတယ်။ စိတ်ဓာတ်ပိုင်း အရ ဒီရှုံးပွဲဟာ မန်ချက်စတာစီးတီး အတွက် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံး လုပ်နိုင်လ်ိမ့်မယ်လို့ လူတွေ မျှော်လင့်ထားခဲ့ကြတဲ့ ဘယ်အသင်းကြီးမဆို ဒါမှမဟုတ် ဖိုင်နယ်ကို တက်ရောက်နိုင်ရန် မိနစ်ပိုင်းသာ လိုတော့တဲ့ အခြေအနေထိ ရောက်ခဲ့တဲ့ မန်ချက်စတာစီးတီး အနေနဲ့ အတော်လေး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိသွားမှာပါ။

စိတ်ဓာတ်ပိုင်းအရ ဒီ weekend မှာ ကစားရမယ့် ပွဲဟာ သူတို့အတွက် တအားကို ခက်ခဲမှာပါ။ ဒါပေမယ့် သူတို့ နယူးကာဆယ်ကို အနိုင်ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူး အတွက် ကတော့ အကျိုး ရှိမယ့် အရာ ၂ ခု ရှိပါတယ်။ သူတို့ မန်စီးတီးနဲ့ ဖိုင်နယ်မှာ မကစားရတော့တဲ့ အတွက် ဒါဟာ အားလုံးကို အတော်လေး စိတ်သက်သာရာ ရစေခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ရီးရဲယ်မက်ဒရစ်ထက် ပိုကောင်းတဲ့ အသင်းပါ။ ဒါပေမယ့် ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်သွားခဲ့တဲ့ အသင်း အနေနဲ့ ရီးရဲယ်မက်ဒရစ်လို အခြား နိုင်ငံက ကလပ်ကို ရှုံးတာထက်စာရင် ပြည်တွင်းပြိုင်ဘက်ကို ရှုံးတာက အများကြီး ပိုဆိုးလိမ့်မယ်ဆိုတဲ့ ခံစားချက် ရှိနေပါတယ်။ ပြီးတော့ လီဗာပူးအတွက် ပရီးမီးယားလိဂ်ဖလားကို မဖြစ်မနေ ဆွတ်ခူးဖို့ လိုအပ်တယ် ဆိုတဲ့ ဖိအားက သိပ်မရှိတော့ပါဘူး။ အကယ်၍ စီးတီးတို့ လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင်လည်း လီဗာပူးဟာ ချန်ပီယံလိဂ်မှာ အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။

ဒီဖလားကိုတော့ မဖြစ်မနေ ဆွတ်ခူးမှ ဖြစ်တော့မယ်ဆိုတဲ့ ဖိအားက ပိုပြီး ကြီးမားပါတယ်။ ကျွန်တော် ကတော့ လီဗာပူးတို့ ဖလား ၄ ခုစလုံး ရနိုင်တယ်လို့ ထင်ပါတယ်။ လီဗာပူးဟာ အက်ဖ်အေဖလား ဖိုင်နယ်မှာလည်း ရေပန်းစားပါတယ်။ သူတို့ဟာ ရီးရဲယ်မက်ဒရစ်နဲ့ ဖိုင်နယ်မှာလည်း ရေပန်းစားပါတယ်။ မန်စီးတီး ကတော့ လိဂ်ပြိုင်ပွဲမှာ အနည်းငယ်လေး ရေပန်းစားပါတယ်။ အကယ်၍ လီဗာပူးသာ ချန်ပီယံလိဂ် ဖိုင်နယ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်သွားရမယ် ဆိုရင် မန်ချက်စတာစီးတီးဟာ ဗိုလ်စွဲဖို့ အများကြီး ရေပန်းစားနေလ်ိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ပြောသွားပါတယ်။

SM