ကစားသမားသစ် ခေါ်ယူရေးနဲ့ ပတ်သက်လို့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဘာတွေ ပြောထားလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အေဂျက် နည်းပြ အဲရစ် တန်ဟတ်ကို နည်းပြသစ် အဖြစ် ခေါ်ယူ ရရှိခဲ့ပြီ ဖြစ်တဲ့ အတွက် ဒီနေ့ည ကစားရမယ့် ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ပွဲစဥ်ဟာ ယူနိုက်တက် နည်းပြ ရန်းဂနစ် ရဲ့ နောက််ဆုံးပွဲ ဖြစ်သွားဖို့ ရှိနေပါတယ် ။

အဲ့ဒီနောက်မှာတော့ ရဲ့လ်ဖ် ရန်းဂနစ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကြံပေး ပုဂ္ဂိုလ် အဖြစ် နှစ်နှစ် ဆက်လက် အလုပ်လုပ်သွားမှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် သူ့အနေနဲ့ ဒီရာထူးနဲ့ အတူ အသင်းကို ကစားသမား အင််အား ဖြည့်တင်းဖို့ ၊ တည်ဆောက်ဖို့ လုပ်ရပါဦးမယ် ။

ရန်းဂနစ်ဟာ ယခင်တုန်းကလည်း red bull အသင်းတွေ အတွက် ဒီရာထူး နဲ့ အလုပ်လုပ်ခဲ့သူ ဖြစ်ပြီး အဲ့ဒီတုန်းကလည်း အောင်မြင်တဲ့ ကစားသမား အင်အား ဖြည့်တင်းမှု ၊ အသင်းကို တည်ဆောက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါသေးတယ် ။

ရန်းဂနစ်ဟာ လက်ရှိ ယူနိုက်တက် နည်းပြ ဘဝမှာတော့ အသင်းကို 28 ပွဲ ကိုင်တွယ်ထားခဲ့ပြီး 11 ပွဲသာ အနိုင် ရရှိအောင် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အသင်းကို ဘယ်လို တည်ဆောက်ရမလဲဆိုတာတော့ သူ့ဆီမှာ ပလန် ရှိနေပုံပါပဲ ။

အခုတော့ ယူနိုက်တက် အသင်းဆီ အဲရစ် တန်ဟတ် ပူးပေါင််း နိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် ရှေ့ဆက်ပြီး သူတို့ နှစ်ဦးဟာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ ဆွေးနွေကြရပါတော့မယ် ။ ဒီအတွက် အသင်းရဲ့ ကစားသမား ခေါ်ယူရေး တည်ဆောက်ပုံကို ပြောင်းလဲရလိမ့်မယ်လို့ ရန်းဂနစ် က ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော့်ဖက်ကပြောရရင်တော့ ဒါဟာသေချာပေါက် ပြောင်းလဲရမယ့် ၊ ပြောင်းလဲဖြစ်လိမ့်မယ် အလုပ် တစ်ခုပဲ ဖြစ်ပါတယ် ။ ဒီအတွက် ကျွန်တော် ဘုတ်အဖွဲ့ဝင်တွေနဲ့လည်း စကားပြောထားသေးပြီး အပေါင်း လက္ခဏာဆောင််တဲ့ ၊ ပြောင်းလဲချင်ကြတဲ့ အဖြေမျိုး ရရှိခဲ့ပါတယ် ”

” ဒီနွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါလိမ့်မယ် ။ စာချုပ် သက်တမ်း ကုန်ဆုံးလို့ အသင်းကနေ ထွက်ခွာကြမယ့် ကစားသမားတွေပါ အတော်လေး ရှိနေခဲ့ကြတဲ့ အတွက်် ကစားသမားသစ် ခေါ်ယူနိုင်ဖို့ နေရာလွတ်တွေ ဖြစ်ပေါ်လာပါလိမ့်မယ် ”

” ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက်တုန်းကလည်း ကျွန်တော်တို့နဲ့ ဘုတ်အဖွဲ့ဝင်တွေက ကစားသမားသစ်တွေ မခေါ်ယူဖို့ပြောဆိုဆွေးနွေးခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ အခုတော့ အဲ့တာက ကျွန်တော်တို့တွေ အတွက်တော့ ခြားနားတဲ့ကိစ္စ တစ်ခု ဖြစ်သွားခဲ့ပါပြီ ”

” ဒီနွေမှာ ကစားသမားအသစ်တွေ ရောက်လာကြပါလိမ့်မယ် ။ ဒါကို ရွေးချယ်ဖို့ တန်ဟတ်မှာလည်း အခွင့်အရေး ရှိပါတယ် ။ သူနှစ်သက်တဲ့ ကစားသမားတွေကို ရွေးချယ်ခွင့် ပိုင်ဆိုင်ရပါလိမ့်မယ် ။ ဒါ့ကြောင့် ဒီနွေမှာ အပြောင််းအလဲတွေ သေချာပေါက် ဖြစ်လာမှာပါ ”

” နောက်ထပ် စျေးကွက် နှစ်ခုအတွင်း လူသစ်တွေ ရောက််လာဖို့ မျှော်လင့်မိပါတယ် ။ သေချာတာကတော့ အသင််းပိုင်ရှင်တွေ ၊ ဘုတ်အဖွဲ့ဝင်တွေ နဲ့ ပရိသတ်တွေဟာ အသင််းရဲ့ အဆင့်အတန်း ၊ အရည်အသွေးတွေကို မြှင့်တင်ဖို့ သေချာပေါက် ပူးပေါင်းရပါလိမ့်မယ် ” လို့ ရန်းဂနစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar