အဲရစ် တန်ဟတ်ကို နည်းပြသစ် ခန့်အပ်လိုက်တဲ့ အပေါ် ပထမဆုံး အကြိမ် မှတ်ချက်ပေးလိုက်တဲ့ ရန်းဂနစ် 

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အေဂျက်ဇ် အသင်းရဲ့ နည်းပြ အဲရစ် တန်ဟတ် ကို နည်းပြသစ််အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြု ကြေငြာသွားခဲ့ပါတယ် ။ တန်ဟတ်ဟာ လာမဲ့ ဇွန်လမှာ ယူနိုက်တက််ဆီ ပြောင်းလာမှာပဲ ဖြစ်ပါတယ် ။

 

အဲရစ် တန်ဟတ်ကို အခုလို ယူနိုက်တက် နည်းပြသစ် အဖြစ်် ခန့်အပ်ဖို့ အတွက် အားကစား ဒါရိုက်တာ ဖြစ်တဲ့ ဂျွန် မားတော့ဗ် ၊ နည်းစနစ် ဒါရိုက်တာ ဖြစ်တဲ့ ဒါးရင်း ဖလက်ချာ နဲ့ CEO ဖြစ်တဲ့ ရစ်ချက် အာနိုး တို့က ဦးဆောင်ပြီး လုပ််ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ရဲ့လ်ဖ် ရန်းဂနစ် ကတော့ အစထဲက ယူနိုက်တက် နည်းပြ အဖြစ် ရာသီကုန် အထိပဲ ရှိနေဖို့ သဘော တူညီမှု ရရှိထားခဲ့သလို နောက်ထပ် နှစ်နှစ် အထိ အကြံပေး ပုဂ္ဂိုလ် အဖြစ် ရှိနေဖို့ပါ လက်မှတ်ထိုးထားခဲ့ပါတယ် ။ အခုတော့ သူဟာ သူ့နေရာကို ဝင်ရောက်လာမယ့် တန်ဟတ် အပေါ် မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။

 

” ကျွန်တော်တို့ တစ်ဦးကို တစ်ဦး သိသူတွေ မဟုတ်ကြပါဘူး ။ ကျွန်တော်တို့ လူချင်းလည်း တစ်ခါမှ မတွေ့ခဲ့ဖူးကြသေးပါဘူး ။ ကျွန်တော် သူ့ကို စတင် သိခဲ့တာက ဘိုင်ယန် မြူးနစ် အသင်းရဲ့ U 23 နည်းပြ လုပ်ခဲ့စဥ်ကနဲ့ အခု အေဂျက်ဇ် အသင်းကို ကိုင်တွယ်နေစဥ်ပါပဲ ”

 

” ကျွန်တော်ကတော့ သူ့ရဲ့ ဘောလုံး ကစားကွက်ကို နှစ်ခြိုက််လှပါတယ် ။ ပြီးတော့ သူ ရာသီကြို ပွဲစဥ်တွေကနေ စတင်ပြီး အသင်းကို ကိုင်တွယ်ခွင့် ရမယ် ဆိုတဲ့ အပေါ်လည်း သဘောတွေ့မိပါတယ် ။ ဒီလိုသာဆို သူဟာ ကိုယ််ပိုင် အတွေးတွေ အကောင်အထည် ဖော်နိုင်မှာပါ ”

 

” သူဟာ ကိုယ်ပိုင် အသင်း ၊ ကိုယ်ပိုင် ဝန်ထမ်း တွေကို ပုံသွင်းခွင့် ပိုင်ဆိုင်ရပါတော့မယ် ။ အသင်းသစ် တစ်ခုကို တည်ဆောက်ခွင့်ရမှာပါ ။ သေချာပါတယ် ၊ ကျွန်တော်တို့ အသင်းသစ် တစ်သင်းကို မြင်ရပါလိမ့်မယ် ”

” ရာသီကြို ပွဲစဥ်တွေကို အပြည့်အဝ လုပ်ဆောင်ခွင့်ရရှိမှုနဲ့ အတူ ကျွန်တော်တို့ဟာ လုံးဝ ခြားနားတဲ့ အသင်းတစ်သင်းကို မြင်တွေ့ရပါလိမ့်မယ် ။ ကွင်းထဲမှာလည်း တိုးတက််မှုတွေကို မြင်တွေ့ရပါလိမ့်မယ် ”

 

” အစထဲက အဲရစ်က ဘုတ်အဖွဲ့ဝင်တွေ အတွက် နည်းပြသစ် အဖြစ် ခန့်အပ်လိုတဲ့ ဆန်ခါတင် စာရင်းထဲ ပါဝင်သူ ဆိုတာကို ကျွန်တော် သိခဲ့ပါတယ် ။ ကျွန်တော်ကလည်း လူတွေဆီက သိခဲ့တာတွေ သူ့အနားက လူတွေဆီမှ ကြားခဲ့တာတွေကို အခြေခံပြီး ကောင်းမွန်တဲ့ ရွေးချယ်မှုပဲလို့ ထင်မြင်ချက် ပေးခဲ့ပါသေးတယ် ”

” သူဟာ သေချာပေါက် အရမ်းကောင်းတဲ့ ရွေးချယ်မှု ဖြစ််လိမ့်မယ်လို့ ကျွန်တော်ယုံကြည်နေဆဲပါပဲ ။ ဒါကလွဲရင် အခြား အကြောင်းအရာတွေ ပြောဖို့ ကျွန်တော်တို့မှာ အချိန််မလောက်ဘူးလေ ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar