အဲဗာတန် နဲ့ ရှုံးပွဲကို ‘ ကျက်သရေမရှိခြင်း ‘ လို့ ခေါင်းစဥ်တပ် ပေါက်ကွဲလိုက်ပြီး ဝန်ခံမှုတစ်ခု ပြုလုပ်လိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စနေနေ့ညရဲ့ အစောဆုံး ပွဲစဥ်အဖြစ် ဂွတ်ဒီဆင် ပါ့ခ် ကွင်းထဲမှာ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ်နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ကာ အမှတ်ပေး ဇယား အဆင့် 7 နေရာကို ဆင်းပေးခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာတော့ အဲဗာတန် အသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကို ကွင်းလယ်လူ ဂေါ်ဒွန် က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပေးဂိုးမှာတော့ အဝေးကန်ချက်ဟာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွားယားနဲ့ ထိခဲ့ပြီး လမ််းကြောင်းပြောင်းလဲကာ ဂိုးဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီနိုင်ပွဲဟာ တန်းဆင်းဇုန်အနား ရောက်နေခဲ့တဲ့ အဲဗာတန် အသင်းအတွက် အဖိုးတန်လွန်းတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပေမဲ့ မန်ချက််စတာ ယူနိုက်တက် အသင်း အတွက်တော့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ အလှမ်းဝေးကာ ယူရို ပါလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့တောင် ရုန်းကန်ရတော့မယ့် အနေအထားကို ဖြစ်ပေါ်သွားစေခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ ဟာ အလုပ် သိပ်မများပါဘူး ။ သူဟာ ရစ်ချာလီဆင် ရဲ့ ကန်ချက် တစ်ကြိမ်လောက်ပဲ ကြိုးကြိုးစားစား ကာကွယ်ခဲ့ရပါတယ် ။ အခုတော့ ပွဲစဥ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ဒီဂီယာက အခုလို ရှုံးပွဲကြုံတွေ့ခဲ့ခြင်းအပေါ် ကျက်သရေမဲ့ခြင်းလို့ ခေါင်းစဥ်တပ် ပေါက်ကွဲခဲ့လိုက်ပါတယ် ။

” ဒါဟာ ကျွန်တော်တို့ ကျက်သရေမဲ့ခဲ့ခြင်းပါပဲ ။ ဒီပွဲကို ကျွန်တော်တို့ နိုင်ခဲ့သင့်ပါတယ် ။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး ။ ကျွန်တော်တို့ဟာ ဂိုးသွင်းနိုင်လောက်တဲ့အထိလည်း အခွင့်အရေးကောင်းတွေ လုံလောက်စွာ မဖန််တီးနိုင်ခဲ့ကြပါဘူး ။ ကျွန်တော်တို့ လုံလောက်စွာ မကောင််ခဲ့ကြပါဘူး ။ ဒါ သေချာပါတယ် ”

” ဒါဟာ ထိပ်သီး လေးသင်း စာရင်းထဲ ဝင်နိုင်ဖို့အတွက် အခက်အခဲ ဖြစ်သွားစေခဲ့ပါပြီ ။ သူတို့ ဗုဒ္ဓဟူးနေက ပွဲစဥ် တစ်ပွဲ ကစားခဲ့ရပြီး ဒီနေ့ မောပမ်းပုံပေါ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ သူတို့ဆီမှာ ကျွန်တော်တို့ထက် နိုင်လိုစိတ် ပိုများခဲ့ပါတယ် ။ ဒါဟာ လက်ခံစရာ မရှိပါဘူး ။ အရမ်းပဲ ဝမ်းနည််းမိပါတယ် ” လို့ ဒီဂီယာ က ပြောခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် ဘာဆက်ပြောရမလဲ မသိတော့ကြောင်း ၊ အဲဗာတန် အသင်းဟာ ရုန်းကန်နေခဲ့ရတာကို သူတို့တွေ သိခဲ့ကြောင်း ၊ ဒါပေမဲ့ အဲ့ဗာတန် ဟာ သူတို့တွေထက် တိုက်ပွဲဝင််လိုစိတ် ၊ အနိုင်ယူလိုစိတ် အပြည့်ရှိခဲ့ကြောင်း ဒီဂီယာ က ဝန်ခံသွားခဲ့လိုက် ပါတယ် ။

” ရိုးရိုးသားသား ပြောရရင် ဘာဆက်ပြောရမလဲဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူး ။ ဒီနေ့ပွဲ မတိုင်မီကတည််းက သူတို့တွေဟာ ရုန်းကန်နေခဲ့ရတယ် ၊ သူတို့အတွက် ရှေ့ဆက်ရ ခက်ခဲနေမယ်ဆိုတာတွေကို ကျွန်တော်တို့တွေ ကြိုတင် သိခဲ့ကြပါတယ် ”

” ဒါက ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ခု မဖြစ်ခဲ့ပါဘူး ။ ဒီနေ့ သူတို့တွေ မောပမ်းနေခဲ့ကြတယ် ၊ စိတ်လှုပ်ရှားနေခဲ့ကြတယ်ဆိုတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ် ။ ဒါပေမဲ့ သူတို့ ဆက်လက် တိုက်ပွဲဝင်ပြီး နိုင်လိုစိတ် ပိုရှိခဲ့ကြပါတယ်် ။ ဒါဟာ လက်သင့်ခံစရာ မရှိပါဘူး ” လို့ ဒီဂီယာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar