အာဆင်နယ် vs မန်ယူနိုက်တက် ၊ မာဆေးဆိုက်ဒါဘီ ပွဲစဉ်တွေ ပါ၀င်နေတဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခန့်မှန်းလိုက်တဲ့ မိုက်ကယ်အို၀င်

 

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ် နဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ top 4 တိုက်ပွဲအပြင် မာဆေးဆိုက်ဒါဘီ ပွဲစဉ်ကလည်း ရှိနေပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်ဟာ ဒီတစ်ပတ် PL ပွဲစဉ်တွေ အတွက် သူ့ရဲ့ သုံးသပ်ချက်ကို ချပြသွားခဲ့ပါတယ်။

 

၁~အာဆင်နယ် Vs မန်ယူနိုက်တက်

ဒါဟာ စ်ိတ်၀င်စားစရာကောင်းမယ့် ပွဲစဉ်ပါ။ အာဆင်နယ်ဆီကနေ ဘယ်လို မျှော်လင့်ရမလဲဆိုတာ ပြောဖို့ ခက်ခဲပါတယ်။ သူတို့ဟာ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ကြားရက်က စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးကိုတော့ နိုင်ခဲ့ပါတယ်။

သူတို့ ဒီလို ခြေစွမ်းကို ထပ်ပြနိုင်မလားဆိုတာ ကျွန်တော် သိချင်မိပါတယ်။ သူတို့ဟာ ဂိုးရှေ့မှာ ရုန်းကန်နေရပြီး အန်ကီတီယာ အနေနဲ့ သူ့ရဲ့ အခွင့်အရေးကို အသုံးချနိုင်ခဲ့တာကို မြင်ရတာ ကောင်းပါတယ်။

 

ယူနိုက်တက်ဟာ အန်ဖီးမှာ အနိမ့်ဆုံး အခြေအနေကို ရောက်ခဲ့ပါတယ်။ ဒီတစ်ပတ်ရဲ့ တစ်ခုတည်းသော သတင်းကောင်းကတော့ အဲရစ်တန်းဟတ်ကို ခန့်အပ်နိုင်ခဲ့တာပါပဲ။ ဒါဟာ ကလပ်တစ်ခုလုံးကို စိတ်ဓာတ်တော့ တက်စေနိုင်ပါတယ်။

ဒါပေမယ့်လည်း သူဟာ နွေရာသီမှာ စတင်ကိုင်တွယ်မှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်တို့ ဒီပွဲမှာ ပြီးခဲ့တဲ့ပွဲကလောက် ဆိုးမယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ကျွန်တော်ကတော့ ဒီပွဲဟာ သရေပွဲလို့ ပြောချင်ပါတယ်။

 

ခန့်မှန်းချက် : အာဆင်နယ် ၁-၁ မန်ယူနိုက်တက်

၂~မန်စီးတီး vs ၀က်ဖို့ဒ်

ကြားရက်က မန်စီးတီးဟာ ဘရိုက်တန်ကို သက်တောင့်သက်သာ နိုင်ခဲ့ပါတယ်။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ အပတ်တွေက အဝေးကွင်းမှာ ဘယ်လောက်ကောင်းကြောင်း ပြသခဲ့တာကြောင့် ဒါဟာ စီးတီးအတွက် ကောင်းမွန်တဲ့ နိုင်ပွဲပါ။ ခံစစ်ပိုင်းမှာ စီးတီးဟာ တအားကို တောင့်တင်းပြီး အခွင့်အရေး သိပ်ပြီး မပေးရသလောက်ပါပဲ။

 

၀က်ဖို့ဒ်အတွက် ဘရန့်ဖို့ဒ်ကို နောက်ဆုံးမိနစ်မှာ ရှုံးနိမ့်ခဲ့ခြင်းဟာ နာကျင်စေမှာပါ။ သူတို့ဟာ အဲဒီပွဲကနေ တစ်စုံတစ်ရာ လိုအပ်ခဲ့ပေမယ့်လည်း ဒီအချိန်မှာ သူတို့ ဒီလိဂ်မှာ ဆက်ရှိနေမယ်လို့ မြင်ရတာ ခက်ခဲပါတယ်။ ကျွန်တော်ကတော့ အီတီဟတ်မှာ စီးတီးရဲ့ သက်တောင့်သက်သာ နိုင်ပွဲကိုသာ မြင်မိပါတယ်။

 

ခန့်မှန်းချက် : မန်စီးတီး ၃-၀ ၀က်ဖို့ဒ်

 

၃~ဘရန့်ဖို့ဒ် vs တော့တင်ဟမ်

ဘရန့်ဖို့ဒ်ဟာ ပုံစံကောင်းရနေတဲ့ အသင်းဖြစ်ပြီး သူတို့ရဲ့ ဒုတိယမြောက် ရာသီကိုတော့ ကျွန်တော် ကြိုတင် ပူပန်နေမိပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီရာသီမှာတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားပါပြီ။ သောမတ်ဖရန့်ဟာ managers of the season တစ်ဦး ဖြစ်ရမှာပါ။

ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကို စပါးတို့ ရှုံးနိမ့်ခဲ့မှုဟာ တကယ့်ကို အံ့အားသင့်စရာပါပဲ။ သူတို့ဟာ ဂိုးတွေ တောက်လျှောက် သွင်းနေခဲ့တဲ့ အသင်းဖြစ်ပြီး ဒီ form ကို ဒီပွဲမှာ ပြန်ရဖို့ လိုအပ်မှာပါ။ ဒါဟာ ပွဲကောင်းတစ်ပွဲ ဖြစ်နိုင်ပြီး အရမ်းကောင်းတဲ့ atmosphere ကို ကျွန်တော် မျှော်လင့်နေပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ form ဟာ တအားကောင်းနေတာကြောင့် စပါးကို အိမ်ကွင်းမှာ စိတ်ပျက်လက်ပျက် ဖြစ်အောင် လုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော် ကတော့ သရေပွဲလို့ပဲ ခန့်မှန်းပါတယ်။

 

ခန့်မှန်းချက် : ဘရန့်ဖို့ဒ် ၁-၁ တော့တင်ဟမ်

 

၄~ချဲလ်ဆီး vs ၀က်ဟမ်း

ချဲလ်ဆီးတို့ အာဆင်နယ်ကို ၄ ဂိုးပေးပြီး ရှုံးနိမ့်ခဲ့တာဟာ တကယ့်ကို အံ့အားသင့်စရာပါ။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ အပတ်တွေက အကောင်းဆုံး ကစားနေခဲ့တာ ဖြစ်ပြီး တူချယ်အနေနဲ့ သူ့အသင်းဆီက အရမ်းကောင်းတဲ့ တုန့်ပြန်မှုကို မျှော်လင့်နေမှာပါ။

၀က်ဟမ်းဟာ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းမတည်မငြိမ် ဖြစ်နေပါတယ်။ သူတို့ဟာ လာမည့်အပတ် ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် အရေးကြီးပွဲမတိုင်မီ ကောင်းမွန်တဲ့ performance ကို ပြသနေမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ၀က်ဟမ်းတို့ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် ချဲလ်ဆီးပဲ နိုင်သွားမှာပါ။

 

ခန့်မှန်းချက် : ၀က်ဟမ်း ၁-၂ ချဲလ်ဆီး

၅~လီဗာပူး vs အဲဗာတန်

လီဗာပူးဟာ အင်္ဂါနေ့က ယူနိုက်တက်နဲ့ပွဲမှာ တအားကို ကောင်းခဲ့ပါတယ်။ သူတို့ရဲ့ ကစားဟန်ဟာ တကယ့်ကို စူပါဖြစ်ပြီး အထူးသဖြင့် ဒုတိယဂိုးကို အကြိုက်ဆုံးပါပဲ။

တီယာဂို အကြောင်းကိုတော့ ကျွန်တော် ပြောသွားရမှာပါ။ သူဟာ ပြီးခဲ့တဲ့အပတ်က စီးတီးနဲ့ပွဲမှာ ကောင်းခဲ့ပေမယ့် အင်္ဂါနေ့က သူ့ရဲ့ performance ကတော့ တကယ့်ကို ကြည့်ကောင်းလှပါတယ်။

 

အဲဗာတန် ကတော့ ပုံစံကောင်း မပြနိုင်ခဲ့ပေမယ့် လက်စတာဆီကနေ တစ်မှတ်ရခဲ့ပါတယ်။ သူတို့ဟာ တက်နိုင်သမျှ ရမှတ်တွေ စုဆောင်းသွားဖို့ လိုအပ်နေပြီး နောက်ဆုံး ၂ ပွဲမှာ ၄ မှတ် ရထားခဲ့ပါတယ်။

ဒီပွဲမှာတော့ အဲဗာတန်တို့ တစ်စုံတစ်ရာ ရနိုင်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ လီဗာပူးဟာ အကောင်းဆုံး ကစားနေပြီး တအားကို အာရုံစိုက်နေပါတယ်။ ဒါဘီဖြစ်နေပေမယ့်လည်း လီဗာပူးတို့ လွယ်ကူစွာနဲ့ပဲ နိုင်သွားမှာပါ။

 

ခန့်မှန်းချက် : လီဗာပူး ၄-၁ အဲဗာတန်

အခြားပွဲစဉ်တွေ အတွက် ခန့်မှန်းချက်များ

လက်စတာ ၁-၂ အက်စတွန်ဗီလာ

နော့ဝှစ် ၀-၁ နယူးကာဆယ်

ဘရိုက်တန် ၂-၁ ဆောက်သမ်တန်

ဘန်လေ ၁-၁ ဝုဖ်

ပဲလေ့စ် ၂-၀ လိဒ်

 

SM