အာဆင်နယ် အသင်း အနေနဲ့ ဇာဟာကို ဘာကြောင့် မခေါ်ယူသင့်သလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ပီတစ်

အခု ရက်သတ္တပတ်အတွင်းမှာ အာဆင်နယ် အသင်း ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ပေါလ်မာဆန် က ပေပေ နေရာအစားထိုးဖို့ရာ ခရစ္စတယ်ပဲလေစ့် တောင်ပံ ကစားသမား ဇာဟာ ကို ခေါ်ယူသင့်တယ်လို့ အကြံပေး ရေးသား ခဲ့ပါတယ် ။

ဂန်းနား ဂန္တဝင် ကွင်းလယ်လူ ပီတစ် ကတော့ ပေါလ်မာဆန် ရဲ့ အကြံပြုချက်ကို လက်မခံကြောင်း ဆိုလိုက်ပြီး ဇာဟာ ကိုသာ ခေါ်လိုက်ရင် မာတင်နယ်လီ ရဲ့ တိုးတက်မှုကို ထိခိုက် နိုင်တယ်လို့ သတိပေး စကား ဆိုသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဇာဟာ ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ဖူးပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်း မရတာကြောင့် လိုင်လီက နီကိုလပ်စ် ပေပေ ကိုပဲ စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့ပါတယ် ။

အာဆင်နယ် အသင်း နဲ့ အတူ ၁၉၉၈ ခုနှစ်မှာ ဖလား နှစ်လုံး ရယူ ခဲ့တဲ့ ပီတစ် က Genting Casino မှာ ” ဇာဟာ ကစားတာကို ကြည့်ရတာ ကျွန်တော် သဘောကျပါတယ် ၊ သူက အတော်လျင်မြန်တဲ့ ကစားသမားပါ ၊ ဇာဟာ က တစ်ခါတစ်လေမှာ ပြိုင်ဘက်ကို ဆွပြီး ကစားတတ်သူပါ ။ ”

” ဒါပေမယ့် အာဆင်နယ် နဲ့ ပွဲက သူ့ရဲ့တုန့်ပြန်မှုကို ကျွန်တော် တကယ် သဘောကျပါတယ် ၊ သူ့ရဲ့ခံစားချက်ကို ထိန်းချုပ် နိုင်ခဲ့ပါတယ် ၊ သူ ပြုံးနေခဲ့ပြီး ယုံကြည်မှု ရှိရှိ နဲ့ ကစားသွားခဲ့ပါတယ် ၊ ပွဲတိုင်းဒီလိုမျိုး ဖြစ်သင့် ကစားသင့်ပါတယ် ။ ”

” ဟုတ်ပါတယ် ၊ သူက အာဆင်နယ် အသင်းမှာ ကောင်းကောင်း အံဝင်နိုင်မယ့် ကစားသမား တစ်ဦးပါ ၊ ဒါပေမယ့် ကျွန်တော် မေးချင်တာ တစ်ခုက မာတင်နယ်လီ ကို ဘာဆက်လုပ်မလဲ ဆိုတာပါပဲ ၊ မာတင်နယ်လီ က ဒဏ်ရာကနေ သက်သာလာပြီး နောက်ပိုင်း အရမ်းကောင်းလာပါတယ် ။ ”

” သူက စမစ်ရို ၊ ဆာကာ တို့ တက်လှမ်းလာတဲ့ ပုံစံအတိုင်း တစ်တွေမသိမ်း လုပ်ထားနိုင်သူပါ ။ သူတို့က အာဆင်နယ် အသင်းရဲ့ မျိုးဆက်သစ် ကစားသမားတွေပါပဲ ၊ ဇာဟာ ကိုသာ ခေါ်လိုက်ရင် သူက ပုံမှန် ပွဲထွက် ကစားခွင့် ရပြီး မာတင်နယ်လီ က အရန်ရောက်သွားမှာပါ ။ ”

” ဒါကြောင့် ကျွန်တော်ကတော့ သူ့ကို သေချာပေါက် ခေါ်ရမယ်လို့ မပြောချင်ပါဘူး ၊ အာဆင်နယ် အသင်းရဲ့ လူစာရင်းမှာက နေရာလုဘက်တွေ လိုအပ်တာတော့ အမှန်ပါပဲ ၊ ဒါပေမယ့် ကစားသမားတွေ ခေါ်ခဲ့တဲ့ အခါမှာ အသင်းက လူငယ်တွေရဲ့ အလားအလာကိုလည်း ဂရုစိုက်ရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM