အဆင့် ၄ ရဖို့ စပါးက ပိုပြီး ရေပန်းစားပါတယ် #ပေါလ် မာဆွန်

အာဆင်နယ် က ရှိသင့်တဲ့ အနေအထားတော့ ရှိတဲ့ အသင်းမျိုးပါ။ လူငယ် ကစားသမားကောင်းတွေလဲ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည် က အတက်အကျတွေ ဖြစ်နေပါတယ်။

ဒီတစ်ပတ် ခြေစွမ်းက 9/10 အထိ ရှိပေမယ့် ၊ နောက်တစ်ပတ်ရောက်ရင် 4/10 လောက် ပြန်ဖြစ်သွားတာပါ။

၀က်ဖို့ဒ် ကို 3-2 နဲ့ နိုင်တဲ့ပွဲမှာ ၊ အနိုင်ရလာဒ် ကို မဖော်ဆောင် နိုင်ခဲ့ရင်လဲ ကျနော် က အံ့အားသင့်နေမှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာ လက်စတာ ကို 2-0 နဲ့ အနိုင် ကစားပြပေမယ့် ၊ ဒီလို ရလာဒ်မျိုး မရခဲ့ရင်လဲ အံ့အားသင့် နေစရာ မရှိပါဘူး။

ဒါဟာ လူငယ် အများစု နဲ့ ဖွဲ့စည်းထားတဲ့ အသင်းတွေမှာ ဖြစ်နေကြလေ။

ဘောလုံးပွဲ တစ်ပွဲမှာ ခြေစွမ်း မကောင်းရင်တောင် အနိုင် ကစားလို့ ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ တနင်္လာနေ့ ညတုန်းက ပဲလေ့ က အနိုင် ကစားသွားတာ ကျေနပ်စရာ ကောင်းတဲ့ စွမ်းဆောင်ရည်မျိုး မဟုတ်ပါဘူး။ ကျနော့် ကတော့ စပါး နဲ့ တွေ့မယ့် ပွဲမှာလဲ ကွန်တီဟာ အဲဒီ ပုံစံ အတိုင်း ခင်းကျင်းလာမယ်လို့ မျှော်လင့်ထားပါတယ်။ အာဆင်နယ် ကတော့ ဒါမျိုး လုပ်ပြနိုင်မှာ မဟုတ်ပါဘူး။

 

ပွဲတစ်ပွဲကို ရှုံးတာ လက်ခံပါတယ် ၊ဒါပေမယ့် ဒီလို ပုံစံတော့ မဖြစ်သင့်ဘူး။

ပဲလေ့ အိမ်ကွင်းဟာ ကစားရတာ ခက်တဲ့ နေရာ တစ်ခုပါ။ ဒါကို လျှော့တွက်ထားလို့ မရပါဘူး။ တကယ်လို့ အာဆင်နယ်သာ ပဲလေ့ကို အနိုင် ကစားပြမယ် ဆိုရင် အဆင့် 4 တိုက်ပွဲက ပြီးသွားပါပြီ။ သုံးမှတ်အသာ ဖြစ်သွား မှာ ဖြစ်သလို ၊ လက်ကျန် တစ်ပွဲ ကစားဖို့ ကျန်သေးတဲ့ အနေအထား က အရမ်းကို ကွာခြချက် ကြီးမားသွားနိုင်ပါတယ်။

အခုတော့ ရုတ်တရက်ကြီး အာဆင်နယ် ဟာ လက်ကျန်ပွဲ ရှိတာတောင် ဘာမှ ထိရောက်တော့မယ့် အခြေနေမျိုး ဖြစ်သွားပါတယ်။ ဘာလို့လဲ ဆိုတော့ စပါးကို အဝေးကွင်းမှာ သွားပြီး ကစားရမှာလေ။

လက်ကျန်ပွဲမှာ ဘယ်လို ရလာဒ်မျိုး ထွက်အောင် ကစားပါစေ အကြောင်းထူးတော့မှာ မဟုတ်ပါဘူး ဘာလို့လဲ ဆိုတော့ စပါး က အာဆင်နယ် ကို အနိုင် ကစားလိုက်တာနဲ့ အဆင့် 4 ကျော်တက်သွား နိုင်ပါတယ်။

စပါး ဟာ တနင်္ဂနွေ နေ့တုန်းက နယူးကာဆယ် ကို ပက်ပက်စက်စက် ချေမှုန်းပြသွားတာ ပြန်ကြည့်လို့ ရပါတယ်။ နယူးကာဆယ် ဆိုတာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး အသင်း မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ အပတ်အနည်းငယ်က ချဲဆီး နဲ့ နယူးကာဆယ် တို့ ကစားတဲ့ပွဲကို ကြည့်ဖြစ်ပါတယ်။ ဟားဗက် ၊ ဂျော်ဂင်ဟို တို့ရဲ့ စွမ်းဆောင်ရည်တွေ နဲ့ အနိုင်ရခဲ့ပေမယ့် ၊ အဲဒီနေ့က ချဲဆီး ဟာ ထင်သလို ဘာတစ်ခုမှ လုပ်မရခဲ့ပါဘူး။ ဒါပေမယ့် စပါး က‌ နယူးကာဆယ် ကို နောက်ကနေ လိုက် ကစားပြီး 5 ဂိုးတောင် သွင်းပြလိုက်တယ်လေ။

လောလောဆယ် မှာ စပါး က အဆင့် 4 နေရာ အတွက် ရေပန်း အစားဆုံးပါ။ ဟယ်ရီ ကိန်း က လက်ရှိ ခြေစွမ်းအတိုင်း ကစားနေမယ် ဆိုရင် သူတို့ကို အနိုင်ယူပြမယ့် အသင်း အများကြီး မမြင်မိပါဘူး။

သူဟာ မန်စီးတီး ကို နောက်ကောက်ချပြတဲ့ ပွဲမှာ ခြေစွမ်းပြခဲ့သလို ၊ ၀က်စ်ဟမ်း ၊ နယူးကာဆယ် တို့ကိုလဲ သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ အဓိက နေရာကနေ ပံ့ပိုးခဲ့ပါတယ်။

ကိန်း ကိုသာ စပါးကနေ ဖယ်ထုတ်လိုက်ရင် ကွန်တီ အတွက် အဆင့် 4 ဆိုတဲ့ မျှော်လင့်ချက်လဲ ရှိလာမှာ မဟုတ်ပါဘူး။ ဒါကို ရိုးရိုးလေး တွေးကြည့်ရင် ရပါတယ်။ ဘန်လေ နဲ့ ပွဲမှာ ‌သူခြေစွမ်း မပြနိုင်တော့ သူတို့ ရှုံးပါတယ်။

စပါး ဟာ တစ်ယောက်ကောင်း အပေါ်ကို တည်ဆောက်ထားတာပါ။ ဒီစကားကို လေးစားမှု မရှိပဲ ပြောတာ မဟုတ်ပါဘူး။

ခင်ဗျား တို့မှာ ဖာရာရီကာကြီး ပိုင်ဆိုင်ထားလဲ အင်ဂျင် မပါရင် ကားက အလုပ်လုပ်မှာ မဟုတ်ပါဘူး။ သူ က ပြီးပြည့်စုံတဲ့ ဘောလုံးသမား ဖြစ်လို့ ၊ ကမ္ဘာအကောင်းဆုံး တိုက်စစ်မှုး အဖြစ် ကျနော် က သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

ဒူးဒဏ်ရာ ရသွားတဲ့ တီယာနေး ဟာ အာဆင်နယ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါလိမ့်မယ်။ သူဟာ အာဆင်နယ် ကစားသမား စာရင်း ကနေ ဖယ်ထုတ်လို့ မရတဲ့ ကစားသမားတွေထဲက တစ်ယောက်ပါဘူး။ ပွဲတိုင်း နီးပါး Rating က 8/10 ရှိပါတယ်။

ပြီးတော့ အနိုင်ရလိုစိတ် ပြင်းပြသူလဲ ဖြစ်ပါတယ်။

* Sky Sports မှာ ပေါလ် မာဆွန် ရဲ့ သုံးသပ်ချက်

SM