အစဉ်အလာကို မဖောက်တဲ့ ဘာဆာ ၊ လီဗာပူးကို ရောက်တော့မယ့် ကြယ်ပွင့်လေး ၊ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းသစ် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ဘာစီလိုနာ ဟာ မနေ့ ညက ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ကို ကစားခဲ့ပြီး ဂျာမန် မြေပေါ်မှာ ဖရန့်ဖွတ် အသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့ ပါတယ် ။ အိမ်ရှင် ဖရန့်ဖွတ် က ဦးဆောင်ဂိုး သွင်းခဲ့တာ ဖြစ်ပြီး ဖာရန် တောရက်စ် က ဘာစီလိုနာ အတွက် ပြန်လည် ချေပ ပေးခဲ့တာပါ ။

ဘာစီလိုနာ ဟာ ယူရိုပါလိဂ် `ရှုဲံးထွက် အဆင့် ၃ ခု ( ၁၆ သင်းကြို ၊ ၁၆ သင်းဆင့် ၊ ကွာတား ) အထိ ကစားထား ခဲ့ပြီး ၃ ခုစလုံးမှာ ပထမ အကျော့တွေကို သရေ ရလဒ်ချည်း ထွက်ပေါ်အောင် ကစားသွားခဲ့ တာပဲ ဖြစ်ပါတယ် ။

အခြားသော ကွာတားပွဲတွေ လည်း သရေ ပွဲတွေ များခဲ့ပြီး ဝက်စ်ဟမ်း ဟာ လိုင်ယွန် ကို အိမ်ကွင်းမှာ ၁ ဂိုးစီ သရေ ကစားခဲ့ ပါတယ် ။ ဂျာမန် ကလပ် လိုက်ပ်ဇစ် နဲ့ အီတလီ ကလပ် အတ္တလန်တာ တို့ ပွဲဟာလည်း ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ပြီး ဘရာဂါ တသင်းသာ အိမ်ကွင်းမှာ ရိန်းဂျားစ် ကို ၁-၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

လက်စတာ စီးတီး အသင်းဟာ ရဟတ်ယာဉ် ပျက်ကျ ကွယ်လွန် သွားခဲ့တဲ့ အသင်းပိုင်ရှင်ဟောင်း ဗီချိုင်း ရဲ့ ရုပ်တု ကို ကင်းပါဝါ ကွင်းရှေ့မှာ ယမန်နေ့က ဂုဏ်ပြု သွန်းလုပ် ထားရှိ လိုက်တယ်လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဘင်ဖီကာ ရဲ့ ၂၂ နှစ် အရွယ် တိုက်စစ်မှူး ဒါဝင် နူနက်ဇ် ကို စောင့်ကြည့် နေပြီး ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ နေရာ အတွက် စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

ဂျေမီ ကာရေဂါ က တော့ အသစ်ရောက်လာမယ့် ယူနိုက်တက် နည်းပြ ( မည်သူဖြစ်စေ ) ကို ပေါ့ဘာ နဲ့ ရိုနယ်ဒို ကို ရောင်းထုတ် သွားဖို့ အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး ဟာ ဖူလ်ဟမ် ရဲ့ လူငယ် ကြယ်ပွင့်လေး ဖာဘီယို ကာဗယ်ဟို ကို ခေါ်ယူနိုင်ဖို့ နီးစပ် နေပြီလို့ သိရ ပါတယ် ။

လီဗာပူး ဟာ ဖူလ်ဟမ် ကို ကနဦး ခေါ်ယူခ အဖြစ် ယူရို ၅ သန်းပေးချေရနိုင်ကာ အပိုဆုကြေး အဖြစ် နောက်ထပ် ယူရို ၂.၇ သန်း ပေးချေဖို့ သဘောတူညီ ထားတယ်လို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ဖော်ပြ သွားခဲ့ ပါတယ် ။

ဖူလ်ဟမ် `ဟာ ကာဗယ်ဟို ကို လီဗာပူး က ရောင်းထုတ်ပါက ၂၀% အကျိုးခံစားခွင့်လည်း ရရှိဦးမှာ ဖြစ်ပါတယ် ။

PSG ဟာ တိုက်စစ်မှူးလေး ဘာပေ ကို တနှစ် လုပ်ခ ယူရို ၇၅ သန်း နဲ့ ၂ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ကို ကမ်းလှမ်း လိုက်တယ်လို့ ဘီဘီစီ ဂျာနယ်လစ် ဂီလီယမ် ဘလာဂေး က ဖော်ပြ သွားခဲ့ ပါတယ် ။

ဘရာဇီး ဘောလုံးအဖွဲ့ချုပ် ဟာ မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာ ကို စိတ်ဝင်စား နေပြီး လက်ရှိ လက်ရွေးစင် နည်းပြ တီတေး နဲ့ စာချုပ်ပြည့်မယ့် ၂၀၂၃ မှာ ကမ်းလှမ်းဖို့ စဉ်းစား နေတယ်လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

ဂွာဒီယိုလာ ကတော့ သူဟာ လက်ရွေးစင် အသင်း နည်းပြ ဖြစ်ဖို့ စိတ်မကူးသေးပါဘူးလို့ အဆိုပါ သတင်း နဲ့ ပတ်သက်တဲ့ မေးခွန်းကို ငြင်းဆန် သွားခဲ့ ပါတယ် ။

အေစီမီလန် အသင်းဟာ ရီးရဲ မက်ဒရစ် တောင်ပံ ကစားသမား မာကို အဆန်စီရို ကို လာမယ့် နွေရာသီမှာ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ကြားသိရ ပါတယ် ။

ဗီလာရီးရဲ ဟာ စပါး ကနေ အငှား ခေါ်ထားတဲ့ လိုကယ်ဆို ရဲ့ ခြေစွမ်းကို သဘောကျ နှစ်သက် နေပြီး စာချုပ် ထဲမှာ အပြီးသတ် ဝယ်ယူခွင့် မပါခဲ့တာကြောင့် လာမယ့် ရာသီ မှာ ဆက်လက် အငှားချဖို့ စပါး အသင်းနဲ့ ဆွေးနွေး နေတယ်လို့ သိရှိရ ပါတယ် ။

ဥရောပ ဘောလုံးအဖွဲ့ချုပ် ( UEFA ) ဟာ လာမယ့် ရာသီက စပြီး ကလပ် အသင်းတွေ လိုက်နာ ကျင့်သုံးရမယ့် ဘဏ္ဍာရေး စည်းမျဉ်းသစ် ကို ထုတ်ပြန်သွားခဲ့ ပါတယ် ။

ဒီစည်းမျဉ်း မှာ ကလပ်တွေဟာ ကစားသမားသစ် ဝယ်ယူတာ ၊ အေးဂျင့်ခ ပေးချေတာတွေ ကို ဝင်ငွေ ရဲ့ ၇၀% အထိသာ အသုံးပြုခွင့် ရရှိမှာ ဖြစ်ပြီး ဝင်ငွေ – ထွက်ငွေ အနှုတ်ပြမှု ပမာဏ ကိုတော့ ၃ နှစ်စာ ဘဏ္ဍာရေး ကာလ အတွင် ယခင် ပေါင် ၂၅ သန်း ကနေ ပေါင် သန်း ၅၀ အထိ တိုးမြှင့် ပေးလိုက်တယ်လို့ သိရှိရ ပါတယ် ။

နာမည်ကျော် UFC ဖိုက်တာကြီး ကော်နာ မက်ဂရီဂေါ် ဟာ သူ ထိုးသတ်နေတဲ့ ဝိတ်တန်း ကနေ ဝယ်သာဝိတ် တန်းကို ကူးပြောင်းပြီး ထိုးသတ်ဖို့ လုပ်ဆောင်နေပြီလို့ အတည်ပြု ထုတ်ပြန် သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR