ဟာလန်း ကို ကမ်းလှမ်းဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်း ပြောဆိုလိုက်တဲ့ ပိုဒေါစကီး

 

လာမယ့်ရာသီ အာဆင်နယ် အသင်းမှာ အာလင်ဟာလန်းကို မြင်တွေ့ရဖို့က ဖြစ်နိုင်ချေ နည်းပါးပေမယ့် ပိုဒေါစကီး ကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်အနေနဲ့ ဟာလန်း ကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ မျှော်လင့် နေပါတယ် ။

 

ဒေါ့မွန် အသင်း တိုက်စစ်မှူး ဟာလန်း ဟာ ဥရောပ အသင်းကြီးတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံနေရသူ ဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အသင်းဟာ ဟာလန်းကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

 

ဟာလန်း ရဲ့ နိုင်ငံ အသင်းဖော် အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူ မာတင် အိုဒီဂတ် ကတော့ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ကစားမယ်ဆို သူတို့ အသင်းဆီသာ လာခဲ့ဖို့ Stadium Astro နဲ့ အင်တာဗျူး မှာ ပြောကြား သွားခဲ့ပါတယ် ။

 

” သူသာ အင်္ဂလန်ကို လာမယ်ဆို ကျွန်တော်တို့ အာဆင်နယ် အသင်းဆီ လာရမှာပေါ့ဗျာ ။ ” လို့ ပြောကြား ခဲ့တာပါ ။ ပို​ဒေါစကီး ကတော့ အိုဒီဂတ် ရဲ့ ပြောစကားကို ထောက်ခံ ပြောကြား လိုက်ပြီး တိုက်စစ်မှူး လိုအပ်နေတဲ့ အာဆင်နယ် အသင်းဟာ ဟာလန်းကို လိုအပ်နေကြောင်း ဆိုပါတယ် ။

” ဟာလန်း က အားလုံး အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ကစားသမား တစ်ဦးပါ ၊ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ စာချုပ်ဖျက်သိမ်းကြေး ရှိနေတာကြောင့်ပါ ၊ အဲ့ဒီ စာချုပ် ဖျက်သိမ်းကြေးကို ပေးနိုင်တဲ့ အသင်းများများစားစား မရှိပါဘူး ။ ”

” ဟုတ်တာပေါ့ ၊ အင်္ဂလိဂ် အသင်းတွေကတော့ ပေးနိုင်ပါတယ် ၊ သူ(ဟာလန်း)သာ အာဆင်နယ် အသင်းဆီက ကမ်းလှမ်းမှုကို လက်ခံရရှိရင် ကျွန်တော် ဝမ်းသာ ပျော်ရွှင် မိမှာပါ ။ ”

 

” ပထမဦးဆုံး အနေနဲ့ အာဆင်နယ် အသင်းမှာ နံပါတ် ၉ ကစားသမား လိုအပ် နေပါတယ် ၊ ကျွန်တော်တို့မှာ နံပါတ် ၉ ကစားသမားကောင်းကောင်း မရှိပါဘူး ၊ သူ့ကိုသာ ခေါ်နိုင်ရင်ပရိသတ်တွေ အတွက်ရော အသင်းက လူတွေ အားလုံးအတွက်ရော ပိုမို ကောင်းမွန်သွားစေမှာပါ ။ ”

” အာဆင်နယ် အသင်းရဲ့ အဆင့်အတန်းကို နောက်တစ်ဆင့် ရောက်သွားစေနိုင်လိမ့်မယ်လို့လည်း ထင်ပါတယ် ၊ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ ၊ ဒေါ့မွန် အသင်းကို ကမ်းလှမ်းကြမယ့် အသင်းက အာဆင်နယ် အသင်း တစ်သင်းတည်း မဟုတ်တာဆိုတော့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM