လီဗာပူးမှာ တီယာဂိုရဲ့ တစ်ခုတည်းသော ပြသနာနဲ့ ကစားပုံကို နှေးကွေးစေတယ်လို့ ဝေဖန်ခဲ့မှုတွေ အပေါ် တုန့်ပြန်လိုက်တဲ့ ကလော့ 

 

ယာဂန်ကလော့က သူ့အနေနဲ့ တီယာဂိုအယ်ကန်တာရာ နဲ့ နာဘီကီတာ တို့ရဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေက form အပေါ် ကျေနပ်အားရမိတယ်လို့ ဆိုလိုက်ပါတယ်။ တီယာဂိုဟာ အန်ဖီးမှာ မန်ယူနိုက်တက်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်ကနေ အကောင်းဆုံး ခြေစွမ်းကို ပြသသွားခဲ့ပြီး နာဘီကီတာ ကလည်း အဲဒီမတိုင်မီ ၃ ရက်က မန်စီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ လီဗာပူး အတွက် ခြေစွမ်းပြ ကစားပေးခဲ့ပါတယ်။

ကစားသမား ၂ ဦးစလုံးဟာ ကလော့ရဲ့ ကွင်းလယ်ပိုင်း အလှည့်ကျ သုံးစွဲမှု စနစ်မှာ ကြံ့ခိုင်မှု အခြေအနေ အပေါ် မူတည်ကာ ကစားနေရသူတွေ ဖြစ်ပြီး ဖေဖော်ဝါရီလက ကာရာဘောင်ဖလားကို ဆွတ်ခူးထားခဲ့တဲ့ လီဗာပူးဟာ လက်ရှိအချိန်မှာ နောက်ဖလား ၃ လုံးကို ဆွတ်ခူးနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ အဲဗာတန်နဲ့ ကစားရမယ့် မာဆေးဆိုက်ဒါဘီ မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ကလော့က ဒီလို ကစားသမား ၂ ဦး သူ့ရဲ့ အသင်းမှာ ရှိနေတာကို ဘာကြောင့် တအား ကျေနပ်မိသလဲ ဆိုတာ ရှင်းပြခဲ့ပါတယ်။

 

တီယာဂိုရဲ့ နောက်ဆုံးပွဲစဉ်က performance နဲ့ ပက်သက်ပြီး မေးမြန်းရာမှာ ကလော့က “အမှန်ပါပဲ။ ဒါဟာ အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ ကစားသမား တစ်ဦးတည်း အကြောင်းကို ကွက်ပြီး မပြောချင်ပါဘူး။ ကစားသမားက ဒါနဲ့ မထိုက်တန်လို့ မဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော် ဒီလို ပြောလိုက်တဲ့ အခါတိုင်း ကစားသမားနဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ ဖြစ်တက်လို့ပါ။ ကျွန်တော် ဒီအခန်းကနေ ထွက်သွားခဲ့တဲ့ အခါ ‘တီယာဂို တစ်စုံတစ်ရာ ခံစားနေရတယ်’ ဆိုပြီး ပြောတာကို ကျွန်တော် ကြားရလေ့ ရှိလို့ပါ။ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းခဲ့ပါတယ်။ ဆက်လုပ်ကြတာပေါ့။”

 

ကီတာနဲ့ ပက်သက်ပြီး the boss က “ဒါကလည်း တူညီတဲ့ အခြေအနေပါပဲ။ သူနဲ့ပက်သက်ပြီးလည်း ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အပြင်ထွက်သွားခဲ့တဲ့ အခါ တစ်စုံတစ်ယောက် နာဘီ ကစားနိုင်မှာ မဟုတ်ဘူးလို့ လာပြောတာတွေ ရှိခဲ့လို့ပါ။

ဒါပေမယ့် နာဘီ ကြံ့ခိုင်မှုပြည့်ဝနေတဲ့အခါ ရစ်သမ် ရနေတဲ့ အခါ သူဟာ အမြဲတမ်း တအားကို ကောင်းခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ သူဟာ ဆန္ဒရှိသလောက် ရစ်သမ်မရခဲ့ပါဘူး။ အခုချိန်မှာတော့ ဒါဟာ ပြီးဆုံးသွားတာ ဖြစ်နိုင်ပါတယ်။ အဲဒီနောက် အနာဂတ်ဟာ သူ့အတွက် တောက်ပနေမှာပါ။ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား တစ်ဦးပါ။

 

နာဘီဟာ ဒီကို ရောက်လာတာ ၄ နှစ် ရှိနေပါပြီ။ သူဒီကို မရောက်ခင် တစ်နှစ်က နာဘီနဲ့ တီယာဂို တို့ဟာ ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နာဘီကို အရင်ခေါ်ပြီး နှစ်အနည်းငယ် အကြာမှာ တီယာဂိုကို ခေါ်ယူခဲ့ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အိုင်ဒီယာပါပဲ။”

 

တီယာဂိုဟာ ဒီရာသီမှာ လီဗာပူး အတွက် ပွဲပေါင်း ၃၀ ကစားထားခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ၂၀၂၀ က ဘိုင်ယန်မြူးနစ်ကနေ ပြောင်းလာခဲ့ပြီးနောက် လီဗာပူးမှာ တီယာဂိုရဲ့ ဒုတိယမြောက် ရာသီ ဖြစ်ပါတယ်။

တီယာဂို စရောက်လာခဲ့တုန်းက လီဗာပူး ကစားသမားဟောင်း တစ်ချို့ အပါအ၀င် pundit တွေက စပိန် လက်ရွေးစင်ဟာ လီဗာပူးရဲ့ ကစားပုံကို နှေးကွေးစေတဲ့သူလို့ ဝေဖန်ခဲ့ကြပါတယ်။

 

ဒါနဲ့ပက်သက်ပြီး ကလော့က “သူဟာ ကျွန်တော်တို့ရဲ့ ကစားဟန်နဲ့ ကိုက်ညီပမလားဆိုပြီး လူတွေ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်တာကတော့ ဒီလူတွေဟာ ဆုံးဖြတ်ချက်ချတဲ့သူတွေ မဟုတ်လို့ပါပဲ။ အကယ်၍ ကစားသမား တစ်ဦးဟာ ပွဲရှိန်ကို ချလိုက်တယ် ဆိုတာ အကြောင်းရင်းတွေ အများကြီး ရှိနေလို့ ဖြစ်ပါတယ်။ ဒီထဲက တစ်ခုကတော့ ပွဲရဲ့ အနေအထားကို ကြည့်ဖို့ပါ။ ကျွန်တော်တို့ ဒါတွေကို မတွေးခဲ့ပါဘူး။

 

အရေးကြီးတာက တီယာဂိုဟာ ဒီအသင်းကို ပြောင်းလာချင်ခဲ့ပြီး သူဟာ ကျွန်တော်တို့ ဘယ်လို ကစားလဲဆိုတာ သိနေပါတယ်။ သူဟာ ဘောလုံးကို တကယ့်ကို အရူးအမူး ဖြစ်တဲ့သူပါ။ သူဟာ ဘောလုံးအကြောင်းကိုပဲ အမြဲတွေးသူ ဖြစ်ပြီး ကျွန်တော်တို့ ဘယ်လို ကစားလဲဆိုတာ သူသိနေပါတယ်။ သူဟာ ဒီအသင်းမှာ အံ၀င်မယ်ဆိုတာ သူသိပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သိနေပါတယ်။

သူ့နဲ့ပက်သက်ပြီး အရေးကြီးတာကတော့ ကြံ့ခိုင်မှုပြည့်ဝနေဖို့နဲ့ ကစားပုံ အနည်းငယ် ခြားနားမှုအပေါ် အသားကျဖို့ပါ။ အသင်းပြောင်းရွေ့တဲ့အခါတိုင်း ဒါတွေကတော့ အမြဲ ရှိပါတယ်။ အဲဒီကနေ စတင်ရတာပါပဲ။ တီယာဂိုမှာ ပြသနာ တစ်ခုပဲ ရှိခဲ့ပါတယ်။ သူ ဒဏ်ရာရနေခဲ့တာပါ။

ဒါဟာ အဲဗာတန်နဲ့ပွဲက စတင်ခဲ့တာပါ။ ဒါဟာ အကူအညီ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ လီဗာပူးရဲ့ ကစားဟန်နဲ့ ကိုက်ညီပမလားဆိုတဲ့ မေးခွန်းထုတ်မှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ သူဟာ ကျွန်တော်တို့ကို ကူညီနိုင်မယ်ဆိုတာ သိနေတာကြောင့် ကျွန်တော်တို့ သူ့ကို ခေါ်ယူခဲ့တာပါ။” လို့ ဆိုလိုက်ပါတယ်။

 

SM