လီဗာပူးနဲ့ ပွဲစဥ်မတိုင်မီ မန်ချက်စတာ ယူနိုက်တက် အသင််းကို မညှာစတမ်း သတိပေးလိုက်တဲ့ အိုဝင် ဟားဂရေ့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်ခဲ့တဲ့ အိုဝင် ဟားဂရေ့ဗ် က သူ့ရဲ့ အသင်းဟောင်းဟာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို ရင်ဆိုင်ဖို့ အတွက်် ကြောက်ရွံ့နေလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး အသင်း တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက 3 – 2 ဆိုတဲ့ ရလဒ် တွေနဲ့ အနိုင်ယူ ခဲ့တဲ့နောက် ဒီနေ့ည မှာတော့ အန်ဖီးလ် ကွင်းထဲ ထိပ်တိုက်် တွေ့ဆုံကြဖို့ ရှိနေပါတယ် ။ ယူနိုက်တက် တို့ဟာ စနေတုန်းက နောဝှစ်ချ် ကို နိုင်ခဲ့ပြီး လီဗာပူး ကတော့ မန်စီးတီးကို နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ နိုင်ပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ဟာ ပြန်လည် အသက်ဝင်လာခဲ့ပြီး လီဗာပူး အသင်းကတော့ FA ဖလား ပြိုင််ပွဲရဲ့ ဖိုင်နယ် အဆင့်ကိုပါ တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ၊ လက်ရှိအချိန်မှာ အဆိုပါ အသင်း နှစ်သင်းကြား ခြားနားချက်တွေဟာ အရမ်းကို ကြီးမားနေခဲ့ပါပြီ ။ ဒါ့ကြောင့်လည်း ဘောလုံး ပရိသတ်တွေနဲ့ သတင််း သုံးသပ်သူတွေက ဒီပွဲမှာ လီဗာပူး အသင်းကပဲ အနိုင်ယူပြီး မန်စီးတီးကို ဖိအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့ကြပါတယ် ။

အခုတော့ ယူနိုက်တက် ကွင်းလယ်လူဟောင်း ဖြစ်တဲ့ အိုဝင် ဟားဂရေ့ဗ် ဟာလည်း အသင်းတိုင်းဟာ လီဗာပူး အသင််း နဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ ကြောက်ရွံ့နေတတ်ကြောင်း ၊ လီဗာပူး အသင်းဟာ ဘယ်လိုအသင်းမျိုးကိုမဆို ဖိအားပေး ကစားနိုင်စွမ်းရှိကြောင်း သတိပေး စကား ပြောခဲ့လိုက််ပါတယ် ။

” အသင်းတိုင်းက လီဗာပူး နဲ့ ရင်ဆိုင် ကစားဖို့ ကြောက််ရွံ့နေကြ ပါတယ် ။ ကျွန်တော်တို့ မြင်ခဲ့ဖူးသမျှတွေထဲမှာ အကောင်းဆုံး ဖြစ်နေခဲ့တဲ့ မန်စီးတီး အသင်းတောင် ပါဝင််ပါတယ် ။ သူတို့လည်း လီဗာပူး အသင်းကို ယှဥ်ကစားဖို့ အခက်တွေ့ခဲ့ကြပါတယ် ”

” သူတို့ဟာ ဘယ်အသင်းနဲ့မဆို သူတင်ကိုယ်တင် ကစားနိုင်ကြ ပါတယ် ။ သူတို့ရဲ့ ကစားသမားတိုင်းက ယှဥ်ပြိုင်နိုင်စွမ်း ရှိပါတယ် ။ သူတို့ရဲ့ နည်းစနစ် ကလည်း ​ကောင်းလှပါတယ် ။ သူတို့တွေက ဘယ်တော့မှ လက်မြှောက် အရှုံံးမပေးတတ်ကြပါဘူး ”

” သူတို့ရှုံးနိမ့်ခဲ့ကြတဲ့ ပွဲစဥ်တွေမှာတောင် သူတို့ရဲ့ ကစားပုံက ဘယ်တုန်းကမှ မညံ့ခဲ့ပါဘူး ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အန်ဖီးလ် ကွင်းထဲ လမ်းလျှောက်ရင်း ကြောက်ရွံ့မှုတွေကို ခံစားရပါလိမ့်မယ် ” လို့ ဟားဂရေ့ဗ် က မညှာစတမ်း ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar