လီဗာပူးစတားဟာ မန်ယူနိုက်တက် ဟီးရိုး ဒေးဗစ်ဘက်ခမ်းထက် ပိုမိုကောင်းမွန်တယ်လို့ ဆိုလိုက်တဲ့ ဂျိုကိုး

ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်သူ ဂျိုကိုးက လီဗာပူး စတား ထရန့်အလက်ဇန်းဒါးအာနိုးဟာ မန်ချက်စတာယူနိုက်တက် ဂန္တ၀င် ဒေးဗစ်ဘက်ခမ်းထက် ဘောလုံး ပေးပို့မှု နဲ့ crossing တွေမှာ ပိုမိုကောင်းမွန်တဲ့သူ ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်ဟောင်း ဖြစ်သူ ဂျိုကိုး နဲ့ ရီယိုဖာဒီနန် တို့ နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လစ္စဘွန်းမှာ ဘင်ဖီကာကို လီဗာပူးတို့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထရန့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး ချီးကျူးခဲ့ကြတာ ဖြစ်ပါတယ်။

အလက်ဇန်းဒါးအာနိုးဟာ လီဗာပူးတို့ ဘင်ဖီကာကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ အသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့သူ ဖြစ်ပြီး ၎င်းရဲ့ passing တွေဟာ ကိုး နဲ့ ဖာဒီနန် တို့ကို အံ့သြစေခဲ့ပါတယ်။ ဖာဒီနန်က အလက်ဇန်းဒါးအာနိုးရဲ့ ဘောလုံး ဖြန့်ဝေမှုတွေဟာ အံ့ဖွယ်ပဲလို့ ဆိုလိုက်ပြီး ဂျိုကိုး ကတော့ အင်္ဂလန် ညာနောက်ခံလူဟာ အိုးထရပ်ဖို့ဒ် ဂန္တ၀င် ဘက်ခမ်းထက်ပိုပြီး မြင့်မားတဲ့ level ကို ရောက်နေပြီလို့ ဆိုလိုက်ပါတယ်။

ဘက်ခမ်းဟာ မန်ယူနိုက်တက် နဲ့ အင်္ဂလန် တို့ရဲ့ အကြီးကြယ်ဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး သရဲနီတို့နဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် ၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ခမ်းဟာ စပိန်မှာလည်း အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ရီးရဲယ်မက်ဒရစ် ပီအက်ဂျီ နဲ့ အယ်အေဂလက်စီ တို့မှာ ကစားခဲ့သူ ဖြစ်ပါတယ်။

ဂျိုးကိုးက “ကြည့်လိုက်ပါ။ သူ့ရဲ့ ဖြတ်တင်ဘောတွေဟာ ပြောစရာ စကားလုံးတောင် မရှိပါဘူး။ ဒါဟာ ဘက်ခမ်းလိုမျိုးပါ။ ဒါပေမယ့် ထရန့်ဟာ တကယ်တော့ ဘက်ခမ်းထက် ပိုပြီး ကောင်းမွန်တဲ့ passer ဖြစ်တဲ့ အပြင် ဘက်ခမ်း ထက် ဖြတ်တင်ဘော ပေးပို့ရာမှာ ပိုကောင်းသူ ဖြစ်ပါတယ်။ ဒါဟာ ထရန့် ဘယ်လို ကစားသမားလဲ ဆိုတာ ပြောလိုက်တာ ပါပဲ။ ဘာလို့လဲဆိုတော့ ဘက်ခမ်းဟာ ကျွန်တော့်ရဲ့ မျိုးဆက်မှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့လို့ပါ။

အင်္ဂလန် နည်းပြ ဂါရက်ဆောက်ဂိတ် အတွက် ပြသနာ ကတော့ ကျွန်တော်တို့မှာ ရိစ်ဂျိမ်းလည်း ရှိနေလို့ ပါပဲ။ ဒီကစားသမား နှစ်ဦးထဲမှာ ဘယ်သူ့ကို ဖယ်ထုတ်သွားရမလဲ ဆိုတာ မရွေးတက်အောင် ပါပဲ။ သူတို့ဟာ ထူးချွန်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူ တွေပါ။ ဂါရက်ဆောက်ဂိတ် အနေနဲ့ ဒီကစားသမား ၂ ဦးကို တစ်သင်းတည်းမှာ တွဲဖက် ကစားနိုင်အောင် နည်းဗျူဟာ ချမှတ် နိုင်မလား?” လို့ ဆိုခဲ့ပါတယ်။

ဖာဒီနန်က “ထရန့်ဟာ passing လုပ်တဲ့ နေရာမှာ လက်ရှိ ကမ္ဘာပေါ်က ဘယ်သူ့ကို မဆို ယှဉ်နိုင်ပါတယ်။ ဒီမှတ်ချက်နဲ့ ပက်သက်ပြီး ဘာပြောပြော ကျွန်တော် ဂရုမစိုက်ပါဘူး။ မနေ့က သူ့ရဲ့ ဘောလုံးပေးပို့မှုတွေ ထဲက တစ်ခုကို ကျွန်တော် တွေ့လိုက်ရတဲ့ အချိန်မှာ အော်ဟစ်မိခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီလိုမျိုး ဖြစ်လေ့ မရှိပါဘူး။ သူ ဘောလုံးပေးပို့တဲ့ ပုံစံဟာ တကယ့်ကို out of order ပါပဲ။ တိကျရုံတင်မကပါဘူး။ အကွက်မြင်မှုလည်း ပါ၀င်ပါတယ်။” လို့ ချီးကျူး ခဲ့ပါတယ်။

လီဗာပူး အသင်းဖော် အလီဆွန် ကလည်း အလက်ဇန်းဒါးအာနိုး နဲ့ ပက်သက်ပြီး ယခုလို ချီးကျူးခဲ့ပါသေးတယ်။

“တစ်ခါတစ်ရံ သူ့နောက်ကျောမှာ မျက်လုံးတွေ ရှိနေတယ်လို့ ထင်ချင်စရာပါ။ သူဟာ ဘောလုံးကို ရတာနဲ့ ရှေ့က လူဆီကို ချက်ချင်း တိကျစွာ ပေးပို့နိုင်ပါတယ်။ ဘင်ဖီကာနဲ့ ပွဲမှာ ဒီယက်ကို ပေးပို့ခဲ့တဲ့ ထောင့်ဖြတ်ဘောဟာ တကယ့်ကို amazing ပါပဲ။ အဲဒီနောက် ဒီယက်ဟာ ဆာဒီယိုကို ခေါင်းတိုက်ချပေးခဲ့ပြီး ဒါဟာ တကယ့်ကို ကောင်းမွန်လှတဲ့ဂိုး ဖြစ်ပါတယ်။ ဒီအသင်းမှာ အားလုံး ဂိုးသွင်းနိုင်စွမ်း ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ အရာပါ။ ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားနေဖို့ လိုအပ်ပြီး လာမည့် ပွဲအတွက် အသင့် ဖြစ်နေအောင် ပြင်ဆင်သွားပါမယ်။” လို့ အလီဆွန်က ပြောခဲ့ပါတယ်။

SM