လီဗာပူးက လီဗာပူး ဖြစ်ကြောင်း ၊ ယူနိုက်တက် က ယူနိုက်တက် ဖြစ်ကြောင်း ဆက်လက် သက်သေပြခဲ့ကြတဲ့ ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ..

ဒီနေ့ နံနက်မှာတော့ အန်ဖီးလ် ကွင်းထဲ လီဗာပူး အသင်းက ခါးသီး ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ပြီး တိုက်စစ် ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ အတူ 4 – 0 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲ ရယူကာ အမှတ််ပေး ဇယားကို ဦးဆောင်သွားနိုင်ခဲ့ ပါတယ် ။

ဒါဟာ အားလုံး မျှော်လင့်ပြီးသား ရလဒ် တစ်ခု ဖြစ်ခဲ့တဲ့ အတွက် စိတ်လှုပ်ရှားစရာ အများကြီး မရှိခဲ့ရပါဘူး ။ ဒီပွဲမှာ လီဗာပူး အသင်းဟာ လီဗာပူးလို ကစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ကျဆင်းနေခဲ့တဲ့ စွမ််းဆောင်ရည်တွေကို ဆက်လက် ထိန်းသိမ်းခဲ့ပါတယ် ။

ဒါ့ကြောင့်လည်း ပွဲချိန် 5 မိနစ် နဲ့ 22 မိနစ် တွေမှာ ဒီယက်ဇ် နဲ့ ဆာလာ တို့က တစ်ဂိုးစီ သွင်းယူပြီး ပထမပိုင်းကို ဦးဆောင် နိုင်ခဲ့ကြပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာလည်း ကစားကွက် ထွေထွေထူးထူး ပြောင်းလဲ မသွားခဲ့တဲ့ အတွက် မာနေး နဲ့ ဆာလာ တို့က တစ်ဂိုးစီ သွင်းယူရင်း 4 – 0 ဖြစ်စေခဲ့ကြပါတယ် ။

အခုတော့ အဆိုပါ ရလဒ်ကြောင့် လီဗာပူး အသင်းဟာ အမှတ်ပေး ဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ယူနိုက်တက်တို့ကတော့ အဆင့် 6 နေရာ ဆင်းပေးခဲ့လိုက်ရပါတယ် ။ ဒီ ပွဲစဥ်မှ နှစ်ဖက် ကစားသမားတွေရဲ့ rating ကို ဖော်ပြပေးလိုက််ပါတယ် ။

လီဗာပူး
————

အလီဆွန် (7.5)

အစောပိုင်း မိနစ်မှာ ဘရူနို ရဲ့ ကန်ချက်ကို ဟန့်တားပြနိုင်ခဲ့သလို ချိတ်ဆက် ကစားပုံတွေလည်း ကောင်းမွန်ခဲ့ပါတယ် ။ clean sheet ရခဲ့ပါတယ် ။

အာနိုး (8)

ဂိုးသွင်းယူမှု ၊ ဖန်တီးနိုင်မှု မရှိခဲ့ပေမဲ့ တိုက်စစ်ပိုင်းကို အတော်လေး ပံ့ပိုးပေးနိုင်ခဲ့ပြီး ယူနိုက်တက် ခံစစ်ကို အလုပ််များစေခဲ့ပါတယ် ။

မာတစ် (7)

အလုပ် မများခဲ့တဲ့ ပွဲစဥ်မှာ အမှား မရှိအောင် ကစားနိုင်ခဲ့သလို မှန်ကန်တဲ့ အချိန် မှန်ကန်တဲ့ နေရာမှာ ရှိနေတတ်ခဲ့ပါတယ် ။

ဗန်ဒိုက် (7.5)

ခံစစ်ပိုင်း ထွေထွေထူးထူး ကစားရခြင်း မရှိခဲ့ပဲ အသင်းကို တိုက်စစ်ဆင်ကစားစေနိုင်ဖို့သာ အဓိကထား ကြိုးစားပေးခဲ့ရပါတယ် ။

ရော်ဘတ်ဆန် (7)

အာနိုးလိုပဲ ဂိုးသွင်းယူမှု ၊ ဖန်တီးမှု မလုပ်နိုင်ခဲ့ပေမဲ့ မြန်နှုန်းမြင့် ကစားဟန်နဲ့ အတူ ယူနိုက်တက် ကစားသမားတွေကို ဒုက္ခပေးနိုင်ခဲ့ပါတယ် ။

ဟန်ဒါဆန် (7.5)

အသင်းရဲ့ ဟန်ချက်ကို ထိန်းပေးနိုင်ခဲ့ပြီး အသင်းဖော်တွေ ပိုကောင်းအောင် ကူညီပေးနိုင်ခဲ့ပါတယ် ။ အသက်နဲ့ မမျှအောင် ပြေးလွှား ကစားပေးနိုင်ခဲ့ပါတယ် ။

 

ဖာဘင်ဟို (8)

သူ့ရဲ့ ကစားပုံ ကောင်းတိုင်း လီဗာပူးရဲ့ ကစားပုံ ထူးကဲခဲ့တာချည်းပါပဲ ။ ယူနိုက်တက်ကွင်းလယ်ကို အသာလေး ယှဥ်ကစားနိုင်ခဲ့ပါတယ် ။

သီယာဂို (9)

ကွင်းလယ်ကို ထိန်းချုပ် ကစားရင်း မှန်ကန်တဲ့ ပေးပို့မှု ၊ အားစိုက်ထုတ်မှုတွေနဲ့ အံ့ဖွယ် ကစားပေးနိုင်ခဲ့ ပါတယ် ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးပါပဲ ။

ဆာလာ (9)

ဂိုးပေါက် ပြန်လည် ရှာတွေ့မှုနဲ့ အတူ 2 ဂိုးသွင်း ၊ 1 ဂိုး ဖန်တီးခဲ့ကာ ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။ ဒုတိယဂိုး လှခဲ့ပါတယ် ။

မာနေး (8.5)

လီဗာပူး တိုက်စစ်ရဲ့ အံ့ဖွယ် ကစားသမားပါပဲ ။ ယူနိုက်တက် ခံစစ်ကို အထူး မွှေနှောက်ခဲ့ပြီး ကိုယ်တိုင် တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဒီယက်ဇ် (8.5)

မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်ကြောင်း ၊ ပွဲထွက်ခွင့်တွေနဲ့ ထိုက််တန်လှကြောင်း ထပ်ဆင့် သက်သေပြနိုင်ခဲ့ပါတယ် ။ အစောပိုင်း မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ဂျိုတာ (6)
ကီတာ (6)
မီလ်နာ (6)

ယူနိုက်တက်
——————–

ဒီဂီယာ (5)

သွင်းဂိုးတွေအတွက် ဘာမှလုပ်နိုင်ခွင့် မရှိခဲ့ပါဘူး ။ ဖြန့်ဝေမှုတွေ အားရစရာ မကောင်းခဲ့သလို ကစားကွက် တည်ပေးနိုင်ခြင်းလည်း မရှိခဲ့ပါဘူး ။

လင်ဒီလော့ဖ် (4.5)

ဒီယက်ဇ် ကို ဟန့်တားပြနိုင်ဖို့ အခက်တွေ့ခဲ့ရသလို အသင််းရဲ့ ကွက်လပ်တွေကိုလည်း ဖာထေးနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ် ။

ဂျုံးစ် (5)

အသင်းအတွက် ပြန်လည် ကစားပေးခွင့် ပိုင်ဆိုင်နိုင်ခဲ့ပေမဲ့ ထူးကဲတဲ့ စွမ်းဆောင်ရည် မပြသနိုင်ခဲ့ပါဘူး ။ ဒု – ပိုင်းမှာ လူစားလဲခံခဲ့ရပါတယ် ။

ဘစ်ဆာကာ (4)

လင်ဒီလော့ဖ် ကို လုံလောက်စွာ ကာဗာ မပေးနိုင်ခဲ့သလို မာနေး ၊ ဒီယက်ဇ် တို့ကို ဟန့်တားဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ပေါ့ဂ်ဘာ (3)

ဘာမှ မကစားပေးနိုင်သေခင်မှာပဲ ဒဏ်ရာ ရရှိသွားခဲ့တဲ့ အတွက် လူစားလဲခံခဲ့ရပါတယ် ။

မာတစ် (4)

ပြိုင်ဖက် ကွင်းလယ် နဲ့ ယှဥ်ကစားနိုင်စွမ်း မရှိခဲ့သလို ပေးပို့မှုတွေလည်း အားရဖွယ် မကောင်းခဲ့ပါဘူး ။

ဒါးလော့ (4)

ဆာလာကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ် ။ အသင်းဖော်တွေနဲ့ ချိတ်ဆက်ပုံ ညံ့ခဲ့ပြီး ခံစစ် ကစားရမယ့် ပွဲမှာ တိုက်စစ်ချည်း မကြာခန တက်ဖို့ ကြိုးစားနေခဲ့ပါတယ် ။

ဘရူနို (4)

ခြိမ်းခြောက်မှု တစ်ကြိမ် လုပ်နိုင်ခဲ့တာက လွဲရင် ဘာမှ မထူးကဲခဲ့ပါဘူး ။ မကြာသေးခင်က ကားအက်ဆီးဒင့် ဖြစ််ခဲ့တဲ့ ကစားသမားကို ပွဲထွက်ခွင့်ပေးတာက မေးခွန်းထုတ််ချင်စရာ ဖြစ်ခဲ့ရပါတယ် ။

ရပ်ရှ်ဖို့ (5)

မာတစ်ကို ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါပေမဲ့ လုံလောက်တဲ့ ပံ့ပိုးမှုတွေ မရနိုင်ခဲ့သလို ထိချက်တွေလည််း ညံ့ခဲ့ပါတယ် ။

အီလန်ဂါ (5.5)

အတော်လေး ကြိုးစား ကစားခဲ့ပေမဲ့ ဝါရင့် လီဗာပူး ခံစစ််ကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ…

လင်ဂတ် (5)
ဆန်ချို (6)
မာ့ချ်ဘရီ (5)

#Sports_Myanmar