ရွန်းနီ ရဲ့ သုံးသပ်ချက်ကို တုန့်ပြန်လိုက်တဲ့ ရိုနာဒို

ပြီးခဲ့တဲ့ Monday Night Football show အစီအစဉ်မှာ လီဗာပူး ကစားသမားဟောင်း ကာရေဂါ နဲ့ ယူနိုက်တက် ကစားသမားဟောင်း ရွန်းနီ တို့ ပူးပေါင်း တင်ဆက်ခဲ့ပါတယ်။

အဲဒီ အစီအစဉ်မှာ ရွန်းနီ က ပေါ့ဘာ နဲ့ ရိုနာဒို ကို လမ်းခွဲပြီး လူငယ် သွေးသစ်တွေ နဲ့ ရှေ့ဆက်သင့်တယ်လို့ ပြောဆိုခဲ့မှု အပေါ် ရိုနာဒို က တုန့်ပြန် သွားခဲ့တာပါ။

” ရိုနာဒို က ဂိုးတွေ သွင်းပေးနေပါတယ်၊ ဒီရာသီ အစောပိုင်းမှာ ချန်ပီယံလိဂ် ဂိုးတွေလဲ အများကြီး ရယူပေးခဲ့တာပါ။ စပါး နဲ့ ပွဲမှာ ဆိုရင် ဟတ်ထရစ်တောင် သွင်းပြခဲ့ပါတယ်။

ဒါပေမယ့် ကလပ်ရဲ့ အနာဂတ်ကို မျှော်ကြည့်လိုက်မယ် ဆိုရင် လူငယ်တွေ ၊ ယူနိုက်တက် ကို နောက် ၂-၃ နှစ် သုံးနှစ် အတွင်း ဆွဲတင်ပေးချင်စိတ် ပြင်းပြနေတဲ့ သူတွေ နဲ့ ရှေ့ဆက်ရမှာပါ။

ရိုနာဒို က နည်းနည်းတော့ ရှိပါသေးတယ်၊ ဒါပေမယ့် ၂၀ ၀န်းကျင် က ကစားသမားမျိုး မဟုတ်တော့တာ သေချာပါတယ်။ ဘောလုံးမှာ ဒါမျိုး ဇရာတွေက ရှောင်လွှဲလို့ မရပါဘူး။

သူက ဂိုးပေါက်ကို ခြိမ်းခြောက်တဲ့ သူပါ ဒါပေမယ့် ကျန်တဲ့ အချိန်တွေမှာ အသင်းက အများကြီး ပိုလိုအပ်ပါတယ်။ အသင်းမှာ လူငယ်တွေ လိုတယ် ၊ ပြင်းပြင်းပြပြ နဲ့ ကစားမယ့် သူတွေ လိုပါတယ်။

ကျနော့် အမြင်မှာတော့ အသင်းမှာ လူငယ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီးသားပါ။ဆန်ချို ဟာ လာမယ့်ရာသီ ပိုကောင်းလာနိုင်တယ် ၊ ရပ်ရှ်ဖို့ဒ်လဲ ‌ပိုကောင်းလာနိုင်တယ်။

ကျနော် က လင်ဂတ် ကိုတောင် ကစားခွင့်ရစေချင်တာ ဘာလို့လဲ ဆိုတော့ သူက အသင်းအတွက် Energy တွေလဲ ယူဆောင်လာနိုင်သလို ၊ Qualityလဲ ရှိတယ်လေ။ စကော့တော်မီနေး ကတော့ အခုလဲ ကောင်းပြီးသားပါ။ သူတို့မှာ အရည်သွေးမြင့် လူငယ် ကစားသမားတွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။

သူတို့ ကို ယုံကြည်မှုတွေ ရှိလာအောင် လုပ်ပေးဖို့ပဲ လိုတာပါ။ သူတို့ကိုယ် သူတို့ ကစားသမားကောင်းတွေ ဆိုတာ ယုံကြည်နေတာမျိုး ၊ ပိုကောင်းအောင် ကစားပြနိုင်တယ် ဆိုတာ ယုံကြည်ထားတာမျိုးတွေ ရှိနေရပါမယ်။

သေချာတာ ကတော့ မန်နေဂျာသစ် ဟာ သူ့စိတ်ကြိုက် ကစားသမားတွေ ခေါ်လာပြီး ၊ ဒီစုဖွဲ့မှု နဲ့ ပူးပေါင်း တည်ဆောက်ရမှာပါ” လို့ သုံးသပ်သွားခဲ့ပါတယ်။

ဆက်လက်ပြီး ရွန်းနီ က ယူနိုက်တက် က ပေါ့ဘာ နဲ့ ပြင်သစ် လက်ရွေးစင် အသင်းမှာ ကစားတဲ့ ပေါ့ဘာ တို့ အကြား ခြားနားနေတဲ့ အချက်တွေကို ဆွဲထုတ်သွားခဲ့ပြီး ၊ ယူနိုက်တက် ကို ပြန်လာ ကတည်းက မျှော်လင့်ထားသလိုမျိုး ဘယ်တုန်းကမှ စွမ်းဆောင်ပြနိုင်ခြင်း မရှိသေးဘူးလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ရိုနာဒို ကိုယ်တိုင် ကတော့ အဲဒီ ဝေဖန်မှုတွေကို လုံး၀ လက်မခံပဲ ” မနာလိုစိတ် ဖြစ်နေတဲ့ နှစ်ယောက်” လို့ ရေးသားကာ ရွန်းနီ နဲ့ ကာရေဂါ ကို တုန့်ပြန်သွားခဲ့ပါတယ်။

SM