ရော်နယ်ဒို ဟတ်ထရစ်နဲ့ ကယ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ အဖိုးတန်် နိုင်ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ်ထရပ်ဖို့ဒ် ကွင်းကြီးထဲမှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အောက်ဆုံး နေရာမှ နောဝှစ်ချ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ ရန်းဂနစ် က ဗဟိုကွင်းလယ် ကစားသမား တစ်ဦးမှ မထည့်ပဲ တိုက်စစ် အားသန် ကစားသမားတွေ ဖြစ်ကြတဲ့ ပေါ့ဂ်ဘာ ၊ ဘရူနို ၊ လင်ဂတ် တို့ကို ရော်နယ်ဒို ၊ ဆန်ချို ၊ အီလန်ဂါ တို့ရဲ့ တိုက်စစ်အတွဲနဲ့ ပူးတွဲ ပွဲထုတ်ခဲ့ပါတယ် ။

ဒါဟာ အစပိုင်း မိနစ်တွေမှာ အလုပ်ဖြစ်ခဲ့ပြီး ယူနိုက်တက််တို့ ဖိအားပေး ကစားနိုင်ချိန်မှာ ဂိုးတွေရရှိစေခဲ့ပေမဲ့ ပွဲချိန် ကြာတာနဲ့ အမျှ ကွင်းလယ်ကနေ ပွဲစဥ်ကို ထိန်းကျောင််းပေးသူ မရှိခြင်းက ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းကို ယိုပေါက််တွေ ဖြစ်စေခဲ့ပါတယ် ။

ရလဒ် တစ်ခုအနေနဲ့ ယူနိုက်တက် တို့ဟာ ပထမပိုင်းပြီးဆုံံးခါနီးမှာ တစ်ဂိုးပေးခဲ့ရသလို ဒုတိယပိုင်း စတင်ပြီး 7 မိနစ် အကြာမှာပဲ နောက်တစ်ဂိုး ပေးခဲ့လိုက်ရပါတယ် ။ အဲ့ဒီနောက် ရန်းဂနစ်က မာတစ်ကို ထည့်သွင်းပြီး ပွဲရှိန်ကို ထိန်းစေခဲ့ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်တို့ ဂိုးထပ်မရခဲ့တဲ့ အတွက် အနိုင်လိုချင်နေတဲ့ ရန်းဂနစ် က တဲလက်စ် နဲ့ ပေါ့ဂ်ဘာ တို့ကို ထုတ်ပြီး မာတာ နဲ့ ရပ်ရှ်ဖို့ တို့ကို ထည့်သွင်းကာ စွန့်စားမှု ပြုလုပ်ခဲ့ပါတယ် ။ အဲ့ဒီနောက် 2 မိနစ် အကြာမှာပဲ အီလန််ဂါကြောင့် ရရှိခဲ့တဲ့ ဖရီးကစ် ကို ရော်နယ်ဒို က ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ပြီး ဟတ်ထရစ် နဲ့ အတူ အသင်းကို နိုင်ပွဲ ရရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။

ရော်နယ်ဒို ဟတ်ထရစ် ဟီးရိုး ဖြစ်ခဲ့သလို ယူနိုက်တက် နောက်ခံလူတွေရဲ့ အမှားကျူးလွန်မှုတွေကို ထပ်မံ မြင်ခဲ့ရပြီး ပြိုင်ဖက် အသင်းတွေ အမှတ်လျော့ချိန် နိုင်ပွဲရယူနိုင််ခဲ့တဲ့ အဆိုပါ ပွဲစဥ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ််းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

ပူကီနဲ့ တစ်ဦးချင်း တွေ့ဆုံချိန်မှာ နေရာယူ မှန်ကန်စွာဖြင့် ကာကွယ်မှု လုပ်ဆောင်နိုင်ခဲ့သလို ရာချီဆာ ရဲ့ ဂိုးဖြစ်နိုင်တဲ့ ကန်ချက်ကိုလည်း ပုတ်ထုတ် နိုင်ခဲ့ပါတယ် ။

ဒါးလော့ (6)

စိတ်အား ထက်သန်မှု အပြည့် နဲ့ ကစားခဲ့ပေမဲ့ ဒိုဝဲလ် ရဲ့ ခေါင်းတိုက်ဂိုးကို မဟန့်တားပြနိုင်ခဲ့ပါဘူး ။ 2-2 နဲ့ 2-3 ဖြစ််ခဲ့ချိန်မှာတော့ အဖိုးတန် ပိတ်ဆို့မှုတွေ လုပ်ဆောင်ပြနိုင်ခဲ့ပါတယ် ။

လင်ဒီလော့ဖ် (5)

ပထမပိုင်းမှာ အရေးပါတဲ့ ကြားဝင် ဟန့်တားမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ လူကပ်ကစားပုံဟာ လျော့တိလျော့ရဲ ဖြစ်နေခဲ့သလို ပူကီ ကိုလည်း လူကျွံထောင်ချောက်် မဖမ်းနိုင်ခဲ့ပါဘူး ။

မက်ဂွားယား (5)

စိတ်ပျက်ဖွယ် ပွဲစဥ် တစ်ပွဲကို ထပ်မံပိုင်ဆိုင်ခဲ့ရပြန်ပါတယ် ။ ကစားပုံတွေ သေသပ်မှု မရှိခဲ့သလို နေရာယူပုံတွေကလည်း ညံ့ဖျင်းခဲ့ပါတယ် ။ အသင်းဖော် ရော်နယ်ဒို နဲ့ ပေါ့ဂ်ဘာ တို့ကိုပါ ဒုက္ခပေးခဲ့ပါသေးတယ် ။

တဲလက်စ် (4)

ရော်နယ်ဒို ရဲ့ ခေါင်းတိုက်ဂိုးကို ထောင့်ကန်ဘောမှတစ်ဆင့် ဖန်တီးပေးနိုင်ခဲ့တာကလွဲရင် အားရစရာမရှိခဲ့ပါဘူး ။ ဒိုဝဲလ် ကို ကျကျနန ခေါင်းတိုက်ခွင့်ပေးခဲ့သလို ဒုတိယပိုင်းမှာလည်း ထူးကဲမှု မရှိတဲ့အတွက် လူစားလဲခံခဲ့ရပါတယ် ။

ပေါ့ဂ်ဘာ (4)

ပထမပိုင်းအတွင်း အဆင်ပြေချောမွေ့စွာ ကစားပေးနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ပုံစံကောင်း ပျောက်ဆုံးသွားခဲ့ရပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်မှု ၊ ဆဲဆိုမှုတွေကိုပါ ရရှိခဲ့ပါတယ် ။

လင်ဂတ် (7)

ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ ဂျက်စီ လင်ဂတ် ဟာ ဒီပွဲမှာတော့ ကစားပုံ ထူးကဲခဲ့ပြီး ပြိုင်ဖက် ခံစစ် ကစားသမားတွေကို အလုပ်များစေနိုင်ခဲ့ပါတယ် ။

ဘရူနို (4)

ပြီးခဲ့တဲ့ ပွဲစဥ်တွေကလို စွမ်းဆောင်ရည်၊ အရည်အသွေးမျိုးပဲ ပြသနိုင်ခဲ့ပါတယ် ။ စာချုပ် သက်တမ်း တိုးပြီးထဲက ပုံစံကောင်း ပျောက်ဆုံးနေခဲ့ပါတယ် ။

အီလန်ဂါ (7)

ရော်နယ်ဒို အတွက် အဖွင့်ဂိုး ဖန်တီးပေးခဲ့သလို အနိုင် သေချာစေခဲ့တဲ့ ဖရီးကစ် ကိုလည်း ရယူပေးနိုင်ခဲ့ပါတယ် ။ စွမ်းဆောင်ရည် အချို့ တိုးတက်ဖို့ လိုနေသေးဆဲပါပဲ ။

ဆန်ချို (5)

ဘောလုံးကိုင်ခွင့် အများကြီး ရရှိနိုင်ခဲ့ပေမဲ့ ထိုးဖောက်မှုတွေ ကောင်းမွန်စွာ မလုပ်နိုင်ခဲ့သလို ပေးပို့မှုတွေလည်း လိုရာမရောက်ခဲ့ပါဘူး ။ ပြီးခဲ့တဲ့ လ,တုန်းက ခြေစွမ်းပြခဲ့တဲ့ ဆန်ချို ပျောက်ဆုံးနေခဲ့ပါပြီ ။

ရော်နယ်ဒို (9)

ပထမပိုင်းမှာ အဆုံးသတ်သေချာမှုကို ပြသနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း အလန်းစား ဖရီးကစ် ကန်ချက် နဲ့အတူ ဟတ်ထရစ်ဂိုး ရယူကာ ယူနိုက်တက် တို့ကို အဆင့် 5 နေရာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

မာတစ် (7)
မာတာ (6)
ရပ်ရှ်ဖို့ (5)

#Sports_Myanmar