ရော်နယ်ဒို ပင်နယ်တီ မကန်တဲ့ အကြောင်းအရင်း ၊ စိတ်ပျက််မိတဲ့ အချက်တစ်ခု ၊ VAR ရဲ့ ဆုံးဖြတ်ချက် အပေါ် မှတ်ချက်ပေးလိုက်တဲ့ ရန်းဂနစ် 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် က အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဥ်မှာ တိုက်စစ်မှူး ရော်နယ်ဒို ကိုယ်တိုင်က ပင်နယ်တီ ကို မကန်သွင်းလိုခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့လိုက်ပါတယ် ။

ရော်နယ်ဒိုဟာ ဒီရာသီ အစတုန်းက အာဆင်နယ် ၊ နောဝှစ်ချ် အသင်းနဲ့ ပွဲစဥ်တွေမှာ ပင်နယ်တီကို ဂိုးအဖြစ် ပြောင််းလဲနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ FA ဖလား ပြိုင်ပွဲမှာ မစ်ဒယ်ဘရော့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရချိန် ပင်နယ်တီ လွဲချော်ခဲ့ပါသေးတယ် ။

 

အခြားတစ်ဖက်မှာတော့ အာဆင်နယ် အသင်းနဲ့ ပွဲစဥ်မှာ 2 – 2 ဆိုတဲ့ သရေ ရလဒ်ကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ဒီရာသီ 2 ကြိမ်မြောက် ပင်နယ်တီ လွဲချော်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ရပါတယ် ။ ဒါ့အပြင်် ရှာကာရဲ့ အဝေးကန်ချက်မှာလည်း သူဟာ အမှား မကင်းသူ ဖြစ်ခဲ့ပါသေးတယ် ။

အခုတော့ ရန်းဂနစ်က အာဆင်နယ်နဲ့ ပွဲစဥ်မှာ ရရှိခဲ့ရတဲ့ ပင်နယ်တီကို ရော်နယ်ဒိုကိုယ်တိုင်က မကန်သွင်းလိုခဲ့တာ ဖြစ်ကြောင်း ၊ သူမကန်သင့်ဘူးလို့ ခံစားခဲ့ရတဲ့ အတွက် ဒီအခွင့်အရေးကို ဘရူနို ဖာနန်ဒက်စ် ဆီ ပေးသွားခဲ့တာ ဖြစ််ကြောင်း ပြောခဲ့လိုက်ပါတယ် ။

 

” ပွဲပြီးတော့ ကျွန်တော် သူနဲ့ စကား ပြောခဲ့သလို မေးခွန်းလည်း မေးခဲ့ပါသေးတယ် ။ သူက ဒီတစ်ကြိမ်တော့ သူမကန်သင့်ဘူးလို့ ခံစားခဲ့ရတဲ့ အတွက် ဘရူနို ကန်တာပဲ ပိုကောင်းလိမ့်မယ်လို့ တွေးပြီး ကန်ဖို့ ပြောခဲ့တာ ဖြစ်ကြောင််း ပြန်ဖြေခဲ့ပါတယ် ” လို့ ရန်းဂနစ် က ပြန်လည် ရှင်းပြခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာ ယူနိုက်တက် ညာနောက်ခံလူ ဒီယိုဂို ဒါးလော့ ဟာ ဂိုးပေါက် ကန်သွင်းခဲ့ပေမဲ့ ဂိုးတိုင်ထိပြီး ဘောလုံး ပြန်လျှံထွက်ခဲ့ပါတယ် ။ ဒါ့အပြင် ရော်နယ်ဒို လည်း နောက်တစ်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ လူကျွံခဲ့တဲ့ အတွက် ဂိုးမရခဲ့ပါဘူး ။ ဒါ့အပြင် ယူနိုက်တက်တို့ ဂိုးပေါက်ကန်ခွင့် 14 ကြိမ်အထိ ရရှိခဲ့ကြပါသေးတယ် ။

 

ယူနိုက်တက် နည်းပြ ရန်းဂနစ် ကတော့ ပြီးခဲ့တဲ့ တစ်ပါတ်က လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်း အခုလို တိုးတက််လာခဲ့တာကို နှစ်ခြိုက်နေပေမဲ့ တစ်ပါတ် အတွင်းမှာ 7 ဂိုး အထိ ပေးခဲ့ရတဲ့ အချက်ကိုတော့ စိတ်ပျက်ကြောင်း ဆက်လက် ပြောခဲ့လိုက်ပါတယ် ။

 

” ကျွန်တော်တို့ ဒီပွဲမှာ တုန့်ပြန်မှု တစ်ခု ပေးနိုင်ခဲ့ကြတယ််လို့ ထင်မိပါတယ် ။ လီဗာပူးနဲ့ ပွဲတုန်းကထက် ပိုပြီး စွမ််းဆောင်ရည် တိုးတက်ခဲ့တယ်လေ ။ ဒါပေမဲ့ အဝေးကွင််းမှာ ကျွန်တော်တို့ လွယ်ကူတဲ့ဂိုး ၊ အစောပိုင်း မိနစ် ဂိုး တစ်ဂိုးကို ပေးလိုက်ခဲ့ရပြန်ပါတယ် ”

” အရမ်းကို လွယ်ကူခဲ့ပါတယ် ။ ကျွန်တော်တို့ ဒါကို ရှင်းထုတ်ဖို့ အခွင့်အရေး 2 – 3 ကြိမ်လောက် ရှိခဲ့ပါသေးတယ် ။ ဒါပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး ။ အခုလို ပွဲချိန် 4 မိနစ်လောက််ထဲက ပွဲစဥ်ကို ကစားရ ပိုပြီး ခက်ခဲသွားစေခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့ဒီနောက် ကစားသမားတွေရဲ့ တုန့်ပြန်မှုက ပိုမို ​ကောင်းမွန်သွားခဲ့ပါတယ် ”

 

” ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ရရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကန်ချက်တွေက ဂိုးဘားကို တစ်ကြိမ် ၊ ဂိုးတိုင်ကို နှစ်ကြိမ် ထိမှန်ခဲ့ရပါတယ် ။ အဲ့တာကလွဲရင် ကျွန်တော်တို့ ဂိုးရဖို့ အခွင့်အလမ့် 3-4 ကြိမ်လောက် ပိုင်ဆိုင်ခဲ့ကြပါသေးတယ် ”

 

” ပြီးတော့ VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့ ကံမကောင်း ဖြစ်ခဲ့ကြရပါသေးတယ် ။ အဝတ်လဲခန်းထဲ ပြန်ကြည့်ချိန်မှာ VAR ရဲ့ ဆုံးဖြတ်ချက် 3-4 ကြိမ်လောက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ အရေးကြီးတာက ရလဒ်ပါ ။ ဒီရလဒ်ဟာ မကျေနပ်စရာ ဖြစ်ခဲ့ရပါတယ် ”

” လက်ရှိ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပြသနာ တစ်ခုက ဂိုးဧရိယာ အတွင်း နဲ့ ဧရိယာ အနားမှာ ခုခံ ကစားပုံ မကောင်းခြင်း ပါပဲ ။ ပြီးခဲ့တဲ့ သုံးပွဲ အတွင်း ကျွန်တော်တို့ တစ်ပွဲ 3 ဂိုး ပျမ်းမျှ ဂိုးပေးခဲ့ရပါတယ် ။ ဒါ များလွန်းပါတယ် ” လို့ ရန်းဂနစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar