ရီးရဲယ်မက်ဒရစ်ကို စိတ်လှုပ်ရှားဖွယ် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးရဲ့ ပျော့ကွက်ဖြစ်ခဲ့တဲ့ ကစားသမားကို ပြောပြလိုက်တဲ့ ဖာဒီနန်

 

ရီယိုဖာဒီနန်က မနေ့ညက မန်ချက်စတာစီးတီးတို့ ရီးရဲယ်မက်ဒရစ်ကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ စိတ်လှုပ်ရှားဖွယ်ရာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ဖာနန်ဒင်ညိုဟာ ပက်ဂွာဒီယိုလာ အသင်းရဲ့ ပျော့ကွက် ဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

စီးတီးဟာ ပွဲချိန် အများစုကို ထိန်းချုပ် ကစားနိုင်ခဲ့ကာ ဒီဘရိုင်းနား ဂျီဆု ဖိုဒန် ဘာနာဒိုဆေးလ်ဗား တို့ရဲ့ ဂိုးတွေနဲ့ အတူ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ မက်ဒရစ်မှာ လာမည့် တစ်ပတ် သွားရောက် ကစားရမယ့် ဒုတိယအကျော့ မတိုင်မီ အသာစီး ရယူထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မက်ဒရစ်ဟာ ဘန်ဇီးမား (၂ ဂိုး) နဲ့ ဗီနီရှက် တို့ရဲ့ ဂိုးတွေကြောင့် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပြီး မက်ဒရစ်ဟာ အစောပိုင်းမှာ လုံး၀ အပြတ်အသတ် လွှမ်းမိုးခံထားခဲ့ရပေမယ့်လည်း ပထမပိုင်းမပြီးခင် စတုန်းရဲ့ နေရာကို ဖာနန်ဒင်ညို ၀င်ရောက်လာခဲ့ပြီးနောက် ကစားပုံ တစ်ဖြည်းဖြည်း ကောင်းလာခဲ့ပါတယ်။

ကန်ဆယ်လို နဲ့ ဝေါ်ကာ တို့ဟာ ဒီပွဲစဉ် အတွက် available မဖြစ်ကြတာကြောင့် စီးတီးဟာ ညာနောက်ခံလူ ပြသနာ ဖြစ်နေခဲ့ပြီး ဖာနန်ဒင်ညို ကတော့ ပထမအကျော့မှာ စီးတီးရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်သွားခဲ့ပါတယ်။

ဖာဒီနန်က “ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ ပွဲစဉ်ပါ။ မတူညီတဲ့ ကစားပုံတွေနဲ့ အတူ ပွဲဟာ တကယ့်ကို ဖျော်ဖြေမှု ပေးနိုင်ခဲ့ပါတယ်။ ပွဲတစ်ပွဲ အတွင်းမှာပဲ အရှိန်အဟုန်တွေဟာ အကြိမ်များစွာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးတော့ ကစားသမား တစ်ဦးချင်းရဲ့ တကယ့်ကို ထိပ်တန်းကျတဲ့ အရည်အသွေးတွေကိုလည်း မြင်တွေ့ ခဲ့ရပါတယ်။ စီးတီး အနေနဲ့ ဂိုးပြတ် အနိုင်မရခဲ့တဲ့ အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေတာကို ခင်ဗျားတို့ တွေ့ခဲ့ရမှာပါ။

ကျွန်တော် ကတော့ ပက်အနေနဲ့ အ၀တ်လဲခန်းထဲမှာ အများကြီး ပြောစရာတွေ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ဘယ်လောက်ပဲ နှစ်သည် ဖြစ်စေ အမြဲတမ်း ပြန်ပြန် ပေါ်လာတယ်လို့ ကျွန်တော် ထင်ပါတယ်။

သူတို့ဟာ ပွဲကို ပြန်လာနိုင်အောင် ဒီညမှာ သူတို့ရဲ့ character နဲ့ သတ္တိတွေကို ပြသခဲ့ပါတယ်။ ဒါပမေယ့် ကျွန်တော် ကတော့ စီးတီးတို့ မက်ဒရစ်ကို သွားကာ အလုပ်ပြီးမြောက်အောင် လုပ်ပြီး ဖိုင်နယ် တက်သွားလိမ့်မယ်လို့ ထင်မိပါတယ်။

ကျွန်တော် ကတော့ ဒီပွဲစဉ်ရဲ့ ကြီးမားလှတဲ့ အပြောင်းအလဲ ကတော့ စတုန်း ထွက်ခွာသွားခဲ့တဲ့ အချိန်လို့ ထင်ပါတယ်။ စတုန်းရဲ့ ဒဏ်ရာ ပြသနာဟာ စီးတီးကို မတည်မငြိမ် ဖြစ်သွားစေခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။

ကံမကောင်းစွာနဲ့ အသက် ၃၆ နှစ် ရှိနေပြီ ဖြစ်တဲ့ ဖာနန်ဒင်ညိုဟာ လက်ရှိ ဘောလုံးလောကမှာ ပုံစံကောင်း ပြသနေတဲ့ တောင်ပံတိုက်စစ် ကစားသမားကို ညာနောက်ခံလူ အဖြစ် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် ဒါဟာ မန်စီးတီး အသင်းရဲ့ ပျော့ကွက် ဖြစ်သွားခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ စတီဗီမက်မာနာမန်က ဒီထက် ပိုမို ကြီးမားတဲ့ ရလဒ်နဲ့ ရီးရဲယ်မက်ဒရစ်ကို အနိုင်မယူနိုင်ခဲ့တဲ့ အတွက် စီးတီးကို ဝေဖန်သွားခဲ့ပါတယ်။

 

မက်မာနာမန်က “စီးတီးဟာ ဒီပွဲမှာ နုံချာခဲ့တယ်လို့ စွပ်စွဲသွားလို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် တစ်ချို့ အချိန်တွေမှာ သူတို့ ဒီလို ဖြစ်ခဲ့ပါတယ်။ သူတို့ မက်ဒရစ်ကို ပွဲအတွင်း ပြန်လာနိုင်အောင် လုံး၀ ခွင့်မပြုခဲ့သင့်ပါဘူး။ ဘာကြောင့် ဒီလို ဖြစ်သွားခဲ့သလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ယုံကြည်မှု လွန်ကဲနေလို့ များလား? ဘာလို့လဲဆိုတော့ သူတို့ဟာ ပြိုင်ဘက်ကို အပြတ်အသတ် လွှမ်းမိုးထားခဲ့တာပါ။ တအားကို သာလွန်းနေခဲ့ပြီး ၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်လိုက်တာနဲ့ စီးတီးဟာ စတင် ဆုတ်ကစားသွားခဲ့ပါတယ်။

ပန်နန်ကာ ပင်နယ်တီ မတိုင်မီ မှာတောင် မက်ဒရစ်ဟာ အခွင့်အရေးကောင်း ရခဲ့ပါသေးတယ်။ ‘ဘယ်လိုများ ဒီလို ဖြစ်သွားခဲ့တာလဲ’ ဆိုပြီးတောင် စဉ်းစားခဲ့မိပါတယ်။ စီးတီးဟာ အနေနဲ့ ၂ ဂိုးအသာ ရနေချိန်မှာ ပွဲကို ကောင်းကောင်း ထိန်းချုပ်ထားခဲ့သင့်ပါတယ်။ သူတို့ရဲ့ ကစားပုံအရ စီးတီး အနေနဲ့ မက်ဒရစ်ကို သွားကာ ဂိုးတွေ သွင်းယူပြီး အဲဒီမှာ အနိုင်ယူနိုင်စွမ်း ရှိနေဆဲလို့ ကျွန်တော် ထင်ပါတယ်။

ဒါပေမယ့် သူတို့ဟာ မက်ဒရစ်ကို မျှော်လင့်ချက် အနည်းငယ် ပေးသွားခဲ့ပါတယ်။ မက်ဒရစ်မှာသာ ရီးရဲယ်တို့ ဦးဆောင်ဂိုး ရသွားခဲ့မယ်ဆိုရင် အဲဒီက ပရိတ်သတ် အင်အားကြောင့် ဒီညနဲ့ ခြားနားတဲ့ ဇာတ်လမ်း ဖြစ်သွားနိုင်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

 

SM