ယူရိုပါလိဂ် နဲ့ Europa Conference League ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေကို ခန့်မှန်းလိုက်တဲ့ မိုက်ကယ်အို၀င် 

 

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ အပြီးမှာ ကစားသွားရမယ့် ယူရိုပါလိဂ် နဲ့ Europa Conference League ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေအတွက် သူ့ရဲ့ ခန့်မှန်းချက်တွေကို ချပြသွားခဲ့ပါတယ်။

 

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်

RB လိုက်ပ်ဇစ် Vs ရိန်းဂျား

ရိန်းဂျား တို့ဟာ ဒီအဆင့်ထိ ရောက်လာဖို့ အတွက် အကောင်းဆုံး လုပ်ပြထားခဲ့တာ ဖြစ်ပြီး ဂျာမနီကို ယုံကြည်မှု တစ်ချို့နဲ့ သွားရောက် ကစားမှာ ဖြစ်ပါတယ်။ သူတို့ဟာ အစောပိုင်း အဆင့်မှာ ဒေ့ါမွန်ကို ဂျာမနီမှာ အနိုင်ယူခဲ့တဲ့ အသင်း ဖြစ်နေတာကြောင့် လိုက်ပ်ဇစ်ကို အနိုင်ယူနိုင်စွမ်း ရှိနေတယ်ဆိုတာကို သူတို့ ကောင်းကောင်း သဘောပေါက်နေပါတယ်။

 

လိုက်ပ်ဇစ်ဟာ ပြည်တွင်းပြိုင်ပွဲမှာကော ဥရောပမှာပါ အကောင်းဆုံး ပုံစံကို ရရှိနေပါတယ်။ ဒါပေမယ့် ဒီပွဲဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ရိန်းဂျား အနေနဲ့ အန်ကူကူ ကိုတော့ ငြိမ်သက်အောင် လုပ်သွားဖို့ လိုအပ်ပါတယ်။ သူဟာ ဒီရာသီမှာ ဂိုး ၃၀ တောင် သွင်းယူထားခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ လိုက်ပ်ဇစ်တို့ နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ရိန်းဂျားတို့ ဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော် မြင်နေပါတယ်။ ကျွန်တော် ကတော့ လိုက်ပ်ဇစ်တို့ ကပ်ပြီး နိုင်သွားမယ်လို့ ရွေးချယ်ချင်ပါတယ်။

 

ခန့်မှန်းချက် : လိုက်ပ်ဇစ် ၂-၁ ရိန်းဂျား

၀က်ဟမ်း Vs ဖရန့်ဖတ်

၀က်ဟမ်းအတွက် တကယ့်ကို အရေးပါလှတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ကွင်းရဲ့ atmosphere ဟာ တအားကို ကောင်းနေပါလိမ့်မယ်။ ပြီးခဲ့တဲ့ အဆင့်မှာ လီယွန်ကို စိတ်လှုပ်ရှားဖွယ် အနိုင်ရခဲ့ပြီးနောက် ကစားသမားတွေဟာ ဥရောပမှာ ယုံကြည်မှု ပြည့်ဝနေကြမှာ ဖြစ်ပါတယ်။ ဖရန့်ဖတ်ဟာ အသင်းကောင်း ဖြစ်ပြီး ကွာတားဖိုင်နယ်မှာ ဘာစီလိုနာ ထိုက်တန်စွာ နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ၀က်ဟမ်းတို့ လုံး၀ အထင်သေးသွားလို့ မရနိုင်ပါဘူး။

 

ဒါပေမယ့် ကျွန်တော် ကတော့ ဒီပွဲမှာ ၀က်ဟမ်း ဘက်ကိုပဲ နေသွားအုံးမှာ ဖြစ်ပါတယ်။ ဒါဟာ တအားကို ခြေစွမ်းညီနေမယ့် ပထမအကျော့ ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ၀က်ဟမ်တို့ ဒီပွဲကို ကပ်ပြီး အနို်င်ရသွားမှာပါ။

 

ခန့်မှန်းချက် : ၀က်ဟမ်း ၁-၀ ဖရန့်ဖတ်

Europa Conference League

လက္စတာ vs ရိုးမား

မော်ရင်ညိုရဲ့ အင်္ဂလန်ပြန် ခရီးပါ။ ကျွန်တော်ကတော့ မစောင့်နိုင်လောက်အောင်ပါပဲ။ လက်စတာဟာ ဒီပြိုင်ပွဲကို သေချာအာရုံစိုက် ကစားနေပြီး ဒါဟာ ကလပ်အတွက် တကယ့်ကို ကောင်းမွန်တဲ့ tie ဖြစ်ပါတယ်။ ဘရန်ဒန်ရော်ဂျာ အနေနဲ့ ချဲလ်ဆီးက သူ့ရဲ့ နည်းပြဟောင်းနဲ့ ပြန်လည် တွေ့ဆုံမှုကို ကျေနပ်အားရနေမယ် ဆိုတာ သေချာပါတယ်။

 

မော်ရင်ညိုရဲ့ ရိုးမားဟာ ဒုတိယရာသီ၀က်မှာ ကစားပုံ ကောင်းနေပါတယ်။ တမ်မီအေဗရာဟမ်က တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်လျက် ရှိနေပြီး အီတလီမှာ သူ့ရဲ့ ပထမဦးဆုံးရာသီမှာ ပြိုင်ပွဲစုံ ၂၄ ဂိုးထိ သွင်းပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်ကတော့ လက်စတာတို့ ပထမအကျော့မှာ ဦးဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

 

ခန့်မှန်းချက် : လက်စတာ ၂-၁ ရိုးမား

ဖီယင်နော့ vs မာဆေး

ဒါဟာ ခြေစွမ်းညီမျှတဲ့ tie ဖြစ်ပါတယ်။ ဖီယင်နော့ဟာ ပရက်မှာ ဆလားဗီးယားကို ၃-၁ နဲ့ အနိုင်ယူကာ ဒီအဆင့်ကို တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပါတယ်။ မာဆေးဟာ ပြင်သစ်မှာ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်နေခဲ့ပြီး အဆင့် ၂ နဲ့ ရာသီသိမ်းနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ လီဂူး၀မ်း ကလပ် အနေနဲ့ ပထမအကျော့မှာ ရှုံးနိမ့်လိမ့်မယ်လို့ မမြင်မိပါဘူး။ ကျွန်တော်ကတော့ သရေပွဲအဖြစ်ပဲ ရွေးချယ်ပါတယ်။

 

ခန့်မှန်းချက် : ဖီယင်နော့ ၁-၁ မာဆေး

 

SM