ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

ဒီကြားရက်မှာ ယူရိုပါလိဂ် နဲ့ Europa Conference League ပွဲစဉ်တွေကို ကစားသွားရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း အို၀င်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် နဲ့ လက်စတာ vs PSV တို့ရဲ့ Europa Conference League ပွဲစဉ်တွေကို ခန့်မှန်းပေးသွားခဲ့ပါတယ်။

RB လိုက်ပ်ဇစ် Vs အတ္တလန်တာ
ဒါဟာ ကောင်းမွန်တဲ့ tie ဖြစ်ကာ နှစ်သင်းစလုံးဟာ တအားကို ခြေစွမ်း ညီကြပါတယ်။ အတ္တလန်တာဟာ ဂတ်စပါရီနီရဲ့ လက်အောက် ပြီးခဲ့တဲ့ ရာသီတွေမှာ ကောင်းကောင်း လုပ်ပြထားခဲ့ပြီး ပြီးခဲ့တဲ့ အဆင့်မှာ လေဗာကူဆင်ကို ထုတ်ပယ်ခဲ့တာဟာ တကယ့်ကို ရလဒ်ကောင်း ဖြစ်ပါတယ်။ လိုက်ပ်ဇစ်ဟာ ပုံစံကောင်း ရနေတာကြောင့် ဒါဟာ ဂျာမနီမှာ ကစားရမယ့် နောက်ထပ် ခက်ခဲတဲ့ အဝေးကွင်း ပွဲစဉ် ဖြစ်ပါတယ်။ လိုက်ပ်ဇစ်ဟာ နောက်ဆုံးလိဂ်ပွဲမှာ ဒေ့ါမွန်ကို ၄-၁ နဲ့ နိုင်ခဲ့တာကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ ဂျာမန်ကလပ်ဘဲ နိုင်သွားမယ်လို့ ရွေးချယ်ပါတယ်။

ခန့်မှန်းချက်: RB လိုက်ပ်ဇစ် ၂-၁ အတ္တလန်တာ

ဖရန့်ဖတ် Vs ဘာစီလိုနာ
ဇာဗီဟာ ဘာစီလိုနာကို ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားခဲ့ပြီးသားပါ။ ဒါပေမယ့် ဒီလောက်မြန်မြန် လုပ်နိုင်လိမ့်မယ်လို့တော့ မထင်ခဲ့ပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ အပတ်တွေမှာ တအားကို ကောင်းခဲ့ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ရီးရဲယ်မက်ဒရစ်ကို ၄-၀ နဲ့ နို်င်ခဲ့ခြင်းဟာ မယုံနိုင်စရာ ရလဒ်ပါပဲ။ အူဘာမီယန်းဟာ ဘာကာ အတွက် အရမ်းကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်ခဲ့ပြီး ဒီအချိန်မှာ ပက်ဒရီ ကလည်း စူပါခြေစွမ်းကို ရနေပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ ဘာစီလိုနာပဲ နိုင်သွားမယ်လို့ မြင်ပါတယ်။

ခန့်မှန်းချက်: ဖရန့်ဖတ် ၁-၃ ဘာစီလိုနာ

ဘရာဂါ vs ရိန်းဂျား

ဒါဟာ ရိန်းဂျားရဲ့ ရာသီမှာ အရေးကြီးတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ weekend မှာ ဆဲတစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေက သူတို့အပေါ်မှာ ကျရောက်နေပါတယ်။ သူတို့ဟာ အဝေးကွင်းမှာ ကောင်းကောင်း လုပ်ပြထားခဲ့ပေမယ့်လည်း ဒီအချိန်မှာ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းကို ကျွန်တော် စိတ်ပူနေပါတယ်။ ဘရာဂါဟာ အသင်းကောင်း ဖြစ်ပြီး ပြီးခဲ့တဲ့ weekend မှာ ဘင်ဖီကာကို နိုင်ထားခဲ့ပါတယ်။ ကျွန်တော်ကတော့ အိမ်ရှင်တို့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက်: ဘရာဂါ ၂-၁ ရိန်းဂျား

၀က်ဟမ်း vs လီယွန်
ဒါဟာ ၀က်ဟမ်း အတွက် နောက်ထပ် ကြီးကြယ်တဲ့ ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။ ဆီဗီလာ နဲ့ ဒုတိယအကျော့ ပွဲစဉ်က ကွင်းရဲ့ atmosphere နဲ့ ကစားပုံဟာ တအားကို ကောင်းမွန်ခဲ့ပါတယ်။ သူတို့ဟာ ဒီတစ်ကြိမ်မှာလည်း ဒါမျိုးကို မျှော်လင့်နေမှာပါ။ လီယွန်ဟာ ကောင်းမွန်တဲ့ အသင်းဖြစ်နေတာကြောင့် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ၀က်ဟမ်းဘက်ကိုပဲ ယိမ်းမိပါတယ်။ အိမ်ကွင်း အားသာချက်ဟာ ဒီပွဲရဲ့ အဆုံးအဖြတ် ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ခန့်မှန်းချက်: ၀က်ဟမ်း ၁-၀ လီယွန်

Europa Conference League
လက္စတာ vs PSV
ဒါဟာ နောက်ထပ် ခြေညီတဲ့ နှစ်သင်း တွေ့ဆုံတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ လက်စတာဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အတွက် တကယ့်ကို ကြိုးစားနေပြီး PSV ဟာ သူတို့အတွက် ခက်ခဲလှတဲ့ ပြိုင်ဘက် ဖြစ်နေမှာပါ။ PSV ဟာ နယ်သာလန်လိဂ်မှာ တအားကို ကောင်းနေတဲ့ အိုင်ယက်နဲ့ အမှတ်အနည်းငယ်ပဲ ကွာဟနေတဲ့ အသင်း ဖြစ်နေတာကြောင့် လက်စတာ အတွက်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လက်စတာတို့ အိမ်ကွင်းမှာ နိုင်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

ခန့်မှန်းချက် : လက်စတာ ၂-၁ PSV

SM