ယူနိုက်တက် နည်းပြ ဖြစ်လာဖို့ သတင်းထွက် နေခဲ့တဲ့ တူချယ်ကို ဒဲ့ဝေဖန်လိုက်တဲ့ အီမန်နျူရယ် ပီတစ်

ချဲလ်ဆီး နဲ့ အာဆင်နယ် အသင်းတွေရဲ့ ကွင်းလယ်လူဟောင်း ဖြစ်သူ အီမန်နျူရယ် ပီတစ် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ သတင်းထွက််နေခဲ့တဲ့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကို မေးခွန်းထုတ်သွားခဲ့လိုက်ပါတယ် ။

သောမတ်စ် တူချယ်ဟာ ယူနိုက်တက် နည်းပြသစ် ဖြစ််လာဖို့ ရေပန်းအစားဆုံးသူ တစ်ဦးတော့ မဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့ ချဲလ်ဆီးမှာ အနာဂတ် မတည်မငြိမ် ဖြစ်နေစဥ်မှာ အသင်း ပြောင်းနိုင်ခြေ ရှိတယ်လို့ သတင်းထွက်ခဲ့သူ တစ်ဦးပဲ ဖြစ်ခဲ့ပါတယ် ။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်နည်းပြသစ် ဖြစ််လာဖို့ အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ် နဲ့ PSG နည်းပြ ပိုချက်တီနိုတို့က ထိပ်ဆုံးကနေ ရေပန်းစားနေခဲ့ကြပါတယ် ။ ဒါပေမဲ့ တူချယ် ကလည်း ရွေးချယ်ချင်စရာကောင်းတဲ့ စာရင်းထဲ ပါဝင်နေခဲ့ရပါတယ် ။

ဒါပေမဲ့ ချဲလ်ဆီး ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ပီတစ် ကတော့ တူချယ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ နည်းပြ ဖိအားဒဏ်ကို ခံနိုင်ပါ့မလားဆိုတဲ့အပေါ် မယုံမကြည် ဖြစ်နေခဲ့ပါတယ် ။ ဒါ့အပြင် တူချယ်ရဲ့ နည်းစနစ်် အပေါ်လည်း ဝေဖန်သွားခဲ့လိုက်ပါတယ် ။

” သူ့ရဲ့ ချဲလ်ဆီး နည်းပြ ဘဝက ချန်ပီယံလိဂ် ဖလား ဆွတ််ခူးခြင်းနဲ့ အတူ အဖွင့်ကောင်းလွန်းခဲ့ပါတယ် ။ သူဟာ အရမ်းကောင်းတဲ့ နည်းပြ တစ်ဦးပဲလို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမဲ့ တခါတလေကျတော့ နည်းစနစ်ပိုင်းအရ သူဟာ ဘာကို လုပ်လို့ လုပ်ချင်နေမှန်း ခင်ဗျား မသိနိုင်ပါဘူး ”

” ဘရန့်ဖို့ဒ် နဲ့ ပွဲစဥ်မှာဆိုရင် သူဟာ ဘာကို လုပ်လို့လုပ်ချင်မှန်း ကျွန်တော် မသိခဲ့ပါဘူး ။ သူဟာ ကစားသမား အချို့နဲ့ ရုန်းကန်နေရဆိုတာ ကျွန်တော်တို့ မြင်နေရပါတယ်် ။ အဲ့တာက ဒီရာသီ အသင်းရဲ့ အဝတ်လဲခန်း ထဲမှာမြင်နေကျ အရာတစ်ခုပဲလေ ”

” ဒါပေမဲ့ တူချယ် လက်ထက်မှာတော့ ဒါဟာ တစ်ပါတ် ၊ တစ်လ အကြာအထိ ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။ တူချယ် နဲ့ လူကာကူ အကြားမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကျွန်တော့်ကို ရှင်းပြနိုင်မယ့်သူရှိလား ? ကျွန်တော်ကတော့ တကယ်ပဲ နားမလည်ပါဘူး ”

” တူချယ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြောင်းရွှေ့နိုင်ပါတယ် ။ ဒါပေမဲ့ အချို့ အရာတွေ ခက်ခဲလာတဲ့ အခါမှာ သူဟာ ပြောင်းလဲသွားတတ်တာကို မြင်ရပါလိမ့်မယ် ။ တခါတလေကျတော့ သူဟာ ဖိအားတွေကို ရင်ဆိုင်ရေးမှာ အခက်ကြုံလေ့ ရှိတတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်သွားရင် ဖိအားတွေက ချဲလ်ဆီး အသင်းထက် အများကြီး များနေမှာ သေချာလွန်းပါတယ် ။ အဲ့တာက သေချာလှတဲ့ အရာ တစ်ခုပါ ။ အဲ့တာကို သူ ကိုင်တွယ် ဖြေရှင်း နိုင်မလားဆိုတာတော့ ကျွန်တော် မယုံချင်မိပါဘူး ”

” မန်ချက်စတာ ယူနိုက်တက် အသင်းက အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို စုစည်းပေးနိုင်မဲ့ နည်းပြမျိုး လိုအပ်နေတာပါ ။ တူချယ်က အသင်းကို ပိုကောင်းစေနိုင်သူ ၊ ခြားနားတဲ့ စိတ်ဓါတ်တွေ ယူဆောင်ပေးနိုင်သူ တစ်ဦးပဲ ဖြစ်ပါတယ် ” လို့ ပီတစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်

#Sports_Myanmar