ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ သတင်းကြီးနေခဲ့တဲ့ တန်ဟတ် အပေါ် မှတ်ချက်ပေးလိုက်တဲ့ ရန်းဂနစ် 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် က ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ သတင််းတွေကြီးနေခဲ့တဲ့ အေဂျက်ဇ် နည်းပြ အဲရစ်တန်ဟတ်ကို ထိပ်တန်း နည်းပြတစ်ဦးပဲလို့ ထုတ်ဖော် ချီးကျူးသွားခဲ့လိုက်ပါတယ် ။ 

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ အကုန်မှာ နည်းပြသစ် ခန့်အပ်သွားဖို့ ဆန္ဒရှိနေပြီး ဒီနေရာအတွက်် အေဂျက်ဇ် အသင်းနဲ့ ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့တဲ့ အဲရစ် တန်ဟတ် က ရေပန်း အစားဆုံး ဖြစ်နေခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့လတုန်းကပဲ နည်းပြသစ် ရှာဖွေရေး အတွက် အင်တာဗျူးတွေ လုပ််ဆောင်ခဲ့ပြီး အဆိုပါ အင်တာဗျူးတွေထဲမှာ အဲရစ် တန်ဟတ်လည််း ပါဝင်ခဲ့ကြောင်း သိခဲ့ရပါတယ် ။ ဒါ့အပြင် သူနဲ့ ဆွေးနွေးမှု အနေအထားတွေလည်း ကောင်းမွန်ခဲ့ပါတယ် ။

 

ဒါ့ကြောင့်လည်း လက်ရှိ အချိန်မှာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ ရန်းဂနစ် က ရေပန်း အစားဆုံး ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အခုထိတော့ တိကျ သေချာတဲ့ သဘောတူညီမှုမျိုးကို ယူနိုက်တက်တို့ မရရှိကြသေးဘူးလို့လည်း သိခဲ့ရပါတယ် ။

 

အခုတော့ အဲဗာတန် အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဥ်မတိုင််မီ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြသစ် အကြောင်း အမေးခံလိုက်ရချိန်မှာတော့ ရန်းဂနစ် က ဒါဟာ ပွဲစဥ်အကြောင်း ပြောဆိုရမယ့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ဖြစ်ကြောင်း ၊ ယူနိုက်တက်တို့ ချိတ်ဆက်ခဲ့တာတွေက ထိပ်တန်း နည်းပြတွေ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

 

” ဒါက ပွဲစဥ်အကြောင်း ပြောဆိုရမယ့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲပါ ။ ဒါ့ကြောင့် ဘယ်သူ နည်းပြသစ် ဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒီနေရာမှာ ကျွန်တော် ပြောဆို ဆွေးနွေးလိုစိတ် မရှိပါဘူး ။ ကျွန်တော် သိသလောက်က အသင်းက ဆွေးနွေးခဲ့တာ ထိပ်တန်း နည်းပြတွေချည်းပါပဲ ”

 

” အဲ့ရစ် တန်ဟတ် ကလည်း ထိပ်တန်း နည်းပြ တစ်ဦးပါ ။ လက်ရှိ အချိန်မှာ ကျွန်တော် ဒီလောက်ပဲ ​ပြောဆိုနိုင်ပါတယ် ။ ကျွန်တော့် အတွက် အရေးကြီးတာက ပွဲစဥ်အတွက်် ကြိုတင်ပြင်ဆင်ရေးပါ ။ ဒီနေ့ပွဲမှာ 3 မှတ် ရအောင် ကျွန်တော်တို့ ကောင်းကောင်း ပြင်ဆင်ရပါ့မယ် ”

” အသင်းက ဘယ်သူတွေနဲ့ ဆွေးနွေးထားခဲ့သလဲဆိုတာ ကျွန်တော် သိထားပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ကျွန််တော် ကတော့ ဒီနေ့ ပွဲစဥ်အပေါ်ပဲ အာရုံစိုက်ထားပါတယ် ။ အဲ့တာပြီးရင် လာမယ့် ပွဲစဥ်တွေ အတွက်လည်း ပြင်ဆင််မှုတွေ ပြုလုပ်ရပါဦးမယ် ” လို့ ရန်းဂနစ် က ပြောခဲ့လိုက််တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar