ယူနိုက်တက်မှာ ရပ်ရှ်ဖို့ရဲ့ အနာဂတ် ကုန်ဆုံးသွားပြီလို့ ပြောလိုက်တဲ့ ရက်ဒ်နပ်

လီဗာပူးနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ ကွင်းလယ််လူဟောင်း တစ်ဦးဖြစ်သူ ဂျေမီ ရက်ဒ်နပ် က မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝဟာ အဆုံးသတ်သွားပြီဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

ဒီစကားကိုတော့ ယူနိုက်တက်တို့ လက်စတာ စီးတီး အသင််းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်သာ ထွက်ပေါ်အောင် ကစားခဲ့တဲ့နောက် ဂျေမီ ရက်ဒ်နပ် က ထုတ်ပြောခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာတော့ ရပ်ရှ်ဖို့ဟာ နာရီဝက်မျှသာ လူစားဝင် ကစားခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီအတွက် ကစားသမား ကိုယ်တိုင်ကလည်း စိတ်မကျေမနပ် ဖြစ်နေခဲ့တာကို အထင်းသား မြင်တွေ့ခဲ့ရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ခရစ္စတီယာနိူ ရော်နယ်ဒို ၊ အီဒင်ဆန်် ကာဗာနီ တို့ မပါဝင်နိုင်တဲ့ ပွဲစဥ်မျိုးမှာ သူဟာ ပွဲထွက် ကစားခွင့် ရလိမ့်မယ်လို့ အပိုင်တွက်ထားလို့ပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်နည်းပြ ရန်းဂနစ်ကတော့ မန်စီးတီး အသင်းနဲ့ ပွဲစဥ်တုန်းကလိုပဲ ဘရူနို ဖာနန်ဒက်စ် ကို တိုက်စစ််နေရာထားပြီး ရပ်ရှ်ဖို့ ကို အရံ အဖြစ်သာ ထားခဲ့ကာ false 9 ကစားကွက်ကို ထုတ်သုံးသွားခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမဲ့ အလုပ် မဖြစ်ခဲ့ပြန်ပါဘူး ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရပ်ရှ်ဖို့ ရဲ့ အနေအထားတွေက ပြောင်းလဲသွားဖို့ ရှိမနေပါဘူး ။ အခုတော့ ရက်ဒ်နပ် က ရပ်ရှ်ဖို့ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အနာဂတ် မရှိတော့ဘူးလို့ ထင်မိကြောင််း ၊ အသင်းပြောင်းသင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူဟာ တစ်နေရာရာကိုသွားပြီး ပွဲထွက်ကစားခွင့်တွေ ရယူကာ မိမိဟာ ဘာလဲ ဆိုတာကို ပြသသင့်တဲ့ လူငယ် ကစားသမားလေး တစ်ဦးပါပဲ ။ အခုတော့ သူ့ကို ကြည့်ရတာက ပွဲစဥ်တွေ ကစားရတာကို ချစ်ခင်နှစ်သက်မှု မရှိတော့သလိုပါပဲ ”

” သွားပါ ၊ တစ်နေရာရာ သွားပြီး ပွဲထွက် ကစားခွင့်တွေ ရယူလိုက်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကစားသမားကောင်း တစ်ဦး ဖြစ်နေလို့ ပါပဲ ။ သူ့လို ကစားသမားမျိုးကို လိုချင်တဲ့ အသင်း တစ်ရာလောက် သေချာပေါက် ရှိနေပါလိမ့်မယ် ”

” သူဟာ အောင်မြင်မှုတွေလည်း အများကြီး ရယူထားခဲ့သူပါ ၊ ဥပမာ အနေနဲ့ ပြောရရင် PSG အသင်းကို ဥရောပမှာ ရင်ဆိုင်ခဲ့တဲ့ ပွဲစဥ်မျိုးပေါ့ ။ အင်္ဂလန်မှာ ရှိတဲ့ ကလပ်တွေက သူ့ကို လိုချင်မှာပါ ။ အာဆင်နယ် ၊ တော့တင်ဟမ် အသင်းတွေနဲ့ လူတိုင်းက သူ့ကို လိုချင်ကြမှာပါ ”

” ဘယ်လိုပဲ ဖြစ်ပါစေ ၊ ကျွန်တော့် အတွေးထဲမှာတော့ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝဟာ ကုန်ဆုံးသွားပြီလို့ပဲ တွေးထင်မိပါတယ် ” လို့ ရက်ဒ်နပ် က ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar