မန်စီးတီး Vs လီဗာပူး?? မိုက်ကယ်အို၀င်ရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ

၁~အဲဗာတန် Vs မန်ယူနိုက်တက်

ဗုဒ္ဓဟူးနေ့က ဘန်လေကို ရှုံးနိမ့်ခဲ့ခြင်းဟာ တကယ့်ကို ကပ်ဆိုးပါပဲ။ ဒီအချိန်မှာ ဖိအားတွေ များနေတဲ့ ကလပ်ရဲ့ atmosphere ဟာ ကောင်းနေမှာတော့ မဟုတ်ပါဘူး။ လမ်းပတ် အနေနဲ့ ကြီးမားတဲ့ အလုပ်ကို ကိုင်တွယ်သွားရမှာပါ။ ကျွန်တော် ပြောခဲ့ဖူးတဲ့အတိုင်းပဲ ဂွတ်ဒီဆင်ပက်ဟာ ဒီရာသီ အဲဗာတန်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးသွားမယ်လို့ပါ။ သူတို့ဟာ အိမ်ကွင်းမှာ တက်နိုင်သမျှ အမှတ်တွေ ရယူသွားဖို့ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်တို့ အိမ်ကွင်းမှာ လက်စတာနဲ့ သရေကျခဲ့ခြင်းဟာ အံ့အားသင့်စရာတော့ မရှိပါဘူး။ သူတို့ဟာ ခြေစွမ်း တအားကို မတည်ငြိမ်တဲ့ အသင်း ဖြစ်ပြီး ဒီရာသီကတော့ သူတို့အတွက် အခြေအနေ မကောင်းနိုင်လောက်ပါဘူး။ အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေ ရှိနေပေမယ့် သွင်းဂိုးတွေ နည်းနေတာကလည်း စိတ်ပူစရာပါ။ ဒီလို လူအင်အားနဲ့ ဒီလိုမျိုး မဖြစ်သင့်ပါဘူး။ အိမ်ကွင်းပရိတ်သတ်တွေ ကတော့ ဒီပွဲအတွက် အားခဲနေမှာပါ။ ပရိတ်သတ်တွေဟာ သူတို့ရဲ့ အသင်း ဘယ်လောက် ဒုက္ခရောက်နေသလဲဆိုတာ သိကြပါတယ်။ ဂွတ်ဒီဆင်ဟာ ပရိတ်သတ်အားကြောင့် အဝေး အသင်းတွေ အတွက် ခက်ခဲတဲ့ နေရာပါ။ ကျွန်တော်ကတော့ သရေပွဲလို့ ရွေးချယ်ပါတယ်။

ခန့်မှန်းချက် : ၁-၁

၂~ အာဆင်နယ် vs ဘရိုက်တန်
ဒီပွဲဟာ အာဆင်နယ် အတွက် အရမ်းကို အရေးကြီးတဲ့ပွဲပါ။ ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ခြင်းဟာ တကယ့်ကို အံ့အားသင့်စရာပါ။ ဒါပေမယ့် သူတို့ဟာ ထိုက်တန်စွာ ရှုံးခဲ့တာပါ။ သူတို့ဟာ အဆင့် ၄ နေရာကို control ထားတဲ့ပုံ ရှိနေတာကြောင့် ဒီပွဲမှာ အာဆင်နယ်တို့ ဘယ်လို တုန့်ပြန်သွားမလဲဆိုတာ စိတ်၀င်စားစရာ ပါပဲ။

ဘရိုက်တန် ကတော့ ဘာအတွက်မှ ကစားဖို့ မရှိတဲ့ အသင်းလိုပါပဲ။ သူတို့ဟာ တန်းဆင်းဇုန် အန္တရာယ်ကနေ လွတ်ကင်းသွားတယ်ဆိုတာ သေချာတာနဲ့ form က လုံး၀ ကျသွားခဲ့ပါတယ်။ သူတို့ ဂိုးတွေ သွင်းယူဖို့ လိုအပ်နေပါတယ်။ ဘရိုက်တန်ဟာ ဂိုးရဖို့ အတွက် ရုန်းကန်နေရတာကြောင့် ဒါဟာ အာဆင်နယ် အတွက် အခြေအနေ ကောင်းနိုင်တဲ့ပွဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အာဆင်နယ်ရဲ့ နိုင်ပွဲလို့ ထင်ပါတယ်။

ခန့်မှန်းချက် : ၂-၀

၃~ ဆောက်သမ်တန် vs ချဲလ်ဆီး
ဒါဟာ ဆောက်သမ်တန် အတွက် ခက်ခဲတဲ့ ရက်သတ္တပတ်တွေပါပဲ။ ဒါပေမယ့် သူတို့ဟာ လိဒ်နဲ့ပွဲမှာ ၀က်ပရောက်စ်ကြောင့် တစ်မှတ် ရယူနိုင်ခဲ့ပါတယ်။ သူဟာ တအားကို ကောင်းတဲ့ set-piece taker ဖြစ်ပြီး သူ့ရဲ့ ဖရီးကစ်သွင်းဂိုးတွေဟာ မယုံနိုင်စရာပါပဲ။ သောမတ်တူချယ်ဟာ ကြားရက်က ရီးရဲယ်ကို ရှုံးခဲ့တဲ့ပွဲမှာ သူ့အသင်းရဲ့ ခြေစွမ်းအပေါ် ကျေနပ်မှာ မဟုတ်ပါဘူး။ ဘရန့်ဖို့ဒ်ကိုလည်း ပြီးခဲ့တဲ့အပတ်က ရှုံးထားခဲ့တာကြောင့် ဒီအသင်းအပေါ် ဖိအားတွေ ကျရောက်နေပါပြီ။

ကျွန်တော်ကတော့ ဒီပွဲမှာ ချဲလ်ဆီးရဲ့ တုန့်ပြန်မှုကို မြင်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒီနှစ်သင်းကြား ကွာဟချက်က သိပ်ပြီး မများပါဘူး။ ဒါပေမယ့် ချဲလ်ဆီးတို့ ကပ်ပြီး နို်င်သွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ခန့်မှန်းချက် : ၁-၂

၄~အက်စတွန်ဗီလာ vs တော့တင်ဟမ်
ဗီလာအနေနဲ့ တကယ့်ကို ကောင်းတဲ့ စွမ်းဆောင်ရည်ကို လိုအပ်နေပါတယ်။ သူတို့ဟာ အရည်အသွေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဂျာရတ် ပြောခဲ့တဲ့အတိုင်းပဲ သူတို့ရဲ့ form ဟာ တအားကို မတည်မငြိမ် ဖြစ်လွန်းနေပါတယ်။ ဝုဖ်ကို ရှုံးခဲ့တဲ့ပွဲစဉ်က ပထမပိုင်း ခြေစွမ်းဟာ မကောင်းခဲ့ပါဘူး။ ကျွန်တော်ကတော့ ဒီပွဲမှာ ဗီလာရဲ့ တုန့်ပြန်မှုကို မျှော်လင့်ထားပါတယ်။

စပါးရဲ့ တိုက်စစ်ကစားဟန်ကို ကျွန်တော် တကယ် နှစ်သက်နေပါတယ်။ ကွန်တီ ကိုင်တွယ်စဉ်က ဒါမျိုးကို မြင်ရလိမ့်မယ်လို့ လူတွေ ထင်ထားခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ တိုက်စစ်ဟာ ပြိုင်ဘက်တွေ အတွက် တကယ့် အန္တရာယ်ပါ။ နောက်တန်းမှာလည်း တိုးတက်မှု တစ်ချို့ကို မြင်တွေ့နေရပါတယ်။ ရိုမယ်ရိုကိုတော့ ကျွန်တော် မျက်စိကျနေပါတယ်။ ကွန်တီဟာ သူ့ကို ထိပ်တန်း နောက်ခံလူ ဖြစ်လာအောင် ပုံသွင်းပေးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် ဒီနေရာမှာ ဗီလာကို အကြိုက်တွေ့နေဆဲပါ။ သူတို့ဟာ တကယ့်ကို ကောင်းလှတဲ့ performance ကို လိုအပ်နေပြီး သူတို့ ဒီပွဲမှာ ဒါကို ရလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ၂-၁

၅~မန္စီးတီး vs လီဗာပူး
ဒီရာသီရဲ့ အကြီးကြယ်ဆုံးပွဲပါပဲ။ စီးတီးဟာ ကြားရက်က အက်သလက်တီကိုနဲ့ပွဲမှာ ကစားပုံကောင်းခဲ့ပါတယ်။ သိတဲ့အတိုင်းပဲ ဆီမွန်နီရဲ့ အသင်းနဲ့ ရင်ဆိုင်ရတာဟာ ဘယ်တော့မှ မလွယ်ကူသလို ပျော်စရာလည်း မကောင်းပါဘူး။ ဒါပေမယ့်လည်း စီးတီးဟာ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ကျွန်တော်ယူဆပါတယ်။ သူတို့ဟာ နောက်ပိုင်းပွဲတွေမှာ အဆုံးသတ်မှာ တိကျမှု မရှိဖြစ်နေပါတယ်။

လီဗာပူးဟာ ကြားရက်က လစ္စဘွန်းမှာ ဘင်ဖီကာကို ၃-၁ နဲ့ ထိုက်တန်စွာ နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါဟာ ဒီပွဲစဉ်အတွက် အကောင်းဆုံး သွေးပူလေ့ကျင့်ခန်းပါ။ ဘင်ဖီကာဟာ ဒုတိယပိုင်းမှာ အကောင်းဆုံး တုန့်ပြန်ကစားခဲ့ပါတယ်။ ဒီယက်ဟာ ဒီအသင်းနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် အစောကတည်းက ပြောခဲ့ပြီးသားပါ။ သူဟာ ဒီအသင်းကို ပိုမို အားကောင်းသွားစေပြီး ဒီပွဲစဉ်မှာ အဓိက အခန်းကဏ္ဍကနေ ပါ၀င်သွားခဲ့မယ်ဆိုရင်လည်း အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

ဒီပွဲစဉ်ဟာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ လီဗာပူးကိုပဲ ရွေးချယ်ပါတယ်။ သူတို့ဟာ စီးတီးထက် အနည်းငယ် အရှိန်အဟုန်ကောင်း ရနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ သူတို့ဟာ တိုက်စစ်ပိုင်းမှာ စီးတီးထက် အနည်းငယ် သာနေပါတယ်။ လီဗာပူးတို့ နိုင်သွားမှာပါ။

ခန့်မှန်းချက် : ၁-၂

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်များ
၀က်ဖို့ဒ် ၁-၁ လိဒ်
ဘရန့်ဖို့ဒ် ၀-၁ ၀က်ဟမ်း
လက်စတာ ၁-၁ ခရစ်စတယ်ပဲလေ့စ်
နော့ဝှစ် ၀-၁ ဘန်လေ

SM