မန်စီးတီး vs လီဗာပူး ပွဲ အပါဝင် လော်ရိုး ရဲ့ ခန့်မှန်းချက်များ

အဲဗာတန် vs ယူနိုက်တက်

အဲဗာတန် က ဘန်လေ ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲကို ကျနော် ကြည့်ဖြစ်ခဲ့ပါတယ်။ သူတို့ ရဲ့ ကြိုးစားအားထုတ်မှုတွေ ၊ စိတ်ဓါတ်ပိုင်း ဆိုင်ရာ တိုက်ပွဲဝင်မှု တွေက မေးခွန်း ထုတ်စရာကို မလိုတာပါ။ သူတို့ဟာ အရမ်းကို ကြိုးစားပြီး ကစားသွားကြပါတယ် ၊ ဒီပွဲ ကို ကြည့်ရင်ပဲ တန်းဆင်းဇုံ တိုက်ပွဲက ရုန်းထွက်ဖို့ ဘယ်လောက်အထိ ဆန္ဒပြင်းပြနေလဲ ဆိုတာ မြင်နိုင်ပါတယ်။

ကံမကောင်းစွာနဲ့ပဲဗျာ တကယ့် အချိန်တွေ ရောက်ရင် အဲဗာတန် က အရည်အသွေး ပါမလာပဲဖြစ်နေပါတယ်။

သူတို့ဟာ တစ်သင်းလုံး ရုန်းကန်နေရတာ ဖြစ်လို့ နောက်တန်း တစ်ခုတည်းကို အပြစ်တင်လို့ မရတော့ပါဘူး။ 2-1 နဲ့ ဦးဆောင်နေတဲ့ အနေအထားမှာ ဂိုးသွင်းက သူတို့က ပိုပြီး ရခဲ့တာပါ။ ဒါပေမယ့် အဲဒီ အခွင့်အရေး ကို မယူနိုင်တဲ့ အတွက်လဲ ၊ ပေးဆပ်မှုတွေ ကြီးမားသွားတာ ဖြစ်ပါတယ်။

စနေ့မှာ အစောကြီး ကစားရမှာ ဆိုပေမယ့် အဲဗာတန် မှာ မျှော်လင့်ချက်က ရှိနေပါသေးတယ်။ သူတို့ရဲ့ အိမ်ရှင် ပရိသတ်တွေ ရဲ့ ရှေ့မှောက်မှာ ယုံကြည်မှု က ပိုပြီးတောင် မြင့်နေမှာပါ။ ယူနိုက်တက် ကလဲ ခြေစွမ်း မတည်မငြိမ် ဖြစ်နေတဲ့ အသင်းပါပဲ။

တန်းဆင်းဇုံ တိုက်ပွဲဟာ အရမ်းကို အန္တရာယ်များတယ် ဆိုတာ အဲဗာတန် ပရိသတ်တွေ ကောင်းကောင်း သိပါတယ်။ ဒါကြောင့်လဲ ကစားသမားတွေ ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ထွက်လာအောင် သူတို့က ဝိုင်းပြီး မြှင့်တင်ကြမှာပါ။ မန်စီးတီး နဲ့ ပွဲမှာ ဆိုရင် အမှတ်ရလု နီးပါး အထိတောင် ဖြစ်ခဲ့သလို ၊ ကစားပုံကလဲ တော်တော်ကောင်းခဲ့တာပါ။

ဒါကြောင့် ပရိသတ် ဝန်းရံမှု က အများကြီး အထောက်အပံ့ ဖြစ်လာပါလိမ့်မယ်။

ယူနိုက်တက် က ပိုကောင်းတဲ့ အသင်းဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဗာတန် က လုံး၀ အမှားခံလို့ မရတာမို့ အစွမ်းကုန် ကြိုးစားမှာပါ။

နောက်ပိုင်းမှာ အဲဗာတန် ရဲ့ စည်းကမ်းပိုင်း ဆိုင်ရာ လိုက်နာမှု က မေးခွန်းထုတ်စရာ ဖြစ်လာလို့ ၊ ကွင်းထဲမှာ 11 ပြည့် ဖြစ်နေဖို့တော့ အရေးကြီးပါတယ်။ သူတို့ပဲ အသက်နဲ့ ရင်းပြီး တိုက်ပွဲ ဝင်သွားမှာပါ။
ခန့်မှန်းချက် – အဲဗာတန် 1-1 ယူနိုက်တက်

အာဆင်နယ် vs ဘရိုတ်တန်

ပဲလေ့ ကို ရှုံးတဲ့ ပွဲမှာ အာဆင်နယ် ရဲ့ ပုံစံက ပြောင်းပြန် ဖြစ်သွားပါပြီ။ ရလာဒ်တင် ရှုံးတာ မဟုတ်ပါဘူး ၊ စွမ်းဆောင်ရည်ပိုင်း အရကို နောက်ကောက်ချခံလိုက်ရတာပါ။ ဒါဟာ မိုက်ကယ် အာတေးတား အတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီပွဲဟာ နိုင်ပွဲ ပြန်ရှာဖို့ အတွက် အကောင်းဆုံး အခွင့်အလမ်းမျိုး ဖြစ်နေပါတယ်။

ဘရိုတ်တန် ဟာ နော့ဝှစ်ချ် ကို သရေ ကစားပြီး ရှုံးပွဲဆက်နေတဲ့ မှတ်တမ်းကို ရပ်တန့်ပြလိုက်ပေမယ့် ၊ တိုက်စစ်က ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရဆဲပါ။ ဒါကို ချက်ခြင်း ပြင်နိုင်မယ် မထင်ပါဘူး ။ ကျနော် ကတော့ အာဆင်နယ် ကိုလဲ ဒုက္ခပေးလိမ့်မယ်လို့ မမြင်ပါဘူး။
ခန့်မှန်းချက် – အာဆင်နယ် 2-0 ဘရိုတ်တန်

ဆောက်သမ်တန် vs ချဲဆီး

အိမ်းကွင်း 2 ပွဲ ဆက်တိုက် ကစားခဲ့တဲ့ အနေအထားမှာ ပေးဂိုး 7 ဂိုး အထိ ရှိခဲ့တာ က ချဲဆီး အတွက် တော်တော်လေး ဆိုးဝါးတယ်လို့ ပြောရမှာပါ။ အထူးသဖြင့် ဘရန်းဖို့ဒ် လို အသင်ကို 1-4 နဲ့ ရှုံးနိမ့်မယ် လို့ လုံး၀ ကို မထင်ခဲ့တာပါ။

ဒီပွဲမှာတော့ သောမတ် တူချယ် က တုန့်ပြန်ပြတာမျိုးပဲ မြင်ရမယ် ထင်ပါတယ်။ ဆောက်သမ်တန် က ပြိုင်ဘက်ကောင်း ဖြစ်ပေမယ့် ချဲဆီး အနေနဲ့လဲ ပြန်ပြီး လမ်းကြောင်းတည့်မတ်ဖို့ လိုပါပြီ။
ခန့်မှန်းချက် – ဆောက်သမ်တန် 1-2 ချဲဆီး

မန်စီးတီး vs လီဗာပူး

ဒီပွဲက ပွဲကြီး ပွဲကောင်း တစ်ပွဲပါ။ ကျနော် ကတော့ ဖျော်ဖြေမှု ပေးမယ့် ပွဲမျိုးလို့ မျှော်လင့်ထားပါတယ် ဘာလို့လဲ ဆိုတော့ နှစ်သင်း စလုံးက ဘောလုံး ကို ရသမြှောက်အောင် ကစားကြတယ် ၊ ပင်ကိုယ် ပါရမီတွေလဲ ပြည့်၀ ထားကြတယ်လေ။

အခိုက်အတန့် တစ်ခုခု ရောက်ရင်တော့ တစ်သင်း က ဦးဆောင်ထားပါလိမ့်မယ်။ ဘယ်သူ ဦးဆောင်မလဲ ဆိုတာ က အခွင့်အရေးတွေ ရလာတဲ့ အချိန်မှာ ဘယ်သူက ထိထိမိမိ ဆုပ်ကိုင်ပြနိုင်လဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီပွဲဟာ ပြတ်သားမှုရှိမှာ မဟုတ်ပါဘူး။ ဂိုးတွေတော့ သွင်းကြမယ် ထင်ပါတယ်။

ကျနော့် အမြင်တစ်ခုကိုပဲ ပြောရရင် ချန်ပီယံ အဆုံးအဖြတ်ပေးမယ့် ပွဲလို့တော့ မမြင်ပါဘူး ဘာလို့လဲ ဆိုတော့ နောက်ထပ် 7 ပွဲ အထိတောင် ဆက်ပြီး ကစားရဦးမှာလေ။ ဘယ် အသင်းပဲ အနိုင်ရပါစေ ဖိအားကတော့ ရှိနေဦးမှာပါ။ ဒါပေမယ့် ကျနော် ကတော့ သရေပဲ မှန်းထားချင်ပါတယ်။
ခန့်မှန်းချက် – မန်စီးတီး 2-2 လီဗာပူး


အခြားပွဲစဉ် ခန့်မှန်းချက်များ
နယူး 0-2 ဝုဖ်
ဝက်ဖို့ဒ် 1-2 လိဒ်
ဗီလာ 1-2 စပါး
ဘရန်းဖို့ဒ် 2-1 ဝက်စ်ဟမ်း
လက်စတာ 0-2 ပဲလေ့
နော့ဝှစ်ချ် 0-2 ဘန်လေ

SM