မန်စီးတီးနဲ့ လီဗာပူးကစားသမားတွေ ပေါင်းစပ်ထားတဲ့ Combined XI ကို ရွေးချယ်ရာမှာ ဆာလားကို ချန်လှပ်ပစ်ခဲ့တဲ့ ဒေးဗစ်ဂျိမ်းစ်

လီဗာပူး နဲ့ မန်စီးတီး ကစားသမားဟောင်း ဖြစ်သူ ဒေးဗစ်ဂျိမ်းဟာ လာမည့် တနင်္ဂနွေနေ့ မန်စီးတီး vs လီဗာပူး တို့ရဲ့ ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်း မတိုင်မီ ဒီနှစ်သင်းရဲ့ ကစားသမားတွေနဲ့ ပေါင်းစပ်ထားတဲ့ XI ကို ရွေးချယ်ရာမှာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် မိုဟာမက်ဆာလားကို ချန်လှပ်ပစ်ခဲ့ပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီ weekend မှာ ပက်ရဲ့ အသင်းကို အီတီဟတ်မှာ သွားကစားရမှာ ဖြစ်ပြီး ဒီပွဲကို နိုင်ခဲ့မယ် ဆိုရင် မန်စီးတီးကို ကျော်တက်နိုင်မှာ ဖြစ်ပါတယ်။

လီဗာပူးဟာ မန်စီးတီးနဲ့ ၁၄ မှတ်ထိ ကွာဟခဲ့တဲ့ အနေအထား ကနေ တစ်မှတ် အကွာကို ရောက်ရှိလာအောင် နိုင်ပွဲတွေ ဆက်တိုက်ရယူကာ အကောင်းဆုံး လုပ်ပြထားခဲ့တဲ့ အသင်း ဖြစ်ပြီး title race ဟာ လက်ရှိအချိန်မှာ အတော်လေးကို အသက်၀င်နေပါတယ်။ လာမည့် တနင်္ဂနွေနေ့ ပွဲစဉ် မတိုင်မီ ဒေးဗစ်ဂျိမ်းစ်ဟာ ဒီနှစ်သင်းရဲ့ ကစားသမားတွေ ပေါင်းစပ်ထားတဲ့ ပွဲထွက် ကစားသမား ၁၁ ယောက်ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။

 

အင်္ဂလန် ဂိုးသမားဟောင်းဟာ သူ့ရဲ့ ၂၆ နှစ်တာ ကစားသမား ဘ၀ အတွင်း ဒီနှစ်သင်းမှာ ကစားခဲ့သူ ဖြစ်ပြီး လီဗာပူးနဲ့ အတူ လိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းတာ ကတော့ ဂျိမ်းစ်ဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် မိုဆာလားကို ချန်လှပ်ခဲ့ကာ တောင်ပံတိုက်စစ်တွေမှာ လူး၀စ်ဒီယက် နဲ့ ဖီးလ်ဖိုဒန် တို့ကို ရွေးချယ်ခဲ့ပါတယ်။ ဒီယက်ဟာ ဇန်နဝါရီက ပေါ်တိုကနေ လီဗာပူးကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း လျှင်မြန်စွာ အထိုင်ကျကာ ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး ဖိုဒန်ကတော့ အင်္ဂလန်ရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့်တွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

တကယ်တော့ ဂျိမ်းစ်ဟာ ဒီအသင်းမှာ လီဗာပူး ကစားသမား ၄ ဦးကိုသာ ရွေးချယ်သွားခဲ့ပြီး ကွင်းလယ် တရွေးချယ်ခဲ့ခြင်း မရှိခဲ့ကာ သူ့ကို နောက်တစ်ခါ ထပ်ပြီး မေးခဲ့မယ်ဆိုရင်တော့ ဆုံးဖြတ်ချက် အပြောင်းအလဲ ဖြစ်နိုင်လောက်တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။

ဂျိမ်းစ်က “ဂိုးသမားနေရာမှာတော့ ကျွန်တော် အီဒါဆင်ကို ကျော်ကာ အလီဆွန်ကို ရွေးချယ်ပါတယ်။ ဘာလို့လဲဆိုတော့ အလီဆွန်ဟာ ပိုပြီး အလုပ်လုပ်ရလို့ ဖြစ်ပါတယ်။ စဉ်းစားကြည့်လိုက်မယ် ဆိုရင် အလီဆွန်ဟာ ပြီးခဲ့တဲ့လတွေ အတွင်း လီဗာပူး အတွက် clean sheets တွေ အများကြီး ရယူပေးခဲ့တဲ့ အပြင် ပြိုင်ဘက်ရဲ့ အပိုင်အခွင့်အရေး တွေကိုလည်း အကောင်းဆုံး တားဆီးပေးခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် တစ်ချို့မှာ အီဒါဆင်ဟာ ကွင်းလယ်ကို ဘောလုံး ၂ ကြိမ်လောက်ပဲ ကန်ခဲ့ရတယ်လို့ ကျွန်တော် ထင်ပါတယ်။

ဘယ်နောက်ခံလူ နေရာမှာတော့ ကန်ဆယ်လိုကို ကျော်ကာ ကျွန်တော် ရောဘတ်ဆန်ကို ရွေးချယ်ပါတယ်။ ရောဘတ်ဆန်ဟာ ကန်ဆယ်လိုလောက် ကန်သွင်းမှုတွေ မလုပ်တဲ့သူ ဖြစ်တာကြောင့် ဘောလုံး ဆုံးရှုံးမှု နည်းပါးပါတယ်။ ပြီးတော့ ကျွန်တော် ဗာဂျယ်ဗန်ဒိုက် နဲ့ ရူဘင်ဒီယက် တို့ကို ရွေးချယ်သွားမှာပါ။

ညာနောက်ခံလူ နေရာ အတွက် ကျွန်တော် ကိုင်းဝေါ်ကာကို ရွေးချယ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသင်းဟာ high line ကစားမှာ ဖြစ်တာကြောင့် နောက်မှာ နေရာလွတ်တွေ အများကြီး ကျန်မှာ ဖြစ်တာကြောင့် သူ့အနေနဲ့ နောက်ကို အမြန် ပြန်ပြေးကာ ကာကွယ်သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော် ထရန့်အလက်ဇန်းဒါးအာနိုးရဲ့ တိုက်စစ် ကစားပုံကို နှစ်သက်ပါတယ်။ သူဟာ နောက်ခံလူကောင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ကျော်ကာ ဝေါ်ကာကို အနည်းငယ် အသာပေးလိုက်ပါတယ်။

ကွင်းလယ် တစ်ခုလုံးကိုတော့ ကျွန်တော် စီးတီး ကစားသမားတွေကိုပဲ ရွေးချယ်သွားမှာပါ။ ဒါ့ကြောင့် ရိုဒရီ ကယ်ဗင်ဒီဘရိုင်းနား ဘာနာဒိုဆေးလ်ဗား တို့ကို ကွင်းလယ်မှာ ထားသွားပါမယ်။ တိုက်စစ်ပိုင်း မှာတော့ ကျွန်တော် စတားလင်း ဖိုဒန် ဒီယက် တို့ကို ထားကစားသွားမှာပါ။ ဒါ့ကြောင့် မိုဆာလား မပါတော့ပါဘူး။ ခင်ဗျား ကျွန်တော့်ကို နောက်ထပ် နာရီ၀က်လောက်မှာ ထပ်မေးခဲ့မယ် ဆိုရင် ဒီအသင်းက လုံး၀ကို ခြားနားသွားမှာပါ။” လို့ ပြောသွားပါတယ်။

ဂျိမ်းရဲ့ မန်စီးတီး + လီဗာပူး Combined XI – အလီဆွန် ဝေါ်ကာ ဗန်ဒိုက် ရူဘင်ဒီယက် ရောဘတ်ဆန် ရိုဒရီ ဘာနာဒို ဒီဘရိုင်းနား ဖိုဒန် စတားလင်း ဒီယက်

SM