မန်စီးတီးနဲ့ ပွဲစဉ်မှာ ယာဂန်ကလော့ ပွဲထုတ်သွားသင့်တဲ့ front three ကို ပြောပြသွားခဲ့တဲ့ ဒေးဗစ်ဂျိမ်းစ်

လီဗာပူး နဲ့ မန်ချက်စတာစီးတီး ဂိုးသမားဟောင်း ဖြစ်သူ ဒေးဗစ်ဂျိမ်းစ်က လာမည့် တနင်္ဂနွေနေ့ အီတီဟတ်မှာ ကစားသွားရမယ့် မန်စီးတီး vs လီဗာပူး တို့ရဲ့ title race အတွက် အရေးကြီးလှတဲ့ ပွဲစဉ်မှာ ယာဂန်ကလော့ အနေနဲ့ ဘယ် front three ကို အသုံးပြုသွားသင့်လဲ ဆိုတာ ပြောပြသွားခဲ့ပါတယ်။ ဒီရာသီရဲ့ ၈ ပွဲ ကစားဖို့ ကျန်နေချိန်မှာ လီဗာပူးဟာ မန်စီးတီးကို တစ်မှတ်အကွာကနေ ဖိအားပေးလျက် ရှိနေပါတယ်။

လူတော်တော်များများ ကတော့ ဒီပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းဟာ အမှတ်ပေးဖလား အတွက် အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်သွားမယ်လို့ ယူဆနေကြပါတယ်။ ယာဂန်ကလော့ နဲ့ ပက်ဂွာဒီယိုလာ တို့ဟာ ဒီပွဲစဉ် အတွက် လူရွေးချယ်ရာမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားရမှာ ဖြစ်ပြီး ဒါဟာ ပွဲရဲ့ ရလဒ်အတွက် အရေးကြီးလှပါတယ်။

ဒီနှစ်သင်းစလုံးကို ကိုယ်စားပြု ကစားပေးခဲ့တဲ့ ဂျိမ်းစ်က ယာဂန်ကလော့ အနေနဲ့ လာမည့် တနင်္ဂနွေနေ့ အရေးကြီး ပွဲစဉ်မှာ ဘယ် front three ကို အသုံးပြုသင့်သလဲ ဆိုတာ ပြောပြသွားခဲ့ပါတယ်။

ဂျိမ်းစ်က “ကျွန်တော်ကတော့ မိုဆာလားကို ဒီပွဲမှာ မဖြစ်မနေ ပွဲထုတ်သွားရမယ်လို့ ထင်ပါတယ်။ ဒါဟာ တကယ့်ကို မေးခွန်းထုတ်စရာ မလိုတဲ့ ကိစ္စပါ။

လူး၀စ်ဒီယက်…ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကစားသမား ခေါ်ယူမှုလဲဗျာ။ သူဟာ လျှင်မြန်ပြီး skill ကောင်းရုံတင် မကပါဘူး။ သူဟာ တအားကို ရွေ့လျားမှုတွေ ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ မာနေးထက် အနည်းငယ်လေး ပိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ် ကစားသမားတွေ အကြောင်းကို ပြောနေတာ ဖြစ်ပါတယ်။

 

ဒီယေဂိုဂျိုတာရဲ့ ဒီရာသီ သွင်းဂိုး ပမာဏကို ကြည့်လိုက်မယ် ဆိုရင် လီဗာပူးရဲ့ front three ရွေးချယ်မှုဟာ စိတ်၀င်စားစရာ ကောင်းနေပါတယ်။ သူဟာ အရမ်း အရမ်း ကောင်းတဲ့ ကစားသမား ဖြစ်ပေမယ့် သူဟာ ဂိုးဖန်တီးမှုပိုင်းမှာတော့ သိပ်မလုပ်ထားနိုင်ခဲ့ပါဘူး။ ဆာလားဟာ ဂိုးဖန်တီးမှုတွေလည်း လုပ်နိုင်ပေမယ့် ဂျိုတာကတော့ ဒါကို မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ ဒီနေရာမှာ ဆာဒီယိုမာနေးကို ရွေးချယ်သွားမှာပါ။ ဒါ့ကြောင့် front three ဟာ မာနေး ဒီယက် ဆာလား ပဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆာလားဟာ လက်ရှိ အချိန်မှာ ဂိုးသွင်းနိုင်ရန် အနည်းငယ် ရုန်းကန် နေရသူ ဖြစ်ပြီး လီဗာပူး အတွက် နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ open play ကနေ ဂိုးသွင်းယူထားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဆက်လက်ပြီး ဂျိမ်းစ်က “ဒီဇင်ဘာထိ ဆာလားဟာ ဂိုးတွေ အများကြီး သွင်းယူထားခဲ့တဲ့ အပြင် အခြားသူတွေကိုလည်း ဖန်တီးမှုတွေ လုပ်ပေးခဲ့ပါတယ်။ သူဟာ ဒီရာသီ ဂိုးဖန်တီးမှု ဇယားမှာ ဒုတိယ အများဆုံးပါ။ ဒါပေမယ့် အာဖရိကဖလားကို တစ်လလောက် သွားကစားရတော့မယ် အချိန်မှာ သူဟာ ဂိုးတွေ အများကြီး သွင်းယူထားခဲ့ချင်တာကြောင့် လောကြီးမှုတွေ ဖြစ်လာခဲ့ပြီး ကစားပုံက ပြောင်းလဲ သွားခဲ့ပါတယ်။

အာဖရိကဖလားမှာ ဗိုလ်မစွဲနိုင်ခဲ့တာနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကနေ ထွက်ခွာခဲ့ရတာ ကလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။ သူ ပုံစံကောင်း ပြန်မရမှာကို ကျွန်တော် စိတ်မပူမိပါဘူး။ သူ့ကို ပြောသွားချင်တာကတော့ ဂိုးတွေ မသွင်းနိုင်တဲ့ အတွက် စ်ိတ်ပူခြင်း မရှိဖို့ပါ။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ အခြားလူတွေ အတွက် ဖန်တီးမှုတွေ လုပ်ပေးမယ်ဆိုရင်လည်း လီဗာပူးဟာ အောင်မြင်မှုတွေ ရမှာ ဖြစ်လို့ပါပဲ။” လို့ ဆိုသွားပါတယ်။

SM