မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဆိုးရွားနေတဲ့ မှတ်တမ်း တစ်ခုကို လီဗာပူးနဲ့ နှိုင်းယှဥ် မေးခွန်းထုတ်လိုက်တဲ့ ရန်းဂနစ်

လီဗာပူး နဲ့ ကစားရမယ့် ပွဲစဥ် မတိုင်မီ မှာတော့ ယူနိုက်တက် နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် က ပွဲစဥ်တွေ အများကြီး ကစားနေခဲ့ရတဲ့ ပြိုင်ဖက် အသင်းထက် မိမိတို့ အသင်းမှာ ဒဏ်ရာ ပြသနာတွေ ဘာကြောင့် ပိုများနေသလဲဆိုတာကို လေ့လာဖို့ လိုအပ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

လက်ရှိ ဘောလုံး ရာသီမှာ လီဗာပူး အသင်းဟာ လိဂ်ဖလား ဖိုင်နယ် ၊ FA ဖလား ဖိုင်နယ် ၊ ချန်ပီယံလိဂ် ဖိုင်နယ် အဆင့်တွေကို တက်လှမ်းခဲ့ပြီးပါပြီ ။ ဒါ့အပြင် ပရီးမီးယားလိဂ် မှာလည်း ပွဲစဥ် 31 ပွဲ အထိ ကစားခဲ့ပြီး ဖြစ်ပေမယ့် ဒဏ်ရာ ပြသနာ ကြီးကြီးမားမား ရှိမနေပါဘူး ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာတော့ လုခ်ရှော ၊ ကာဗာနီ ၊ ဗာရန်း ၊ တော်မီနေး နဲ့ ဖရက်ဒ် တို့ ဒဏ််ရာ ရရှိနေခဲ့ကြပါတယ် ။ အဲ့ဒီထဲမှာတော့ ဗာရန်းဟာ 15 ပွဲအထိ ကစားခွင့် လွဲချော်ထားခဲ့သလို ကာဗာနီကလည်း ယူနိုက်တက်ရဲ့ ပွဲစဥ် 43 ပွဲမှာ 26 ပွဲ အထိ ကစားခွင့် လွဲချော််ထားခဲ့ပါတယ် ။

အခုတော့ အာမတ် ဒီယာလို ၊ အန်သိုနီ မာရှယ် ၊ ဒွန်နီ ဗန်ဒီ ဘိခ် ၊ မေဆွန် ဂရင်းဝုဒ် တို့ မရှိကြတော့တဲ့ အသင်းကို ကိုင်တွယ်နေရခြင်း နဲ့ ပတ်သက်လို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရသလဲလို့ အမေးခံလိုက်ရချိန်မှာတော့ ရဲ့လ်ဖ် ရန်းဂနစ် က အသင်းရဲ့ ဒဏ်ရာ ပြသနာကို ထောက်ပြသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ မဆုံးရှုံးသင့်တဲ့ ကစားသမား အချို့ကို ဆုံးရှုံးခဲ့လိုက်ရပါတယ် ။ ဒီအကြောင်းကို ပြီးခဲ့တဲ့ တစ်ပါတ်က ကျွန်တော် ပြောခဲ့ပါသေးတယ် ။ ဇန်နဝါရီ တုန်းက ကျွန်တော်တို့ အသင်းမှာ တိုက်စစ် အားသန် ကစားသမားတွေ အများကြီးရှိခဲ့ကြတယ်လေ ။ ကျွန်တော်တို့ စိတ်ကြိုက်် လူစားလဲခွင့် ပိုင်ဆိုင်ခဲ့ကြပါတယ် ”

” အခုတော့ သူတို့ထဲက သုံးယောက် (မာရှယ် ၊ ဂရင်းဝုဒ် ၊ ကာဗာနီ ) ဟာ အသင်းမှာ မရှိ ၊ ဒဏ်ရာရ ၊ မကြာခန ဆိိုသလို ဒဏ်ရာ ရရှိနေခဲ့ကြပါတယ် ။ ကျွန်တော်တို့ အခြား ကစားသမား အချို့ကိုလည်း ဆုံးရှုံးခဲ့ကြပါတယ် ။ အဲ့ဒီထဲမှာ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းထဲ ပါဝင်နိုင်စွမ်းရှိတဲ့ ကစားသမားတွေတောင် ပါဝင်နေခဲ့ပါတယ် ”

” ဖြစ်ပျက်ခဲ့တာတွေ အတွက်တော့ ဆင်ခြေပေးနေစရာ အထွန့်တက်စရာ အကြောင်းတော့ မရှိပါဘူး ။ ဒါပေမယ့် အခုလောက် ဒဏ်ရာပြသနာတွေ များပြားနေတာကတော့ ကျွန်တော့်ကို စိုးရိမ်စိတ် ဖြစ်စေတာ အမှန်ပါပဲ ။ အသင်းမှာ အခုချိန် ဒဏ်ရာရ ကစားသမားတွေ အများကြီး ရှိနေကြတယ်လေ ”

” ဒါကို ကျွန်တော် လီဗာပူး အသင်းနဲ့ နှိုင်းယှဥ်ကြည့်မိပါတယ် ။ သူတို့ဟာ ပြိုင်ပွဲ လေးခုလုံး ကစားခဲ့ရပေမဲ့ လက််ရှိ အချိန်မှာ ဒဏ်ရာပြသနာ လုံးဝ ရှိမနေကြပါဘူး ။ ကျွန်တော််တို့ ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ တစ်ခုပဲ ကစားနေခဲ့ရတာပါ ။ ဒါပေမဲ့ အသင်းမှာ ဒဏ်ရာရ ကစားသမား 5 – 6 ဦးလောက် ရှိနေကြပါတယ် ”

” ဒါက ကျွန်တော်တို့ အနာဂတ်မှာ အသေအချာ ဂရုစိုက်ရမယ့် အရာတစ်ခုပါပဲ ။ အဓိက ပြသနာ ဘာလဲဆိုတာကို လေ့လာရပါ့မယ် ။ ဘာလို့ ဒီလို ဖြစ်ရတာလဲ ဆိုတာ သိရှိအောင် လုပ်ရပါ့မယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီတစ်ပါတ် လီဗာပူးကို သွားပြီး အကောင်းဆုံး စွမ်းဆောင်ရည် ပြနိုင်ဖို့ ကြိုးစားရပါ့မယ် ” လို့ ရန်းဂနစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar