မန်ချက်စတာ ယူနိုက်တက်ကို လှောင်ရယ်ရင်း ချဲလ်ဆီး အပေါ် မှတ်ချက်ပေးလိုက်တဲ့ နဗီးလ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင််း တစ်ဦး ဖြစ်တဲ့ ဂယ်ရီ နဗီးလ် က သူ့ရဲ့ အသင်းဟောင်းကို လှောင်ရယ်လိုက်ရင်း ချဲလ်ဆီး အသင်းအနေနဲ့ နောက််ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ရေး အတွက် အခုထက် ပိုပြီး အလုပ်လုပ်ဖို့ လိုသေးကြောင်း ပြောခဲ့လိုက်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ မနေ့ညက စတမ်းဖို့ဒ် ဘရစ်ချ် ကွင််းထဲမှာ လန်ဒန် မြို့ခံ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ပူလီဆစ် ရဲ့ နောက်ဆုံး မိနစ် သွင်းဂိုး ၊ 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူကာ အဖိုးတန် ရမှတ် 3မှတ် ရှာဖွေ သွားနိုင်ခဲ့ပါတယ် ။

အဆိုပါ နိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ပွဲစဥ် 32 ပွဲသာ ကစားရသေးတဲ့ ချဲလ်ဆီး အသင်းဟာ ရမှတ် 65 မှတ် နဲ့ အတူ အဆင့် 3 နေရာမှာ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ်် ။ ဒါပေမဲ့ ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရလိမ့်မယ်လို့ သေချာပေါက် ပြောလို့မရတဲ့ အနေအထား ပိုင်ဆိုင်နေပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ အခုနောက်ပိုင်းမှာ ချဲလ်ဆီး အသင််းရဲ့ ရလဒ်တွေဟာ မတည်မငြိမ် ဖြစ်လာခဲ့လို့ပဲ ဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းဟာ လက်ရှိ အချိန်မှာ အဆင့် 5 နေရာမှ စပါး အသင်းနဲ့ 7 မှတ် အကွာမှာ ရပ်တည် နေတဲ့ အတွက် သင်္ချာနည်းအရ ချဲလ်ဆီးတို့ ခြေချော်လက်ချော် ဖြစ်ပါက ခံစားသွားရနိုင်ပါတယ် ။

အခုတော့ ချဲလ်ဆီး အသင်းရဲ့ ပွဲစဥ်ကို ကြည့်ရှုခဲ့တဲ့နောက်် နဗီးလ် က အာဆင်နယ် အသင်းကို 3 – 1 နဲ့ ရှုံးခဲ့တဲ့ သူ့ရဲ့ အသင်းဟောင်းကို ကစားဖို့ လွယ်ကူတယ်လို့ လှောင်​ရယ်ရင်း ချဲလ်ဆီး အသင်းရဲ့ ချန်ပီယံလိဂ် ဝင်နိုင်ခွင့် အပေါ် မှတ်ချက် ပေးခဲ့လိုက် ပါတယ် ။

” သူတို့ဟာ နောက်ဆုံး ပွဲစဥ် 3 ပွဲမှာ 2 ပွဲအထိ ရှုံးနိမ့်ထားခဲဲ့ကြပါပြီ ။ သူတို့အနေနဲ့ ရှေ့ဆက် အကောင်းဆုံး လုပ်ပြဖို့ လိုနေပါတယ် ။ သူတို့ အခု အမှတ်ပေး ဇယားရဲ့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ် ။ သူတို့ ဒီလို နေရာမှာ ရှိနေတာတောင် သူတို့ ကြည့်ရတာ သက််သောင့်သက်သာ ဖြစ်နေသလိုပါပဲ ”

” အခုတော့ ကြာသပတေးနေ့မှာ သူတို့တွေ အိုးလ် ထရပ်ဖို့ဒ်မှာ ထိပ်တိုက် ရင်ဆိုင်ရပါတော့မယ် ။ ဒါဟာ ချဲလ်ဆီး အတွက် လွယ်ကူတဲ့ပွဲ ဖြစ်သင့်ပါတယ် ။ ဒါကိုမှ ရှုံးသွားမယ်ဆိုရင် သူတို့ကို သူတို့ ဒုက္ခတွင်းထဲ ဆွဲချသလို ဖြစ်သွားပါလိမ့်မယ် ”

” သူတို့ဟာ ပရော်ဖက်ရှင်နယ် ဖြစ်ကြောင်း ပြသဖို့ လိုအပ််ပါတယ် ။ ချဲလ်ဆီး အတွက်တော့ ဒီလို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ကြားက ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာဟာ နာကျင် ခံစားစရာ ဖြစ်နေပါလိမ့်မယ် ။ ဒါ့ကြောင့်လည်း သူတို့ အနည်းငယ် ကျဆင်းနေခဲ့ကြတာပါ ”

” သူတို့ FA ဖလား ဖိုင်နယ်ပွဲစဥ် ကစားရဖို့ ရှိနေပါသေးတယ် ။ သူတို့ အဆင့် 3 နေရာမှာ ဆက်လက် ရပ်တည်နိုင်ဖို့လည်း ကြိုးစားရပါဦးမယ် ။ သူတို့ ဆက်ပြီး လုပ်ရမယ့်အလုပ်တွေ အများကြီး ရှိနေပါသေးတယ် ” လို့ ဂယ်ရီ နဗီးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar