ဘာဖြစ်လို့ အဲရစ်တန်ဟတ်ကို ရွေးချယ်လိုက်ရတာလဲဆိုတာ ပြောပြလိုက်တဲ့ ယူနိုက်တက် အားကစား ဒါရိုက်တာ ဂျွန် မားတော့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားကစား ဒါရိုက််တာ ဖြစ်သူ ဂျွန် မားတော့ဗ် က ရေရှည် အမြင်ရှိသူ တစ်ဦး ဖြစ်တဲ့ အတွက် အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ် ကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ခေါ်ယူဖို့ လုပ််ဆောင်ခဲ့ရတာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မကြာသေးခင်ကပဲ အေဂျက်ဇ် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ််ကို နည်းပြသစ် အဖြစ် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ၊ ဒီရာသီကုန်တာနဲ့ ဇွန်လကစပြီး တန်ဟတ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်မှာ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ် ။

လက်ရှိ အချိန်မှာတော့ အဲရစ် တန်ဟတ်ဟာ အေဂျက်ဇ် အသင်းနဲ့ အတူ အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်ဖို့ လုပ််ဆောင်နေသူပဲ ဖြစ်ပါတယ် ။ ပွဲစဥ် 29 ပွဲ ကစား အပြီးမှာ အေဂျက်ဇ် အသင်းဟာ 72 မှတ် စုဆောင်းထားနိုင်ခဲ့ပြီး အနီးကပ် ပြိုင်ဖက် PSV အသင်းကို 4 မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ် ။

နယ်သာလန် လိဂ်ဟာ ပွဲစဥ် 34 ပွဲ အထိသာ ကစားရတာ ဖြစ်တဲ့ အတွက် တန်ဟတ် အနေနဲ့ နောက်ထပ် ပွဲစဥ် 5 ပွဲကို အကောင်းဆုံး ဦးဆောင်နိုင်ပါက အေဂျက်ဇ် အသင်း နဲ့ အတူ သုံးရာသီဆက် အမှတ်ပေး ဖလားဆုကို ဆွတ်ခူးနိုင်မှာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အား ကစား ဒါရိုက်တာ ဖြစ်သူ ဂျွန် မားတော့ဗ် က ဆုဖလားတွေ ဆွတ်ခူးဖို့ ဆာလောင်မှု ရှိသူ ၊ လူငယ်တွေကို နေရာပေးရင်း စွဲမက်ဖွယ်ကောင်းတဲ့ ကစားဟန်ကို ဖော်ဆောင်သူလို့ တန်ဟတ်ကို ချီးကျူးခဲ့လိုက်ပါတယ် ။

တန်ဟတ်ဟာ ယူနိုက်တက် အသင်းဆီ မလာခင်တုန်းက ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ တော့တင်ဟမ် ဟော့ စပါး နည်းပြဟောင်း ပိုချက်တီးနို နဲ့ အပြိုင် သတင်းကြီးခဲ့ပါသေးတယ် ။ အခုတော့ ဂျွန် မားတော့ဗ် က သူတို့ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” လွန်ခဲ့တဲ့ လေးရာသီ အတွင်းမှာ တန်ဟတ်က အေဂျက်ဇ် အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူရင်း ဥရောပရဲ့ စိတ််လှုပ်ရှားဖွယ် အကောင်းဆုံး၊ အအောင်မြင်ဆုံး နည်းပြ တစ်ဦး ဖြစ်ကြောင်း သက်သေပြထားနိုင်ခဲ့ပါတယ် ။ သူဟာ လူငယ်တွေကို ယုံကြည်စွာနေရာပေးရင်း စွဲမက်ဖွယ် တိုက်စစ် ကစားဟန်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ် ”

” အဲရစ် တန်ဟတ်ကို ခန့်အပ်ဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ အချိန်မှာတော့ ရေရှည်ကို တွေးတတ်တဲ့ အမြင်တွေ ရှိနေမှု ၊ ကျွန်တော်တို့ ရှိသင့်တဲ့ နေရာကို ပြန်ရောက်ဖို့ ယှဥ်ပြိုင်လိုမှု ၊ အသင်းကို မောင်းနှင်နိုင်စွမ်း နဲ့ တစ်ခုခုကို ရရှိနိုင်ဖို့ ဆုံးဖြတ်ချက် ပြတ်သာမှု စတဲ့ အရည်အသွေးတွေကို impress ဖြစ်ခဲ့ရပါတယ် ”

” အခုတော့ အေဂျက်ဇ် အသင်းနဲ့ နောက်ဆုံး ရက်စွဲတွေမှာ အောင်မြင်တဲ့ အဆုံးသတ် တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော်တို့ ဆန္ဒပြုနေကြပါတယ် ။ ပြီးတော့ နွေမှာ အသင်းဆီ ရောက်လာမယ့် အချိန်ကို ကျွန်တော်တို့ ရှေးရှုနေကြပါတယ် ” လို့ မားတော့ဗ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar