ဘရိုက်တန် ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရှာကာ ကို ဘယ်နောက်ခံလူ နေရာမှာ ဘာကြောင့် ထားကစားခဲ့တာလဲဆိုတာ ရှင်းပြလိုက်တဲ့ အာတေတာ

အာဆင်နယ် နည်းပြ အာတေတာ ဟာ ဘရိုက်တန် အသင်းကို ၁-၂ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ ကွင်းလယ်လူ ရှာကာကို ဘယ်နောက်ခံလူ နေရာပို့ပြီး စမစ်ရို ကို ကွင်းလယ်မှာ ထားကစားခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြ သွားခဲ့ပါတယ် ။

 

ဘယ်နောက်ခံလူ ကီရန်တီယာနေး ဟာ နိုင်ငံ လက်ရွေးစင် အသင်းအတွက် ကစားပေးရင်း ဒူးဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ် ။ အာတေတာ ဟာ တီယာနေး မကစားနိုင်သေးတဲ့ အချိန် ပဲလေစ့်နဲ့ ပွဲမှာ တာဗာရက်စ် ကို နေရာပေး ပွဲထွက် ကစားစေခဲ့ပါတယ် ။

ဒါ​ပေမယ့် တာဗာရက်စ် ဟာ အမှားများနေခဲ့တာကြောင့် ပထမအပိုင်းပြီးမှာတင် လူစားလဲ ခံလိုက်ရပါတယ် ။ မနေ့က ကစားခဲ့တဲ့ ဘရိုက်တန် နဲ့ ပွဲမှာတော့ အာတေတာ ဟာ ကွင်းလယ်လူ ရှာကာ ကို ဘယ်နောက်ခံလူ အဖြစ် ထားကစားခဲ့ပါတယ် ။

အာတီတာ ဟာ ဘရိုက်တန် နဲ့ ပွဲမှာ ရှာကာကို ဘယ်နောက်ခံလူ ၊ စမစ်ရို လိုကွန်ဂါ နဲ့ အိုဒီဂတ် တို့ကို ကွင်းလယ်လူ အဖြစ် ထားကစားခဲ့ပါတယ် ။ ပထမပိုင်းအတွင်းမှာ အာဆင်နယ် အသင်းဟာ ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ခြင်း မရှိဘဲ ၀-၁ နဲ့ အရေးနိမ့် နေခဲ့ပါတယ် ။

ဒုတိယပိုင်းမှာ အာတေတာ ဟာ ရှာကာ ကို ကွင်းလယ်မှာ ပြန်လည် ကစားခိုင်းစေပေမယ့် ဘရိုက်တန် အသင်းက နောက်ထပ် သွင်းဂိုး ၁ ဂိုး ထပ်မံ ရရှိသွားခဲ့ပါတယ် ။ အိုဒီဂတ် က အာဆင်နယ် အတွက် ချေပဂိုး တစ်ဂိုး ပြန်သွင်း ခဲ့ပေမယ့် သရေရလဒ် ရစေမယ့် သွင်းဂိုးတော့ ထပ်မရခဲ့ပါဘူး ။

ပွဲအပြီး အင်တာဗျူးမှာတော့ အာတေတာ က ရှာကာ ကို ဘယ်နောက်ခံလူ နေရာမှာ ထားကစားခဲ့တာ နဲ့ ပတ်သက်ပြီး ” ဘရိုက်တန် အသင်း ရဲ့ နေရာလွတ်တွေကို တိုက်စစ်ဆင် ကစားချင်တာကြောင့် စမစ်ရို ကို ကွင်းလယ်မှာ ထားကစားခဲ့တာပါ ။ ”

” ဂရန်းနစ် ကိုလည်း အဲ့ဒီ နေရာလွတ်တွေ အတွက် တွေးပြီး ကစားခိုင်းခဲ့တာပါ ၊ ဒါပေမယ့် မကစားဖြစ်ခဲ့ပါဘူး ပွဲတစ်ပွဲ ပြီးသွားတဲ့ အခါမှာ ရှုံးနိမ့် သွားတဲ့ အချိန် ပွဲမတိုင်ခင် ကိုယ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ နောက်ကျ သွားပြီ ဆိုရမှာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ရှုံးနိမ့် သွားချိန်မှာ စပါး အသင်းဟာ အက်စတွန်ဗီလာ အသင်းကို လေးဂိုးပြတ် အနိုင် ရသွားခဲ့တာကြောင့် ဂန်းနားတို့ အဆင့်လေး ရဖို့ ပိုမို ရုန်းကန် ရတော့မှာ ဖြစ်ပါတယ် ။

SM