ဘန်ဇီးမား အပေါ် မှတ်ချက် စကားနဲ့ ပတ်သက် အွန်လိုင်း ရန်ပွဲဖြစ်ခဲ့တဲ့ မီကာရစ်ချက် နဲ့ ဖာဒီနန်

လက်ရှိမှာ ဘလွန်းဒီအော်ဆု ရနိုင်လောက်အောင် ‌ခြေစွမ်းပြ ဂိုးသွင်းပြနေတဲ့ ဘန်ဇီးမား နဲ့ ပတ်သက်ပြီး မန်စီးတီး ကစားသမားဟောင်း မီကာ ရစ်ချက် နဲ့ ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန် တို့ဟာ အွန်လိုင်း တိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။

မီကာ ရစ်ချက်က ဒီရာသီမှာ တောက်လျှောက် ခြေစွမ်းပြနေတဲ့ ဘန်ဇီးမား ရဲ့ ခြေစွမ်းကို လွန်ခဲ့တဲ့ ၆ လ လောက်ကမှ အသိအမှတ်ပြုမိခဲ့တာ လို့ ပြောဆိုခဲ့တာကနေ စတင် အခြေတည်ခဲ့တာ ဖြစ်ပါတယ်။

ရီးရဲ မက်ဒရစ်ဟာ ရှုံးထွက်အဆင့် ကစားခဲ့တဲ့ ပီအက်စ်ဂျီ နဲ့ ပွဲစဉ်မှာ ဘန်ဇီးမား ရဲ့ ဒုတိယပိုင်း ဟတ်ထရစ် သွင်းဂိုး နဲ့ အနိုင်ရပြီးနောက် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အဲဒီပွဲ အပြီး သုံးသပ်ချက်တွေ တင်ဆက်ရာမှာ မီကာရစ်ချက် က ” သူ့ရဲ့ ရီးရဲ မက်ဒရစ် ကစားသမား ဘ၀ အစောပိုင်း ကာလတွေမှာ ရိုနာဒို ရဲ့ လောင်းရိပ် အောက်မှာပဲ ရှိခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေ အများကြီး လွဲခဲ့ဖူးတာလဲ ကျနော်တို့ မြင်ခဲ့ရပြီးပါပြီ။

ကျနော့် အမြင်မှာတော့ အဲဒီတုန်းက သူ့ခြေစွမ်းဟာ အခု အဆင့်အတန်းမျိုး မရောက်သေးပါဘူး။ သူ့ သွင်းခဲ့တဲ့ ဂိုးတွေ များတာ မှန်ပါတယ် ၊ ဒါပေမယ့် ရီးရဲ မက်ဒရစ်လို အသင်းမျိုးမှာ ဒီလိုဂိုးတွေတော့ လူတိုင်း သွင်းပြနိုင်တယ် ဆိုပြီး မြင်ကြမှာပါ။

အခုတော့ သူဟာ ကမ္ဘာ့ အဆင့်မီ တိုက်စစ်မှုး တစ်ယောက် ဆိုတာ ကျနော် လက်ခံပါပြီ။ လွန်ခဲ့တဲ့ ၆ လ အတွင်း သူဟာ ဟယ်ရီကိန်း ၊ လီ၀န်ဒေါ့စကီး တို့ရဲ့ အဆင့်မျိုးကို ရောက်လာပြီ ဖြစ်ပါတယ်” လို့ ပြောဆိုလာခဲ့ ပါတယ်။

အဲဒီ စကားအပေါ် သူနဲ့ အတူတူ တင်ဆက်နေတဲ့ ပြင်သစ် တိုက်စစ်မှုးဟောင်းကြီး အွန်နရီ က လုံး၀ အံ့အားသင့်သွားပြီး ၊ အခုမှ ဘန်ဇီးမား ကို ကမ္ဘာ့ အဆင့်မှီ တိုက်စစ်မှုး အဖြစ် မြင်လာတာ ပြောစရာ စကား မရှိတော့ဘူးလို့ တုန့်ပြန်ခဲ့ ပါတယ်။

မနေ့ည က ယှဉ်ပြိုင် ကစားခဲ့တဲ့ ချဲဆီး နဲ့ ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲမှာတော့ ဘန်ဇီးမား ဟာ နောက်တစ်ကြိမ် ဟတ်ထရစ် ရယူပြလိုက်ပြန်ပါပြီ။

ဒါကို ရီယို ဖာဒီနန် က မီကာရစ်ချက် ကို မန်းရှင်း ခေါ်ကာ ခနဲ့ လိုက်ပါတယ်။

မန်းစီးတီး ကစားသမားဟောင်းကြီး ကလဲ “OLE at the wheel” ဆိုပြီး ခင်‌ဗျား ပြောခဲ့သလိုမျိုး နီးပါး ဆိုးရွားတဲ့ သုံးသပ်ချက် လို့ ပြန်ပက် သွားခဲ့ပါတယ်။

2019 ခုနှစ် က ယူနိုက်တက်ဟာ ပီအက်စ်ဂျီ ကွင်းထဲမှာ အံ့အားသင့်စရာ စွမ်ဆောင်မှုတွေ နဲ့ နောက်ကောက် ချပြလိုက်ချိန် မှာတော့ ဖာဒီနန် က ” ယူနိုက်တက် က ကျနော့်ကို ကျေးဇူးတင်ချင်မှ တင်မှာပါ ဒါပေမယ့် စာချုပ် ချုပ်ဖို့ ကိစ္စ ပြင်ဆင်ပြီး စားပွဲပေါ်တင်ပေးလိုက်ပါတော့။ စာချုပ်ပေါ်မှာ သူ့စိတ်ကြိုက် ကိန်းဂဏန်းတွေ ရေးခိုင်းပြီး လက်မှတ်ထိုးခိုင်း လိုက်ပါတော့။

အိုလီ ဟာ ဒီကလပ်ကို ရောက်လာ ကတည်းက ဘာတွေ လုပ်ပြထားလဲ ကြည့်လိုက်ပါ။ OLE at the wheel. သူ က တကယ် လုပ်ပြနေပါပြီ” လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဆိုးရှားဟာ ယူနိုက်တက် ကို သုံးနှစ် ၀န်းကျင် ကိုင်တွယ်သွားခဲ့ပေမယ့် ဆုဖလား တစ်လုံးမှ ကိုင်မြှောက် နိုင်ခြင်း မရှိခဲ့ပါဘူး။

SM