ပြိုင်ပွဲပေါင်းစုံ 36 ပွဲ ကစား ၊ 37 ဂိုး အထိ သွင်းထားတဲ့ ဘန်ဇီးမား 

အန်ဆယ်လော့တီ ရဲ့ ရီးရဲ မက်ဒရစ် ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပရိသတ်တွေ အံ့အားသင့်သွားစေလောက်တဲ့ စွမ်းဆောင်ရည်တွေ ကို နောက်တစ်ကြိမ် ပြသလိုက်ပြန်ပါပြီ။

 

ရှုံးထွက် အဆင့် ပွဲစဉ်တုန်းက ပထမ အကျော့ အဝေးကွင်းမှာ ပီအက်စ်ဂျီ ကို 1-0 နဲ့ ရှုံးနိမ့်ခဲ့သလို ၊ ဒုတိယ အကျော့ အိမ်ကွင်း ပြန်ကစားချိန်မှာလဲ ပထမပိုင်း 0-1 နဲ့ ဦးဆောင်ခံထားရသည့်တိုင်အောင် ၊ ဒုတိယ ပိုင်းရောက်မှ 3 ဂိုး ဆက်တိုက်သွင်းပြီး ကွာတား ဖိုင်နယ် အဆင့် ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲ မက်ဒရစ် အတွက် အဲဒီ သွင်းဂိုး စလုံးကို တိုက်စစ်မှုးကြီး ဘန်ဇီးမား က တစ်ဦးတည်း သွင်းပြခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီးမား ဟာ မနေ့ညက ကစားခဲ့တဲ့ ချဲဆီးနဲ့ ပွဲစဉ်မှာလဲ အလားတူ ပုံစံအတိုင်း ဘယ်သူမှ ထင်မှတ် မထားတဲ့ ဂိုးသွင်း စွမ်းရည်တွေ ကို နောက်တစ်ကြိမ် ပြသလိုက်ပြန်ပါပြီ။ ဘယ်တောင်ပံ တိုက်စစ်မှာ အမြဲတမ်း နေရာယူထားတဲ့ ဗီနီစီးယပ် နဲ့ ဘန်ဇီးမား တို့ အတွဲဟာ အရမ်းကို နားလည်မှု ကောင်းလွန်း သလို ၊ ကွင်းလယ်က မိုဒရစ် ၊ ခရူး ၊ ကက်စ်မဲရိုး တို့ကလဲ ချန်ပီယံ အတွေ့အကြုံ များသူတွေ ပီပီ ကို ဘယ်လို ထိန်းချုပ် ကစားရမလဲ ဆိုတာ ကောင်းကောင်း နားလည်ထားတဲ့ အပြင် ၊ ဘန်ဇီးမား ရဲ့ အကြိုက် က ဘယ်လို ပုံစံမျိုးလဲ ဆိုတာ သေချာ သဘောပေါက်ထားသူ ဖြစ်ပါတယ်။

 

အဲဒီ အကြောင်းအရင်းတွေ ကပဲ ချဲဆီး ကို ဂိုးပြတ် အနိုင်ယူပြဖို့ အကြောင်း ဖန်သွားခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ချဲဆီး ဟာ ဘရန်းဖို့ဒ် ကို ရှုံးနိမ့်ထားတဲ့ အရှိန်ကြောင့် အိမ်ကွင်းမှာ ရလာဒ်ကောင်းဖို့ ဦးတည် ပြင်ဆင်လာခဲ့ပေမယ့် ၊ ရီးရဲ မက်ဒရစ် ရဲ့ တန်ပြန် တိုက်စစ်တွေကို လျှော့တွက် ရင်း အိမ်ကွင်း နှစ်ပွဲ ဆက်တိုက် ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။

 

ဗီနီစီးယပ် သာ ဂိုးသွင်း သေချာမယ် ဆိုရင် စောစောစီးစီး ဦးဆောင်ဂိုး ရမှာ ဖြစ်ပေမယ့် ၊ တကယ်တမ်း ဦးဆောင်ဂိုး ဖန်တီးပေးလိုက်တာလဲ သူကိုယ်တိုင် ဖြစ်ပါတယ်။ ဘန်ဇီးမား နဲ့ ဝမ်းတူး ရိုတ်ထွက်ပြီး ချဲဆီး နောက်တန်းကို ထိုးဖောက်သွားတာ အရမ်းကို တိကျလွန်းသလို ၊ ပြင်သစ် သားကြီးကလဲ အဝေးကြီးကနေ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး ရယူပေးသွားတာက သူ့ရဲ့ သမ္ဘာ နဲ့ အဆုံးသတ် ကောင်းမွန် လွန်းတဲ့ အချက်တွေကို လှစ်ပြသွားတာ ဖြစ်ပါတယ်။

 

ဒုတိယ ဂိုး ကိုတော့ မိုဒရစ် ရဲ့ ညာတောင်ပံ ကနေ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဘန်ဇီးမား ကပဲ ခက်ခက်ခဲခဲ နဲ့ ခေါင်းတိုက် ရယူပေးခဲ့ပါတယ်။ ပထမပိုင်း မပြီးခင်မှာတော့ ချဲဆီးဟာ ကိုင်ဟားဗတ် ရဲ့ ချေပဂိုးကြောင့် မျှော်လင့်ချက် တွေ ပြန်ရှိလာခဲ့တယ်လို့ ဆိုလို့ ရပေမယ့် ၊ အဲဒီ မျှော်လင့်ချက်တွေကို ဘန်ဇီးမား က ပဲ နောက်တစ်ကြိမ် ရိုတ်ချိုး သွားတာ ဖြစ်ပါတယ်။

 

 

ဒုတိယပိုင်း ပြန်အစမှာ ဂိုးသမား မန်ဒီ ရဲ့ ဘောလုံး ပေးပို့မှု မသပ်မရပ် ဖြစ်တာကနေ တဆင့် ဘန်ဇီးမား ဟာ ရူဒီဂါဆီကနေ အတင်း၀င်လုပြီး ဟတ်ထရစ် ‌ရစေမယ့် ဂိုးမျိုးကို သွင်းယူသွားတာ ဖြစ်ပါတယ်။

 

ချန်ပီယံ လိဂ် ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ ဟတ်ထရစ် ဂိုးတွေ ဆက်တိုက် ရယူပြနေတာကိုက သူ့ရဲ့ အဆင့်အတန်း ကို ဖော်ပြလျှက် ရှိနေပါတယ်။

ချန်ပီယံလိဂ် သမိုင်းမှာ ယခင်က နှစ်ပွဲဆက်တိုက် ဟတ်ထရစ် ရယူပြနိုင်တဲ့ ကစားသမား သုံးဦးသာ ပေါ်ထွက်ခဲ့ဖူးပြီး (ရိုနာဒို ၊ မက်ဆီ ၊ လူးဝစ် အက်ဒရီယာနို) ၊ ဘန်ဇီးမား က စတုတ္ထမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

 

ဒါ့အပြင် ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာလဲ (ရိုနာဒို – ၁၄၀ ဂိုး ၊ မက်ဆီ – ၁၂၅ ဂိုး ၊ လီ၀န်ဒေါ့းကီး -၈၅ ဂိုး) တို့ပြီးရင် စုစုပေါင်း ၈၂ ဂိုး နဲ့ စတုတ္ထမြောက် ဂိုးအများဆုံး သွင်းထားသူ ဖြစ်လာပါတယ်။

 

သူ့ရဲ့ ဒီရာသီ စွမ်းဆောင်ရည်တွေ ကြည့်လိုက်မယ် ဆိုရင် စုစုပေါင်း ကစားထားတဲ့ ပွဲ အရေအတွက်ထက် သွင်းဂိုးက ပိုများနေပါတယ်။ သူဟာ ပြိုင်ပွဲပေါင်းစုံ ၃၆ ပွဲ ပါ၀င် ကစားထားကာ ၊ ၃၇ ဂိုး သွင်းယူပြီး ၁၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။

 

အဲဒီထဲမှာ လာလီဂါ ပြိုင်ပွဲ သွင်းဂိုးက ၂၄ ဂိုး အထိ ရှိနေပြီး ၊ ချန်ပီယံလိဂ်မှာ ၁၁ ဂိုး သွင်းယူထားပါတယ်။

 

မှတ်တမ်းတွေ အရတော့ ဘန်ဇီးမား ဟာ ချန်ပီယံလိဂ် သမိုင်းမှာ တစ်ရာသီ အတွင်း ၁၀+ ဂိုး ရယူနိုင်တဲ့ ကထမဆုံး ပြင်သစ် ဘောလုံးသမား လို့တောင် သိရပါတယ်။

 

ဒီနှစ် အတွက် ဘလွန်းဒီအော်ဆု ဟာ ဘန်ဇီးမား အတွက်ပဲ ဖြစ်တော့မှာလားဗျာ…

 

 

SPORTS MYANMAR