နည်းပြသစ်နဲ့ ပတ်သက်လို့ ဘုတ်အဖွဲ့ဝင်တွေကို ဘာပြော ထားသလဲဆိုတာ ဖွင့်ဟရင်း လက်စတာနဲ့ သရေပွဲအပေါ် မှတ်ချက်ပေးလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ လက်စတာ စီးတီး အသင််းကို ဧည့်ခံ ကစားခဲ့ရပြီး 1 – 1 ဆိုတဲ့ ရလဒ် နဲ့ သရေ တစ်မှတ်သာ ရယူထားနိုင်ခဲ့ပါတယ် ။ ဒါဟာ ယူနိုက်တက််ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက် နည််းပါးသွားစေခဲ့ပါတယ်

အဆိုပါ ပွဲစဥ်အပြီးမှာတော့ ယူနိုက်တက် နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် က အသင်းဟာ ရုပ်ပိုင်းဆိုင်ရာ ပိုမို တိုးတက်ဖို့ လိုအပ်သေးကြောင်း ပြောခဲ့လိုက်ပြီး နည်းစနစ်ကောင််းတဲ့ ကစားသမားတွေကိုစုဖွဲ့ပြီး ဟန်ချက်ညီတဲ့ အသင်း တစ်သင်းကို တည်ဆောက်ဖို့ လိုအပ်လိမ့်မယ့်လို့ ​ပြောခဲ့လိုက် ပါတယ် ။

ဒါ့အပြင် လီဗာပူး နဲ့ မန်စီးတီး အသင်းတွေဟာ ဘယ်လို ကစားကွက်ပဲ ဖြစ်နေပါစေ ၊ ဘယ်လို ပြသနာမျိုးပဲ ရှိနေ ပါစေ ၊ ဟန်ချက်မညီလည်း အဆုံးသတ်မှာ 2 – 0 လောက်နဲ့ အနိုင်ရအောင် ကစားတတ်ကြကြောင်း ၊ အသင်း အနေနဲ့ နည်းပြသစ်ကို အဲ့ဒီလို ဖြစ်အောင် ထောက်ပံ့ပေးသင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော် ဒီနေ့တော့ လီဗာပူး ပွဲကို စောင့်ကြည့် ဖြစ်ခဲ့ပါသေးတယ် ။ လီဗာပူးရော မန်စီးတီးအသင်းမှာပါ ဟန်ချက််တစ်ခု ရရှိရေးနဲ့ ပတ်သက်လို့ ပြသနာတွေ ရှိပါတယ် ။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ပါစေ ၊ သူတို့တွေဟာ အဆုံးသတ််မှာ သက်သောင့်သက်သာ ကစားရင်း 2 – 0 ဆိုတဲ့ ရလဒ််နဲ့ နိုင်ပွဲ ရယူနိုင်ကြတာချည်းပါပဲ ”

” သူတို့ နှစ်သင်းလုံးက အတူတကွ တည်ဆောက်ထားခဲ့တဲ့ အသင်းတွေပါ ။ ဒီအသင်းကို လွန်ခဲ့တဲ့ 4 ၊ 5 နှစ်လောက်် ကတည်းက အတူတကွ ဖွဲ့စည်း တည်ဆောက်ခဲ့တာပါ ။ ဒါ့ကြောင့် သူတို့ အားလုံးက နည်းပြ ဘယ်လို ကစားစေလိုသလဲ၊ ဘယ်လိုကစားရမလဲဆိုတာကို ကောင်းကောင်း သိကြပါတယ် ”

” ဒီအကြောင့် မနေ့ထဲက ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ ။ ကျွန်တော်တို့ အသင်းမှာလည်း ဒီလို ဖြစ်လာသင့်တာပါ ။ ဘုတ်အဖွဲ့ဝင်ကိုလည်း ဒီလို ဖြစ်သင့်တယ်ဆိုတဲ့အကြောင််း ကျွန်တော် ပြောခဲ့ပါသေးတယ် ။ နည်းပြသစ် ဘယ်သူ ဖြစ်လာမလဲဆိုတာ ရှင်းလင်းသွားတဲ့အချိန် သူ ဘယ်လို ကစားစေချင်သလဲ ၊ ဘယ်လို ကစားသမားမျိုး လိုချင်လဲ ဆိုတာတွေကို ဖြည့်စွက်ပေးရပါ့မယ် ”

” အဲ့တာမှ ကျွန်တော်တို့ဟာ လိုချင်တဲ့ DNA ၊ မြန်နှုန်း ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ၊ tempo နဲ့ လိုချင်တဲ့ အရာတွေကို ရနိုင်ပါလိမ့်မယ် ။ အသင်းမှာ နည်းစနစ်ကောင်းတဲ့ ကစားသမားတွေ မနည်းပါဘူး ။ အသင်းမှာ ရုပ်ပိုင်းဆိုင််ရာ ကြံ့ခိုင်မှုတွေ အခုထက်ပိုပြီး လိုအပ်နေခဲ့တာပါ ”

” ကျွန်တော်တို့ဟာ တက်ကြွမှုအပြည့်နဲ့ ဟန်ချက်ညီညီ ကစားနိုင်ခဲ့တဲ့ ပွဲစဥ်တွေမှာ ပြိုင်ဖက်ကောင်းတွေကို ဒုက္ခပေးနိုင်ကြောင်း ပြသခဲ့ပြီးကြပါပြီ ။ ဒါပေမဲ့ ဒီနေ့ပွဲက ခက််ခဲခဲ့ပါတယ် ။ လက်စတာ စီးတီး အသင်းက ရန်လိုစွာ ကစားခဲ့ပြီး ပွဲချိန်ပြည့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပြသသွားနိုင်ခဲ့ပါတယ် ”

” ဒါ့ကြောင့် သူတို့ကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ ပြသနာဖြစ််ခဲ့ ကြရပါတယ် ။ ဒီအတွက် ကစားသမားတွေရဲ့ စိတ်ဓါတ််ကို အပြစ်တင်သင့်တယ်လို့ ကျွန်တော်တော့ မထင်ပါဘူး ။ ဒါဟာ ကစားသမားတွေရဲ့ DNA နဲ့ပဲ သက်ဆိုင်ပါတယ် ” လို့ ရန်းဂနစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar