ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

 

၁~နယူးကာဆယ် vs လီဗာပူး

ဒါဟာ လီဗာပူး အတွက် လွယ်ကူမယ့် ပွဲတော့ မဟုတ်နိုင်ပါဘူး။ နယူးကာဆယ်ဟာ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် အနိုင်ရထားခဲ့ကာ ၁ ဂိုးသာ ပေးထားခဲ့ရတဲ့ အသင်းပါ။ သူတို့ဟာ ပြီးခဲ့တဲ့ အပတ်က နော့ဝှစ်ကို သက်တောင့်သက်သာ နိုင်ခဲ့ပြီး ဒီအသင်းမှာ ယုံကြည်မှု ပြည့်ဝနေပါတယ်။

လီဗာပူးဟာ ဗီလာရီးရဲယ်နဲ့ ပွဲမှာ ဒီထက် ဂိုးပိုမို ရနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့်လည်း ၂-၀ နဲ့ သက်တောင့်သက်သာ နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန် ဗီလာရီးရဲယ် တို့နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲမှာ ပြိုင်ဘက်တွေဟာ ခံစစ်ကို အထိုင်ကျကာ သူတို့ကို စိတ်ပျက်အောင် ကြိုးစားခဲ့တာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ နိုင်ပွဲကို ရအောင် ရှာဖွေနိုင်စွမ်း ရှိခဲ့တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ လီဗာပူးဟာ လက်ရှိမှာ အရှိန်အဟုန်ကောင်းကို ရနေပါတယ်။ ဒီပွဲဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ နယူးကာဆယ်ဟာ ပုံစံကောင်းမှာ ရှိနေတဲ့ အသင်း ဖြစ်တာကြောင့် လီဗာပူးတို့ အကြိတ်အနယ် ကစားကာ ကပ်ပြီး နိုင်သွားပါလိမ့်မယ်။

ခန့်မှန်းချက် : နယူးကာဆယ် ၁-၂ လီဗာပူး

၂~လိဒ် vs မန်စီးတီး

လိဒ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က သူတို့ လုပ်သင့်တာကို လုပ်ကာ ပဲလေ့စ်ဆီက တစ်မှတ် ရယူနိုင်ခဲ့ပါတယ်။ ခြေစွမ်းမကောင်းခဲ့ပေမယ့် ဂျယ်စီမတ်နဲ့ လိဒ်တို့ဟာ ဒါတွေကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။

သူတို့အတွက် ခက်ခဲတဲ့ ပွဲစဉ်တွေက ရောက်လာတော့မှာပါ။ သူတို့ဟာ ဒီလို ပွဲတွေမှာ ရမှတ်တွေ ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် အရေးကတော့ အခက်ခဲဆုံး စမ်းသပ်မှုပါပဲ။

စီးတီးဟာ ၀က်ဖို့ဒ်နဲ့ပွဲမှာ ကစားပုံ တအားကောင်းခဲ့ပြီး ဂျီဆုကတော့ သတင်းခေါင်းကြီး ဖြစ်သွားခဲ့ပါတယ်။ သူဟာ အမြဲတမ်း ဂိုးသွင်းကောင်းသူ ဖြစ်ပြီး ၄ ဂိုးစလုံးကို ကောင်းစွာ သွင်းယူခဲ့ပါတယ်။

ရီးရဲယ်နဲ့ပွဲစဉ်မှာ စီးတီးရဲ့ ကစားပုံဟာ တအားကို ကောင်းခဲ့ပြီး ပြိုင်ဘက်ကို ၆ ဂိုး ၇ ဂိုးထိ သွင်းနိုင်ခဲ့သင့်ပါတယ်။ ဒီပွဲစဉ်မှာတော့ ကျွန်တော်တို့ သွင်းဂိုး အများအပြားကို မြင်ရလ်ိမ့်မယ်လို့ မထင်မိပါဘူး။ ဒါပေမယ့် စီးတီးတို့ပဲ နိုင်သွားမှာပါ။

ခန့်မှန်းချက် : လိဒ် ၀-၃ မန်စီးတီး

၃~အဲဗာတန် vs ချဲလ်ဆီး

အန်ဖီးမှာ အဲဗာတန်ရဲ့ ပွဲချည်းကပ်မှုနဲ့ ပက်သက်ပြီး ဆွေးနွေးမှုတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ အဲဒီပွဲမှာ သူတို့ရဲ့ character ကို ပြသနိုင်ခဲ့ပြီး လီဗာပူးကို မိနစ် ၆၀ ကျော်လောက်ထိ စိတ်ပျက်မှုတွေ ပေးနိုင်ခဲ့ပါတယ်။ လမ်းပတ် အနေနဲ့ သူ့ကစားသမားတွေ ဆီက ဒီလိုမျိုး စွမ်းဆောင်ရည်မျိုးကို မျှော်လင့်နေမှာပါ။

ချဲလ်ဆီးဟာ ၀က်ဟမ်းကို နောက်ကျဂိုးနဲ့ နိုင်ခဲ့တဲ့ အပြင် ကြာသပတေးနေ့က ယူနိုက်တက်နဲ့ သရေကျခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ပွဲက ပြသနာက သူတို့ရဲ့ အဆုံးသတ်ပိုင်း ဖြစ်ပြီး ရခဲ့တဲ့ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးမချနိုင်ခဲ့ပါဘူး။

ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှုး မရှိခြင်းဟာ ပွဲစဉ်တစ်ချို့မှာ ချဲလ်ဆီးကို ဒုက္ခပေးနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီပွဲဟာ သွင်းဂိုးတွေ များပြားမယ့် ပွဲစဉ် မဟုတ်ပါဘူး။

အဲဗာတန်ဟာ အိမ်ကွင်းအားသာချက်နဲ့ အတူ ခံစစ်ကို အထိုင်ကျကာ တန်ပြန်တိုက်စစ် ကစားသွားမှာပါ။ ကျွန်တော်ကတော့ အဲဗာတန်တို့ တစ်မှတ် ရသွားမယ်လို့ မြင်မိပါတယ်။

ခန့်မှန်းချက် : အဲဗာတန် ၁-၁ ချဲလ်ဆီး

၄~စပါး vs လက္စတာ

စပါးရဲ့ နောက်ဆုံး ၂ ပွဲက ရလဒ်ကို ကျွန်တော် မယုံနိုင်လောက်အောင် ပါပဲ။ သူတို့ဟာ အဲဒီမတိုင်ခင်တုန်းက ယုံကြည်မှု ပြည့်ဝနေတဲ့အပြင် ဂိုးတွေလည်း အများကြီး သွင်းယူနေခဲ့တာပါ။ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကောင်းတဲ့အချက်ကတော့ သူတို့ဟာ top 4 race မှာ အာဆင်နယ်နဲ့ အမှတ်ပြတ်နေခြင်း မရှိတာပါပဲ။

လက်စတာဟာ ပြီးခဲ့တဲ့အပတ်က ဗီလာနဲ့ ပွဲမှာ သရေတစ်မှတ် ရခဲ့ပြီး ကြားရက်က ရိုးမားနဲ့ Conference league ဆီမီးဖိုင်နယ်မှာလည်း အိမ်ကွင်းမှာ သရေကျခဲ့ပါတယ်။ သူတို့ဟာ အခုဆိုရင် ပြိုင်ပွဲစုံ ၃ ပွဲဆက် သရေကျနေခဲ့ပြီး အဲဒီပွဲစဉ်တွေကို အနိုင်ရခဲ့သင့်ပါတယ်။

စပါးအတွက် ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကတော့ ကောင်းတဲ့ အချက် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ စပါးတို့ နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

ခန့်မှန်းချက် : စပါး ၃-၁ လက်စတာ

၅~၀က်ဟမ်း vs အာဆင်နယ်

၀က်ဟမ်းဟာ ပြီးခဲ့တဲ့အပတ်က စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးကို ကောင်းကောင်း ယှဉ်နိုင်ခဲ့ပါတယ်။ သူတို့ အခွင့်အရေးတွေ သိပ်ပြီး မရခဲ့ပေမယ့်လည်း နောက်ကျဂိုးနဲ့ ရှုံးခဲ့ရတာကတော့ စိတ်ပျက်စရာပါ။ ယူရိုပါလိဂ်ဟာ မိုရက်အတွက် ဦးစားပေး ဖြစ်ပေမယ့်လည်း သူတို့ဟာ ဖရန့်ဖတ်ကို အိမ်ကွင်းမှာ ရှုံးခဲ့တာကြောင့် ဒါဟာ ကောင်းတဲ့ အချက်တော့ မဟုတ်ပါဘူး။

အာဆင်နယ်အတွက်ကတော့ အရေးပါတဲ့ နိုင်ပွဲ ၂ ပွဲကို ရခဲ့တာပါ။ ယူနိုက်တက်နဲ့ပွဲမှာ ဘရူနိုသာ ပင်နယ်တီ ၀င်ခဲ့မယ်ဆိုရင် ဂန်းနားတို့ လွယ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယု့်လည်း အာဆင်နယ်ရဲ့ ကစားပုံတစ်ချို့ဟာ တအားကို ကောင်းခဲ့ပြီး အိုဒီဂတ်ရဲ့ pass တွေကို ကျွန်တော် နှစ်သက်ပါတယ်။ ကျွန်တော်တို့ အားလုံး သူ့ရဲ့ အရည်အသွေးကို သိထားပြီးသားပါ။ ဒါဟာ ဂန်းနားတို့ အတွက် ခက်ခဲမယ့် ပွဲစဉ်ပါ။ ကျွန်တော် ကတော့ သရေပွဲလို့ပဲ ခန့်မှန်းပါတယ်။

ခန့်မှန်းချက် : ၀က်ဟမ်း ၁-၁ အာဆင်နယ်

၆~မန်ယူနိုက်တက် vs ဘရန့်ဖို့ဒ်

အခုဆိုရင် ယူနိုက်တက်ဟာ top 4 အတွက် မျှော်လင့်ချက် အနည်းငယ်သာ ရှိပါတော့တယ်။ ရပ်ရန်းနစ် အနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့်တွေကို ထုတ်သုံးသွားမလား ဆိုတာ ကျွန်တော် သိချင်မိပါတယ်။

နွေရာသီမှာ နည်းပြသစ် မရောက်လာမီ ပွဲကစားချိန်တစ်ချို့ ရထားတာဟာ လူငယ်တွေ အတွက် ကောင်းမွန်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။

ဘရန်ဖို့ဒ်ဟာ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး စပါးနဲ့ သရေကျပြီးနောက် အိုးထရပ်ဖို့ဒ်ကို ယုံကြည်မှု အပြည့်နဲ့ သွားမှာ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့အပတ်တွေမှာ တအားကို စုစည်းမှု ရှိနေခဲ့ပြီး ပြိုင်ဘက်တွေကို ကစားရ ခက်ခဲစေခဲ့ပါတယ်။ ကျွန်တော်ကတော့ ယူနိုက်တက်ကိုပဲ ရွေးချယ်မှာပါ။ ဘရန့်ဖို့ဒ် ခံစစ်ကို ကျော်ဖြတ်ရတာ ခက်ခဲမှာ ဖြစ်တာကြောင့် ယူနိုက်တက်တို့ ကပ်ပြီး နိုင်သွားမယ်လို့ ရွေးချယ်ပါတယ်။

ခန့်မှန်းချက် : မန်ယူနိုက်တက် ၁-၀ ဘရန့်ဖို့ဒ်

SM