တန်ဟတ်ကို ခေါ်ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို အကြံပေးလိုက်တဲ့ ဘာဘာတော့ဗ် 

 

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီမစ်တာ ဘာဘာတော့ဗ် က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အောင်မြင်တဲ့ နည်းပြ တစ်ဦး ဖြစ်နိုင်ဖို့ အတွက် အဲရစ် တန်ဟတ် အနေနဲ့ ပရီးမီးယားလိဂ် ဖလား ယူပြဖို့ လိုအပ်လိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

 

အဲရစ် တန်ဟတ်ဟာ ပြီးခဲ့တဲ့တစ်ပါတ်က မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့သူ ဖြစ်ပြီး ဒီရာသီ အကုန် ဇွန်လမှာ အသင်းကို တာဝန်ယူလိမ့်မယ်လို့ သိခဲ့ရပါတယ် ။ သူဟာ ယူနိုက်တက် အသင်းဆီ ရောက်လာရင်တော့ တကယ့်ကို ကြီးမားတဲ့ တာဝန်တွေ ထမ်းဆောင်ရမှာပဲ ဖြစ်ပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဟိုဆေး မော်ရင်ဟို ထွက်ခွာခဲ့တဲ့နောက် ဆုဖလား လက်မဲ့ ဖြစ်ခဲ့ရတဲ့ ရာသီတွေချည်း ပိုင်ဆိုင်ခဲ့ရလို့ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာကတည််းက ပရီးမီးယားလိဂ် ဖလားနဲ့ အလှမ်းဝေးခဲ့ပါတယ် ။

 

ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အကြီိးမားဆုံး မျှော်လင့်ချက် က ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင််ရေးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အာဆင်နယ် အသင်းကို 3 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် အဆိုပါ မျှော်လင့်ချက်် ကလည်း ဝေဝါးသွားခဲ့ရပါပြီ ။

အခုတော့ ဒီမစ်တာ ဘာဘာတော့ဗ် က အသင်းဟောင်း အနေနဲ့ အဲရစ် တန်ဟတ် ကို အချိန်ပေးရမယ်လို့ ပြောခဲ့လိုက်ပြီး လာမဲ့ ရာသီမှာ ဘယ်လို ရလဒ်တွေ ထွက်ပေါ်သလဲဆိုတာကို ကြည့်ပြီး တန်ဟတ် ရဲ့ အနာဂတ် ကို မဆုံးဖြတ်ဖို့ပါ တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

 

” ကျွန်တော်ဟာ လက်ရှိ အချိန်မှာ အသင်းနဲ့ ပတ်သက်လို့ တအားကြီး အကောင်းမြင်လိုစိတ် မရှိသေးပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အရင် ခမ်းနားတဲ့ နည်းပြကောင်းတွေ ရောက်လာခဲ့တာတောင် အသင်းဟာ ထူးထူးခြားခြား တိုးတက်သွားတာမျိုး မရှိခဲ့ဘူးလေ ”

 

” လက်ရှိ အသင်းရဲ့ အနေအထားကို ကြည့်လိုက်ရင် သူတို့ထဲက ဘယ်သူမှ အလုပ်ကို အကောင်းဆုံး မလုပ်နိုင်ခဲ့ကြဘူးလို့ ပြောလို့ရပါတယ် ။ သူတို့တွေ ကျွန်တော်တို့ရဲ့ အရှေ့ကို လာပြီး အောင်ပွဲခံတာတောင် မရှိခဲ့ပါဘူး ။ အမှန််တရား နဲ့ ဘာဖြစ်ခဲ့သလဲဆိုတာ ကြည့်လိုက်ပါ ”

 

” တန်ဟတ်ဟာ တကယ့် အလုပ်ကြီး တစ်ခု ရခဲ့တာ ဖြစ်ပြီး ကျွန်တော်တို့လည်း ပြန်လည် တည်ဆောက်မှု တစ်ခုကို မြင်တွေ့ရပါလိမ့်မယ် ။ ဒါဟာ ဥရောပရဲ့ အကြီးမားဆုံးသော ပြန်လည် တည်ဆောက်မှု ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ် ။ သွားနေလာနေတဲ့ လူတွေ ပြောနေကြတာကို ကျွန်တော် ကြားခဲ့ပါတယ် ”

” လီဗာပူး နဲ့ ကစားခဲ့ပြီးတဲ့နေ့ကပဲ ကျွန်တော်တို့ရဲ့ကြား ခြားနားမှုတွေ အရမ်းကိုကြီးမားနေပြီဆိုတာ သိမြင်ခဲ့ရပါတယ် ။ အသင်းဖက်က တန်ဟတ်ကို လိုအပ်တဲ့ အချိန်တစ််ခု ပေးဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ။ နောက်ရာသီ ဘာဖြစ်လဲ ဆိုတာကို ကြည့်ပြီး သူ့အပေါ် ဝေဖန်လို့ မရနိုင််ပါဘူး ”

 

” နှစ်တွေ အကြာကြီးအထိ နိမ့်ပါးနေခဲ့တဲ့ အသင်းဆီကို သူလာရုံနဲ့ အံ့ဖွယ်အရာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေလို့ မရပါဘူး ။ နောက်ရာသီ အဲ့တာမျိုး ဖြစ်လာရင် ဒါဟာ အံ့ဖွယ်ပဲလို့ သေချာပေါက် ပြောလို့ရနိုင်ပါတယ် ။ ဒါဟာ ဖြစ်နိုင်ခြေ မရှိသလောက်ပဲလေ ”

” ကျွန်တော့် အတွက်တော့ ယူနိုက်တက် တို့ ပရီးမီးယားလိဂ် ဖလားကို အရယူပြရပါ့မယ် ။ တန်ဟတ်လို နည်းပြမျိုးဆီက ကျွန်တော်တို့ ဒါကို မျှော်လင့်လို့ ရနိုင်ပါတယ် ။ ဒါဟာ ယူနိုက်တက်တို့ ပြန်လိုက်သင့်တဲ့ အဆင့်အတန်း တစ်ခုပါပဲ ” လို့ ဘာဘာတော့ဗ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar