တစ်ဝက်ကျော်လောက် အသင်းက ထွက်ချင်နေကြမှာပဲလို့ ပြောရင်း ယူနိုက်တက်မှ သေချာပေါက် ထွက်ခွာမယ့် ကစားသမား 2 ဦး အမည်ကို ပြောပြလိုက်တဲ့ ပီတစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ် ဘောလုံး ရာသီမှာတော့ ခက်ခဲတဲ့ ရက်စွဲတွေ ပိုင်ဆိုင်နေခဲ့ရပြီး ချန််ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့နောက် 5 ရာသီဆက်တိုက်် ဖလား လက်မဲ့ ဖြစ်ခဲ့ရတဲ့ မှတ်တမ်းဆိုး တစ်ရပ်ကို ပိုင််ဆိုင် သွားခဲ့ရပါတယ် ။ ဒါဟာ အောင်မြင်မှုတွေကိုသာ လိုချင်တဲ့ ပရိသတ်တွေ အတွက်တော့ စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရပါတယ် ။

တကယ်တော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အိုလီ ဂန််နာ ဆိုးလ်ရှား လက်အောက် ပရီးမီးယားလိဂ် အဆင့် 2 နေရာ နဲ့ ရာသီ ပိတ်သိမ်းနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်် အသင်းဟာ နွေမှာ ရော်နယ်ဒို ၊ ဆန်ချို ၊ ဗာရန်း တို့လို ကစားသမားတွေကို ခေါ်ယူခဲ့တဲ့နောက် အမှတ်ပေးဖလားဆုကို ဒီရာသီ စိန်ခေါ်နိုင်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ရာသီ ပိတ်သိမ်းဖို့ 7 ပွဲမျှသာ လိုတော့တဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆင့် 7 နေရာမှာသာ ရပ်တည် နိုင်ခဲ့ပြီး ထိပ်သီး 4 သင်း စာရင်း အတွင်း ဝင်ရောက်နိုင်ဖို့တောင် ရုန်းကန်ရတဲ့ ရက်စွဲမျိုး ပိုင်ဆိုင်နေခဲ့ရပါတယ် ။ ဒီလို အနေအထားတွေ​​ကြောင့် ကစားသမားတွေလည်း စိတ်ပျက်နေခဲ့ကြပါပြီ ။

အခုတော့ အာဆင်နယ် ၊ ချဲလ်ဆီး နဲ့ ပြင်သစ် လက််ရွေးစင် အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း တစ်ဦးဖြစ်တဲ့ ပီတစ် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင််းသား တစ်ဝက်ကျော်လောက်က အသင်းမှ ထွက်ခွာချင်နေမှာ ဖြစ်ကြောင်း ၊ အဲ့ဒီထဲ ပြင်သစ် လက်ရွေးစင် နှစ်ဦးကတော့ သေချာပေါက် ထွက်ခွာလိမ့်မယ်လို့ ယုံကြည်မိကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဒီနွေကုန်ရင်တော့ ပေါ့ဂ်ဘာ မန်ချက်စတာ ယူနိုက်တက်် အသင်းမှာ မနေသင့်တော့ပါဘူး ။ ဒါဟာ သူ့အတွက် မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာဖို့ အချိိန်ကျရောက်ခဲ့ပါပြီ ။ သူ့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု ပုံစံက သူဟာ အသင််းမှာ မပျော်တော့ဘူးဆိုတာကို ပြသနေခဲ့ပါတယ် ။ အဲ့ဒီလို ဖြစ်နေတာ သူတစ်ယောက်ထဲတော့ မဟုတ်ပါဘူး ၊ စိတ်ပျက််နေကြသူတွေ အများကြီး ရှိနေကြပါတယ် ”

” သူတို့ အဲဗာတန် နဲ့ ကစားခဲ့ကြတဲ့ ပွဲကို ကျွန်တော် ကြည့်ခဲ့ပါသေးတယ် ။ Come On! ဒါက မန်ချက်စတာ ယူနိုက်တက် အသင်းပါဟ ။ မင်းတို့ ဒီလို အသင်းမျိုးအတွက် ကစားပေးတဲ့ အချိန်မှာ အခုထက်ပိုပြီး တာဝန်ယူလိုစိတ် ရှိရပါ့မယ် ။ အခု အသင်းက ကျွန်တော်တို့ ရင်ဆိုင်ခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ တခြားစီ ဖြစ်နေပါပြီ ”

” ပေါ့ဂ်ဘာ တော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာသင့်ပြီ ၊ သူ့ရဲ့အချိန်တွေ ကုန်ဆုံးသွားပြီလို့ ကျွန်တော်် ထင်ပါတယ် ။ အခုအချိန် သူ့အတွက် motivation အသစ်် ၊ ခြားနားတဲ့ အရာ တစ်ခုကို ရှာဖွေရမယ့် အချိန် ဖြစ်နေပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ အခု မန်ချက်စတာ ယူနိုက်တက်ရဲ့ ပတ်ဝန်းကျင်က နေလို့ကောင်းတဲ့ နေရာ တစ်ခု မဟုတ်တော့လို့ပါပဲ ”

” အကယ်လို့ အဝတ်လဲခန်းထဲက ကစားသမား အားလုံး အကြောင်း ပြောရမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဝက်လောက် အသင်းမှာ ဆက်ပြီး မနေချင်ကြတော့ဘူးလို့ ကျွန်တော် ထင်မိပါတယ် ။ ပြင်သစ် လက်ရွေးစင် အသင်းအတွက် ကစားတဲ့ ပေါ့ဂ်ဘာ နဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားတဲ့ ပေါ့ဂ်ဘာ တို့ရဲ့ ကြားမှာ ခြားနားချက် အကြီးကြီး ရှိနေပါပြီ ”

” ပေါ့ဂ်ဘာ ပြင်သစ် လက်ရွေးစင် အသင်းအတွက် လာရောက် ကစားပေးတဲ့ အခါတိုင်း အောက်ဆီဂျင် ရနေသလိိုပါပဲ ။ သူဟာ ပတ်ဝန်းကျင်ကောင်း တစ်ခုကို ပိုင်ဆိုင်သွားလေ့ ရှိတတ်ပါတယ် ။ သူ့ရဲ့ အသင်းဖော်တွေ မတူကြတော့ဘူးလေ ။ ဒါပေမဲ့ ကလပ် အဆင်းဆီ ရောက်ရင်တော့ သူရဲ့ အနေအထားက တိမ်ဖုံးနေသလို မိုးရွာနေသလိို ဖြစ်သွားတတ်ပါတယ် ”

” အပေါင်း လက္ခဏာဆောင်တဲ့ စိတ်ဓါတ် ခံယူချက်တွေ မရှိတော့ပါဘူး ။ သူတို့ဟာ ကွင်းအတွင်းရော ကွင်းအပြင်မှာပါ ရုန်းကန်နေကြရပါတယ် ။ သူ PSG သွားမလား ၊ ရီးယဲ သွားမလား မေးရင်တော့ အရင်ဆုံး motivation တွေ ပိုရအောင် လုပ်ပါလို့ ပြောလိုက်မှာပါ ။ သူ နိုင်ငံ့ အတွက် ကစားပေးပုံက လုံးဝ ခြားနားနေတယ်လေ ” လို့ ပြောရင်း မာရှယ်လည်း ယူနိုက်တက်ကနေ ထွက်လိမ့်မယ်လို့ ပီတစ်် က ဆက်လက် ပြောခဲ့လိုက်ပါတယ် ။

” အန်သိုနီ မာရှယ်လည်း မန်ချက်စတာ ယူနိုက်တက်မှာ အနာဂတ် မရှိတော့တာ သေချာလှပါတယ် ။ သူဟာ ဒီမှာ နှစ်တွေ အကြာကြီးနေခဲ့ပြီး တိုးတက်မလာခဲ့သေးပါဘူး ။ သူဟာ ယူနိုက်တက် အပေါ် ယုံကြည်စိတ် ပျောက်ကွယ်နေပြီလို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ရည်မှန်းချက်တွေလည်း ပျောက်ဆုံးနေသလိုပါပဲ ။ ဒါဟာ မန်ချက်စတာ ယူနိုက်တက် အဝတ်လဲခန်းထဲ ပျံ့နှံ့နေပါပြီ ”

” သူတို့တွေ အရမ်းကို မပျော်မရွှင် ဖြစ်နေကြသလို ပါပဲ ။ သူတို့ဟာ စည်းလုံးတဲ့ အသင်း တစ်သင်း မဟုတ်တော့သလိုပါပဲ ။ သူတို့ဟာ တစ်ဦးကိုတစ်ဦး မချစ်ခင်ကြတော့သလို ဆက်ဆံရေးလည်း ကြဲနေသလိုပါပဲ ။ အဝတ်လဲခန််းထဲ ဒါမျိုး အဖြစ်ခံလို့ မရပါဘူး ။ မာရှယ် ယူနိုက်တက် ဆီကို ပြန်မသွားချင်တော့ဘူးလို့ သေချာပေါက် ပြောနိုင်ပါတယ် ”

” သူ ဒီအသင်းမှာ ရှိနေခဲ့တာ 6 နှစ် ကျော်ခဲ့ပါပြီ ။ သူ ဒီကို စရောက်တုန်းက မျှော်လင့်ချက်တွေ အများကြီးထားခံခဲ့ရပါတယ် ။ ဒါပေမဲ့ သူကတော့ ရုန်းကန်ပြီးရင်း ရုန်းကန််ခဲ့ရပါတယ် ။ နည်းပြ ဘယ်သူပဲ ဖြစ်ပါစေ ၊ မာရှယ်ရဲ့ အသက်နဲ့ ဒီထက်ပိုပြီး ပွဲတွေ ကစားခွင့် ရရှိသင့်ပါတယ်် ။ အခုတော့ သူဟာ ပြုံးလည်း မပြုံးတော့သလို ပျော်လည်း ပျော်မနေတော့ပါဘူး ” လို့ ပီတစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar