ဆဲလ်တစ် ကြယ်ပွင့် Ben Doak ကို ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာတော့မယ့် လီဗာပူး

အလားအလာကောင်းတဲ့ လူငယ် ချာတိတ်လေးတွေကို စည်းရုံးတဲ့ နေရာမှာ လီဗာပူး ရဲ့ Model က နောက်ပိုင်းမှာ ထိပ်တန်းကို ရောက်လာနေပါတယ်။ အသင်းကြီး အများစု ဟာ အသင်းအောင်မြင်မှုတွေ ရယူဖို့ အပြောင်းအရွှေ့ ဈေးကွက်မှာ ထိပ်တန်း ကစားသမားတွေ အလုအယက် ခေါ်ယူဖို့ အားထုတ်နေကြချိန်မှာ ၊ ယာဂန် ကလော့ပ် ကတော့ လူငယ်တွေ ကိုလဲ အလျဉ်းသင့်သလို နေရာပေးရင်း ၊ ကြိုးစားသူတိုင်း အတွက် လမ်းကြောင်းတွေ ရှိနေတယ် ဆိုတာ ခိုင်ခိုင်မာမာ ပြသထားပါတယ်။

အခု နောက်ဆုံး မိခင် ကလပ် အသင်းရဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ကမ်းလှမ်းမှု ကို ငြင်းဆန်ပြီး လီဗာပူး ကို ပြောင်းရွှေ့ လာသူက အသက် 16 နှစ် အရွယ်သာ ရှိသေးတဲ့ ဆဲလ်တစ် အသင်းက စကော့တလန် တောင်ပံ ကစားသမားလေး Ben Doak ဖြစ်ပါတယ်။

အခုမှ အသက် 16 နှစ် ကျော်ပဲ ရှိသေးသလို ၊ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုထားခြင်း မရှိသေးသည့်တိုင်အောင် ဆဲလ်တစ် ဟာ ချာတိတ်လေးကို ဆုံးရှုံးမှာ စိုးရိမ်တဲ့ အတွက် စီနီယာ အသင်းကြီး ကစားခွင့် 2 ကြိမ် အထိပေးကာ စည်းရုံးရေးတွေ ဆင်းခဲ့ပါတယ်။

သို့သော်လဲ သူတို့ရဲ့ အားထုတ်မှုတွေက အလုပ်မဖြစ်ခဲ့သလို အခြား ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချဲဆီး ၊ လိဒ် ယူနိုက်တက် အသင်းတွေက အပြိုင် ချဉ်းကပ်ခဲ့သည့်တိုင်အောင် ၊ လူငယ် ချာတိတ်လေးဟာ လီဗာပူး ကိုပဲ ရွေးချယ်လိုက်ပါပြီ။

သူဟာ ဒီတစ်ပတ် အစောပိုင်းမှာ ကစားခဲ့တဲ့ ဂျော်ဂျီယာ ယူ 17 အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ စကော့တလန် လူငယ် အသင်းအတွက် ဟတ်ထရစ်ဂိုး သွင်းယူ ပေးထားခဲ့ပါတယ်။

လူမှု ကျွန်ယက် စာမျက်နှာပေါ်တွေမှာတော့ Ben Doak ဟာ လီဗာပူး ကို ရောက်ရှိလာလို့ ၊ ကျောနံပါတ် 7 ပါတဲ့ ဂျာစီကိုတောင် ကိုင်မြှောက်ထားတဲ့ ပုံတွေ တက်လာနေပါပြီ။ ဒါကြောင့် ချာတိတ်လေးမှာ မကြာခင်မှာ လီဗာပူး ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်ပါတယ်။

သူဟာ ဒီရာသီမှာ အသင်းကြီး နဲ့ ပူးပေါင်းခွင့် ရဦးမှာ မဟုတ်သေးပဲ ၊ အကယ်ဒမီ ကစားသမား အဖြစ်နဲ့ ရှိနေမှာ ဖြစ်ကာ ရာသီအကြို ပြင်ဆင်မှုတွေ ရောက်မှ နည်းပြ ကလော့ပ် ရဲ သဘောထားကို နားစွင့်က စီနီယာ အသင်းနဲ့ ပူးပေါင်း လေ့ကျင့်ခွင့် ရသင့် မရသင့်ကို သဲသဲကွဲကွဲသိသွားဖွယ် ရှိပါတယ်။

လီဗာပူး ဟာ သူ့အတွက် လေ့ကျင့် ပြုစု ပျိုးထောင်ခ လျော်ကြေး အဖြစ် ဆဲလ်တစ် အသင်းထံ ပေါင် 600000 ဝန်းကျင် ပေးချေရဖွယ် ရှိနေပါတယ်။

Brexit ကိစ္စ ပေါ်ပေါက်လာပြီး နောက်ပိုင်း လီဗာပူး ဟာ အလားတူ ပုံစံမျိုး နဲ့ ပရော်ဖက်ရှင်း စာချုပ် ချုပ်ဆိုရခြင်း မရှိသေးတဲ့ ချာတိတ်တွေ ဖြစ်တဲ့ ဟာဗေး အယ်လီယော့ ၊ ကိတ် ဂေါ်ဒွန် ၊ မူဆီယာ လော့စကီး ၊ ဘော်ဘီ ကလပ်ခ် တို့ကိုလဲ ခေါ်ယူထားခဲ့ ပါတယ်။

အဆိုပါ ကစားသမားတွေဟာ လက်ရှိမှာ စီနီယာ အသင်းကြီး ကစားခွင့် ရဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်နေကြတဲ့ အတွက် ၊ သူတို့လို အကယ်ဒမီ ကစားသမားလေးတွေ ဟာ လီဗာပူး ကို ယုံယုံကြည်ကြည် နဲ့ လာရောက် ပူးပေါင်းဖို့ စဉ်းစား တွေဝေခြင်း မရှိကြပါဘူး။

လက်ရှိမှာ အန်ဖီးလ် ကလပ်ဟာ Derry City က 15 နှစ် အရွယ် ထရန် ကိုနေး ဒိုဟာတေး ကိုလဲ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ၊ ဖူဟမ် က ပေါ်တူဂီ လူငယ် ချာတိတ် ကာဗယ်ဟို ကတော့ ရာသီအကုန်မှာ လာရောက် ပူးပေါင်းဖွယ် ရှိနေတယ်လို့ နားလည်ရပါတယ်။

SM