ဆီမွန်နီကို ပရီးမီးယားလိဂ်မှာ မြင်ချင်တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်ပြီး အက်သလက်တီကိုရဲ့ tactics ကို ကာကွယ်လိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက သူ့အနေနဲ့ ဒီယေဂိုဆီမွန်နီကို ပရီးမီးယားလိဂ် ကလပ် တစ်ခုခုကို ကိုင်တွယ်တာ မြင်ချင်တယ်လို့ ဆိုလိုက်ပြီး မနေ့ညက မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ battle မှာ ၎င်းရဲ့ အက်သလက်တီကိုမက်ဒရစ် အသင်း အသုံးချခဲ့တဲ့ tactics တွေ အပေါ် ကာကွယ် ပြောဆိုလိုက်ပါတယ်။

စပိန်ကလပ်ဟာ Wandmetropolitano မှာ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်းမှာ အချင်းများစရာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို ဖန်တီးခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ခံနေရပြီး အဆိုပါပွဲဟာ ဂိုးမရှိသရေကျခဲ့တာကြောင့် မန်စီးတီးဟာ ပထမအကျော့က ဒီဘရိုင်းနားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဒိုင်လူကြီး ဆီးဘတ် အနေနဲ့ အဆိုပါ နာကျင်အချိန်ပို ကာလအတွင်း အဝါကတ် ၇ ကတ် သုံးခဲ့ရတဲ့ အပြင် အစောပိုင်းက ဖီးလ်ဖိုဒန်ကို ခေါင်းကွဲစေခဲ့တဲ့ ဖီလစ်ပီကို ဒုတိယအကြမ် အဝါကတ်ပြကာ ထုတ်ပယ်ခဲ့ပါတယ်။

မန်စီးတီး နောက်ခံလူဟောင်း ဆားဗစ်ကလည်း ဒီပြသနာမှာ အဓိကနေရာက ပါ၀င်သွားခဲ့ပြီး ပွဲအပြီးမှာလည်း ဂရီလစ်ခ်ျ ဝေါ်ကာ တို့နဲ့ ဥမင်ထဲမှာ အချင်းဆက်များခဲ့ပါတယ်။ အက်သလက်တီကိုနဲ့ ဆီမွန်နီ တို့ဟာ အဆိုပါ အပြုအမူတွေကြောင့် ကြီးမားတဲ့ ရှုံ့ချမှုတွေ ခံနေရပေမယ့်လည်း ကာရေဂါက ဆီမွန်နီရဲ့ တိုက်ပွဲ၀င်စိတ် ပြင်းထန်မှုကြောင့် အာဂျင်တီးနား နည်းပြသာ ပရီးမီးယားလိဂ် ကလပ် တစ်ခုခုကို ကိုင်တွယ်ခဲ့မယ် ဆိုရင် ပြိုင်ပွဲက ပိုပြီး စိတ်လှုပ်ရှားဖွယ် ကောင်းသွားမယ်လို့ ယူဆနေပါတယ်။

ကာရေဂါက “ပရီးမီးယားလိဂ်မှာ ကျွန်တော် အရမ်း မြင်တွေ့ချင်တဲ့ မန်နေဂျာ တစ်ဦး ကမ္ဘာပေါ်မှာ ရှိနေတယ် ဆိုရင် ဒါဟာ ဒီယေဂိုဆီမွန်နီပဲ ဖြစ်ပါတယ်။ ဆီမွန်နီဟာ မန်စီးတီးလို အသင်းကို သူတို့ အင်္ဂလန်မှာ ရင်ဆိုင်ရလေ့ သိပ်မရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို အမြဲတမ်း ပေးနိုင်မယ့်သူ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ tie မှာ အက်သလက်တီကိုရဲ့ performance ကို တုန့်ပြန်မှုတွေဟာ သူတို့ တကယ် လုပ်ခဲ့တာထက် ပိုမို ပြောဆို ခံနေရပါတယ်။ သူတို့ဟာ အားလုံး သိကြပြီး ဖြစ်တဲ့ အတိုင်းပဲ aggressive ဖြစ်မှာပါ။ ပြီးတော့ သူတို့ဟာ မန်စီးတီးတို့ free-flowing game ကို မကစားနိုင်အောင် တက်နိုင်သမျှ တားဆီးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခြေစုံပစ်၀င်မှု challenge ၂ ခုဟာ ကစားသမား ဘ၀ ထိခိုက်စေလောက်အောင် ခြိမ်းခြောက်မှု မရှိခဲ့တဲ့ အပြင် လိမ်ညာလှည့်ဖျားခဲ့တယ်လို့ ပြောရလောက်တဲ့ အဖြစ်အပျက်တွေလည်း မရှိခဲ့ပါဘူး။

ဆီမွန်နီဟာ box office နည်းပါ။ နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ သူဟာ ပွဲအပြီးမှာ အငြင်းအခုန်တွေ ဖြစ်အောင် အာမခံချက်ပေးနိုင်ပါတယ်။ ဝေဖန်မှုတွေဟာ မန်စီးတီးနဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ သူနဲ့ သူ့အသင်းရဲ့ ကောင်းမွန်တဲ့ အားထုတ်ခဲ့မှုကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ ဘာကြောင့် လူတွေက ဘောလုံးပွဲတိုင်း အမြဲတမ်း သန့်သန့်ရှင်းရှင်း ဖြစ်ဖို့ ဆန္ဒ ရှိနေကြတာလဲ?

ဆီမွန်နီရဲ့ အသင်းဟာ သူ့ရဲ့ ပုံရိပ်အတိုင်း ပါပဲ။ စစ်သည်တော်တွေလိုမျိုး ဖြစ်ကာ စိတ်ဓာတ် တအားပြင်းထန်ပြီး ပြိုင်ဘက်ကို အမြင့်ဆုံး သက်တောင့်သက်သာ မဖြစ်အောင် အပြင်းအထန် တုန့်ပြန် ကစားတဲ့ အသင်းပါ။ နိုင်ပွဲရအောင် အပြင်းအထန် ကစားသွားရမယ် ဆိုတဲ့ ခံစားချက် မရှိဘဲ ဘယ်အသင်းမှ အက်သလက်တီကိုနဲ့ ကစားလို့ မရနိုင်ပါဘူး။ သူတို့ ဆီက လေ့လာသင်ယူနိုင်တဲ့ ပရီးမီးယားလိဂ် ကလပ်တွေ အများကြီး ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM