စပါးကို မျက်နှာသာပေးခဲ့တဲ့ ပဲလေ့စ် ၊ တန်ဟတ် နဲ့ အဆစ်ပါလာမယ့် အိုင်ယက်စ်စတားများ ၊ ဘိုင်ယန်စတားကို စောင့်ကြည့်နေတဲ့ အသင်းကြီးတွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဉ်မှာတော့ အေစီမီလန် ဟာ ဘိုလော့နာ အသင်းနဲ့ ဂိုးမရှိ သရေကျ ခဲ့ ပါတယ် ။ ဒါပေမယ့် စီးရီးအေ အမှတ်ပေး ဇယား ကိုတော့ ၁ မှတ်အသာ နဲ့ ဆက်လက် ဦးဆောင် နိုင်ခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် မှာတော့ အာဆင်နယ် ဟာ အဝေးကွင်းမှာ ခရစ္စတယ် ပဲလေ့စ် ကို ၃-၀ နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် အဆင့် ၄ နေရာကို တော့တင်ဟမ် ဟော့စပါး ထံ ဆက်လက် လွှဲပြောင်းပေးထား ခဲ့ရ ပါတယ် ။

လက်ရှိမှာ စပါး နဲ့ အာဆင်နယ် တို့ အမှတ်တူနေကြပြီး အာဆင်နယ် က တပွဲလျော့ ကစားထားကာ အဆင့် ၄ နေရာအတွက် အကျိတ်အနယ် ဆက်လက် ယှဉ်ပြိုင် နေကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ နယ်သာလန် ကလပ် အိုင်ယက်စ် နည်းပြ အဲရစ် တန်ဟတ် ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အလားအလာ များနေပြီး အဲရစ် တန်ဟတ် ဟာ ယူနိုက်တက် နည်းပြ ဖြစ်လာပါက အိုင်ယက်စ် က အန်တိုနီ နဲ့ တင်းဘား တို့ကို အိုးထရက်ဖိုဒ့် ဆီ ခေါ်ဆောင်လာဖွယ် ရှိတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ အဲဗာတန် တိုက်စစ်မှူး ရစ်ချလီဆင် ကို အပြိုင် စိတ်ဝင်စား နေကြပြီး အာဆင်နယ် သာ ချန်ပီယံလိဂ် ဝင်ခဲ့ပါက ဘရာဇီးသားကို ခေါ်ယူ နိုင်ချေ ရှိတယ်လို့ သတင်း ထွက်ပေါ် နေပါတယ် ။

ရီးရဲမက်ဒရစ် ဂိုးသမား ကော့တွိုက် ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဖြစ် အသင်းဟောင်း ချဲလ်ဆီး နဲ့ ကစားရမယ့် ပွဲနဲ့ ပတ်သက်ပြီး စတမ်းဖိုဒ့် ဘရစ် ကွင်းဆီ နောက်တခေါက် ပြန်ရောက်လာရမယ့် အရေး အပေါ် စိတ်လှုပ်ရှား ပျော်ရွှင် နေမိကြောင်းနဲ့ ချဲလ်ဆီး ပရိသတ်တွေ သူ့ကို မလှောင်ပြောင် ကြဖို့ မျှော်လင့် မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်းရဲ့ အားထားရတဲ့ နောက်ခံလူ ကီရန် တိုင်ယာနီ ဟာ ဒူးမှာ ဒဏ်ရာ ရှိနေပြီး ခွဲစိတ်ကုသမှု ပြုလုပ်ဖို့ အထိ လိုအပ် နိုင်ချေ ရှိနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ၊ အင်္ဂလန် နဲ့ ချဲလ်ဆီး နည်းပြဟောင်း ဂလင်းဟော်ဒယ် က ရိုမီရို လူကာကူ အနေနဲ့ ကိုင် ဟာဗက် ဆီက ပွဲထွက်ခွင့် ကို ပြန်လည် မရယူခင် မှာ အသုံးတည့်တဲ့ အရန်လူ အဖြစ် နဲ့ ချဲလ်ဆီးကို အကျိုးပြုဖို့ ဦးစွာ လိုအပ်ကြောင်း ပြောဆို အကြံပြု သွားခဲ့ ပါတယ် ။

အဲဗာတန် နည်းပြ ဒေးဗစ်မိုရက်စ် ၊ အင်္ဂလန် တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ် တို့ဟာ FA Cup ချန်ပီယံကို ချန်ပီယံလိဂ် ဝင်ခွင့် ပေးမယ့် အစီအစဉ် ကို ကြိုဆိုပေမယ့် အသင်းကြီးသာ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် ကတော့ လုံး၀ မျှတမှု မရှိဘူးလို့ ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် ၊ လီဗာပူး နဲ့ ယူဗင်တပ် အသင်းတို့ဟာ ဘိုင်ယန်မြုးနစ် ကနေ ထွက်ခွာမယ်လို့ သတင်းထွက် နေတဲ့ ဂျာမန် စတား ဂနာဘရီ ကို အပြိုင် စောင့်ကြည့် နေကြတယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ မာတာ ဟာ ရာသီ အကုန်မှာ အနားယူဦးမှာ မဟုတ်သလို ယူနိုက်တက် နည်းပြအဖွဲ့ဝင် အဖြစ်လည်း လုပ်ကိုင်ဦးမှာ မဟုတ်သေးဘဲ စပိန်ကို ပြန်ကာ ဘောလုံး ဆက်ကစားဖို့ စိတ်ကူး ရှိနေသေးတယ်လို့ ကြားသိရ ပါတယ် ။

ယူဗင်တပ် ကွင်းလယ်လူ ရာဘီယော့ ဟာ အင်တာမီလန် ကို ရှုံးနိမ့် ခဲ့တဲ့ စီးရီးအေ ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင် ဖြစ်သူကို ရည်ရွယ်ပြီး ‘၁၁ ယောက် နဲ့ ၁၂ ယောက် ကစားရတာ ခက်ပါတယ်’ လို့ ရေးသား ခဲ့မှု အတွက် စီးရီးအေ ရဲ့ စုံစမ်းမှု ကို ခံရပြီး ပြစ်ဒဏ် ချမှတ် ခံရနိုင်တယ်လို့ သိရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် အတွက် မန်ချက်စတာ ကို ထွက်ခွာ လာခဲ့ ကြပြီး အားထားရတဲ့ နောက်ခံလူ ဟိုဆေး ဂျီမီနက်ဇ် ပါဝင် မလာခဲ့ဘူးလို့ သိရပါတယ် ။

နယူးကာဆယ် ၊ ဝက်စ်ဟမ်း ၊ လိဒ် နဲ့ ခရစ္စတယ် ပဲလေ့စ် အသင်းတွေဟာ ဂျာမန် ကလပ် ကိုလုံး အသင်း နောက်ခံလူ တီမို ဟက်ဘာ ကို နွေရာသီမှာ ကမ်းလှမ်းဖို့ စိတ်ကူး နေကြတယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR