ချဲလ်ဆီးနဲ့ ပွဲစဥ်မတိုင်မီ breaking news အချို့ကို ပြောပြသွားတဲ့ ရန်းဂနစ်

 

ယူနိုက်တက် နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် ကတော့ ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ်ဟာ ဒဏ််ရာ ကုစားနေဆဲ ဖြစ်တဲ့အတွက် ပါဝင်နိုင်ဦးမှာ မဟုတ်သေးကြောင်း ပြောပြသွားခဲ့လိုက်ပါတယ် ။

ဒါ့အပြင် အင်္ဂ့လန် နိုင်ငံသား ကစားသမားတွေ ဖြစ်ကြတဲ့ ဟယ်ရီ မက်ဂွားယား ၊ ဂျေဒန် ဆန်ချို နဲ့ လုခ်ရှော ၊ ဥရုဂွေး လက်ရွေးစင် အီဒင်ဆန် ကာဗာနီ နဲ့ ပြင်သစ် လက််ရွေးစင် ပေါလ် ပေါ့ဂ်ဘာ တို့လည်း ပါဝင်နိုင်ကြဦးမှာ မဟုတ််သေးကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဖရက်ဒ် ကတော့ ကံမကောင်းစွာပဲ အခုထိ မပါဝင်နိုင်သေးပါဘူး ။ သူဟာ မ​နေ့က လေ့ကျင့်ရေးတွေ လုပ်ပြနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ် ။ အဲ့တာပြီးတော့ ကျွန်တော် နဲ့ သူနဲ့ စကားတွေလည်း အကြာကြီး ပြောဆိုဖြစ်ခဲ့ကြပါတယ်် ။ သူ အပြည့်အဝ မကြံ့ခိုင်သေးဘူးလို့ ပြောခဲ့ပါတယ် ”

” သူဟာ 100 % အပြည့် မကောင်းသေးပါဘူး ။ ဖရက်ဒ် ဆိုတာက အမြဲတမ်း အကောင်းဆုံး ကြိုးစားရင်း ပေးဆပ််ကစားလိုတဲ့ ကစားသမား တစ်ယောက်ပါ ။ ဒါ့ကြောင့် ကြွက်သား ဒဏ်ရာ ရနေသေးတဲ့ သူ့လို ကစားသမားမျိုးကို အချိန်မတိုင်ခင် ပွဲထုတ် ကစားစေတာက အဓိပ္ပါယ် မရှိဘူးလို့ ကျွန်တော် တွေးပါတယ် ”

” သူ့ကို ဒီလိုအချိန် ကစားစေလိုက်ရင် နောက်ထပ် ဒဏ််ရာရသွားမှာမျိုး စိုးရိမ်ရတယ်လေ ။ ကျွန်တော် ဒါမျိုးကိုတော့ လုံးဝ အဖြစ်ခံမှာ မဟုတ်ပါဘူး ။ သေချာပါတယ် ၊ သူဟာ မနက်ဖြန်မှာတော့ သေချာပေါက် ပြန်လည် ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး ”

” သူပြီးရင်တော့ ဟယ်ရီ မက်ဂွားယားလည်း ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး ။ သူဟာ ဒူး ပြသနာ ရှိနေပါတယ် ။ ကြီးကြီးမားမား ပြသနာတော့ မဟုတ်ပါဘူး ၊ အသေးစား ဒဏ်ရာလေးပါ ။ သူဟာ မနေ့ကရော ဒီ​နေ့ပါ အသင်း နဲ့ လေ့ကျင့်နိုင်ခြင်း မရှိခဲ့ပါဘူး ”

” ပြီးတော့ ပေါလ် (ပေါ့ဂ်ဘာ) ၊ အီဒင်ဆန် (ကာဗာနီ) ၊ ဖရက်ဒ် ၊ လုခ်ရှော နဲ့ ဂျေဒန် (ဆန်ချို) ပေါ့ ။ ဂျေဒန်က ဖျားနေတာပါ ။ သူဟာ မနေ့ကတည်းက နေထိုင်မကောင်းခဲ့ပါဘူး ။ ပြီးတော့ ဒီနေ့လည်း မလေ့ကျင့်နိုင်ခဲ့ပါဘူး ။ သူလည််း မနက်ဖြန် ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး ”

” ကာဗာနီ ကတော့ သောကြာနေ့ ပြန်လည် လေ့ကျင့်နိုင်မှာပါ ။ ချဲလ်ဆီး နဲ့ ကစားပွဲ ပြီးဆုံးတဲ့နေ့ပေါ့ ။ သူဟာ ဒီရာသီ အသင်းအတွက် သိပ်မစားပေးနိုင်ခဲ့ပါဘူး ။ ဒါပေမဲဲ့ ဆရာဝန်တွေရဲ့ ပြောစကားအရတော့ သောကြာနေ့မှာ ပြန်လည် လေ့ကျင့်နိုင်ပါလိမ့်မယ် ” လို့ ရန်းဂနစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar