ချန်ပီယံလိဂ် ဝင်ခွင့်မရရှိခြင်းက ကစားသမားသစ် ခေါ်ယူရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိစေမလဲဆိုတာ ပြောပြလိုက်တဲ့ ရန်းဂနစ်

ယူနိုက်တက် နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် ကတော့ သူ့ရဲ့ အသင််း ချန်ပီယံလိဂ်ဝင်ခွင့် မရရှိတာက လာမယ့် နွေရာသီ အတွင်း ကစားသမားသစ် ခေါ်ယူရေးအပေါ် သက်ရောက်မှု ရှိစေနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ပြောကြား သွားခဲ့လိုက်ပါတယ် ။

ရဲ့လ်ဖ် ရန်းဂနစ် ဟာ ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့ အနေအထားကောင်း အချို့ကို ပိုင်ဆိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် 4 ပွဲမှာ 3 ကြိမ် အထိ ရှုံးနိမ့်ခဲ့တဲ့နောက် မျှော်လင့်ချက်တွေ ဝေဝါးသွားခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် အမှတ််ပေး ဇယားမှာ အဆင့် 4 နေရာမှ တစ်ပွဲလျော့ ကစားထားခဲဲ့တဲ့ အာဆင်နယ် အသင်းအောက် 6 မှတ် အကွာ ၊ အဆင့် 6 နေရာကို ရောက်ရှိ နေခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒါဟာ ပရိိသတ်တွေ အတွက်တော့ စိတ်ပျက်စရာပါပဲ ။

အခြားတဖက်မှာတော့ ယူနိုက်တက် အသင်းမှ လီဂရန့် ၊ မာတစ် ၊ ပေါ့ဂ်ဘာ ၊ မာတာ ၊ လင်ဂတ် နဲ့ ကာဗာနီ တို့ဟာ ထွက်ခွာသွားနိုင်ခြေ များနေခဲ့ကြပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာမို့ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ လာမယ့်နွေမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ် ။ ဒီအတွက် ရန်းဂနစ် ကတော့ အသင်းဟာ ကစားသမားတွေကို ဆွဲဆောင်နိုင်ကြောင်း ၊ ဘရူနို စာချုပ်သက်တမ်း တိုးခဲ့တာက သက်သေဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သေချာတာပေါ့ ၊ နောက်ရာသီ ချန်ပီယံလိဂ် ကစားခွင့် ရမယ်ဆိုရင် ပိုကောင်းတာပေါ့ဗျာ ။ ဒါပေမဲ့ အဲ့တာက အခြားးအသင်းတွေ အပေါ်လည်း သက်ရောက်မှု ရှိစေမှာပါပဲ ။ ဒါဟာ မန်ချက်စတာ ယူနိုက်တက် အတွက်ပဲ ပြသနာ သီးသန့် ဖြစ်စေမဲ့ ကိစ္စမျိုး မဟုတ်ပါဘူး ”

” ဘရူနို စာချုပ်သစ် ချုပ်ဆိုလိုက်တာကပဲ အသင်းဟာ ဆွဲဆောင်မှု ရှိနေသေးဆဲဆိုတာ ပြသလိုက်ခြင်း တစ်မျိုးပါ ။ နည်းပြသစ် ရောက်လာမယ် ၊ သူ့ရဲ့ ပွဲစဥ် အပေါ်ကို ချဥ်းကပ်မှု ပုံစံတွေ ၊ သူ ကစားစေလိုတဲ့ ပုံစံတွေက အသင််းကို ဆွဲဆောင်မှုတွေ ရှိနေစေဦးမှာပါပဲ ”

” ကျွန်တော်ကတော့ တန်ဟတ်ကို ကူညီပေးနိုင်ဖို့ ရှေးရှုနေပါတယ် ။ အသင်းမှာ ရှိတဲ့လူတိုင်းနဲ့ အရာရာတိုင်းက နောက်ရာသီမှာ ပြောင်းလဲဖို့ လိုအပ်ပါတယ် ။ အဲ့တာကျမှ အသင်းက ထိပ်တန်း အသင်းတစ်သင်း ပြန်ဖြစ်နိုင်မှာပါ ” လို့ ရန်းဂနစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar