ချန်ပီယံလိဂ် ပြိုင်ပွဲ ပုံစံသစ်ကြောင့် FA ဖလား ကို ပိုပြီး အာရုံစိုက်လာနိုင်တဲ့ ပရီးမီးယားလိဂ် အသင်းကြီးများ

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ 2024-2025 ဘောလုံးရာသီ ရောက်တာ နဲ့ ချန်ပီယံလိဂ် ကျင်းပတဲ့ ပုံစံကို အပြောင်းအလဲ လုပ်သွားမယ်လို့ ဖော်ပြထားခဲ့ ပြီးပါပြီ။ အဲဒီ ပုံစံသစ် အရ ပြိုင်ပွဲဝင် အသင်း အရေအတွက်ဟာ လက်ရှိ စုစုပေါင်း 32 သင်း ကနေ 36 သင်း အထိ ရှိလာမှာ ဖြစ်ကာ ၊ ဥရောပ သမိုင်း အစဉ်အလာ ကြီးမားတဲ့ အသင်းကြီးတွေ အနေနဲ့ အဆင့် 4 အတွင်း ဝင်ရောက် နိုင်ခြင်း မရှိသော်လဲ ၊ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင် ကစားခွင့်ကို မျှော်လင့်လို့ ရနေပါတယ်။

ပုံစံသစ် မှာ အဲဒီ လမ်းကြောင်းကနေ ဝင်ရောက်ခွင့် ရနိုင်မယ့် 2 သင်း အထိ ခွင့်ပြုထားပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ဇယား ရပ်တည်မှု အရ ဥပမာ ပေးကြည့်ရရင် စပါး ၊ အာဆင်နယ် ၊ ယူနိုက်တက် တို့ ထဲက 2 သင်းဟာ အဆင့် 4 အတွင်း ဝင်ရောက် နိုင်ခြင်း မရှိခဲ့ဘူး ဆိုရင်တောင် ၊ သူတို့ ရဲ့ လွန်ခဲ့တဲ့ 5 နှစ် အတွင်း ဥရောပ ဖလား ပြိုင်ပွဲတွေက စွမ်းဆောင်ရည်ကို ကြည့်ကာ အမြင့်ဆုံး ရပ်တည်ထားတဲ့ အသင်းတွေကို ချန်ပီယံလိဂ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မျှော်လင့်ချက် ပေးထားပါတယ်။

အဲဒီ အချက် အတွင်း အကျုံးဝင်ဖို့ အတွက် ဆိုရင် သူတို့ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ပေးထားတဲ့ အဆင့် သတ်မှတ်ချက်ရဲ့အောက် ကပ်လျှက် (တစ်နည်းဆိုရရင်) အဆင့် 5 နေရာ ကိုတော့ မဖြစ်မနေ ရပ်တည်နိုင်ရမှာပါ။ ဥပမာ ဝက်စ်ဟမ်းက အဆင့် 5 နေရာမှာ ဖြစ်ပြီး ၊ ယူနိုက်တက် က အဆင့် 6 နေရာမှာ ဖြစ်ခဲ့ရင် ၊ သူတို့ရဲ့ UEFA Coefficient စွမ်းဆောင်ရည်က မည်သို့ပင် မြင့်မားနေပါ ထည့်သွင်း စဉ်းစားခံရမှာ မဟုတ်ပါဘူး။

သို့သော် အဲဒီလို အနေအထားတွေ အတွက် သမိုင်းကြောင်း အစဉ်အလာ ကြီးမားတဲ့ အသင်းတွေ အနေနဲ့ နောက်ထပ် လမ်းကြောင်း တစ်ခုကနေ ကြိုးစားခွင့် ပေးထားပြန်ပါတယ်။ အဲဒါကတော့ FA ဖလားကြီး ကို ဆွတ်ခူးနိုင်မယ် ဆိုရင် ၊ ချန်ပီယံလိဂ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရနိုင် ၊ မရနိုင် ပြန်လည် ဆန်းစစ်ကြည်လို့ ရနေပါတယ်။

ဒီနှစ် အက်ဖ်အေ ဖလား အကြိုဗိုလ်လုပွဲကို တက်လာတဲ့ အသင်းတွေထဲက ခရစ္စတယ် ပဲလေ့ အသင်းသာ ဗိုလ်စွဲခဲ့မယ် ဆိုရင်တော့ သူတို့ အနေနဲ့ ဥရောပ ဖလား ပြိုင်ပွဲတွေ မျှော်လင့်လို့ လုံး၀ ရမှာ မဟုတ်ပါဘူး။ အဲဓိက အကြောင်းပြချက် က ပဲလေ့ ရဲ့ UEFA Coefficient သတ်မှတ်ချက် အမြင့်ဆုံး အသင်းတွေထဲမှာ ပါဝင်ခြင်း မရှိလို့ ဖြစ်ပါတယ်။

FA ဖလား ပိုင်ရှင် က ဘယ်လို အခြေအနေမျိုးမှာ မျှော်လင့်ခွင့် ရှိနေလဲ ဆိုရင် ၊ ပရီးမီးယားလိဂ် အဆင့် 5 အသင်းဟာ UEFA Coefficient သတ်မှတ်ချက် ကနေ တဆင့် ချန်ပီယံလိဂ် ဝင်ခွင့်ရ လိုက်တယ် ၊ FA ဖလား ဆွတ်ခူးတဲ့ အသင်းကလဲ အဲဒီလို UEFA Coefficient သတ်မှတ်ချက် အမြင့်ဆုံး အသင်းတွေထဲမှာ ရှိနေတယ် ဆိုရင် သူတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့် လမ်းကြောင်းကို မျှော်လင့်လို့ ရနေပါတယ်။

ဥပမာ ယူနိုက်တက် က အဆင့် 5 နေရာမှာ ရပ်တည်ပြီး ၊ စပါး အသင်းက FA ဖလား ဗိုလ်စွဲတယ် ဆိုရင် စပါး အနေနဲ့ ဥရောပ ဖလား ယှဉ်ပြိုင်ခွင့် မျှော်လင့်ချက် ရှိနေပါတယ်။ အဲလမ်းကြောင်းက အုပ်စု အဆင့်ကို တိုက်ရိုတ် ဝင်ခွင့်ရတာမျိုး ဟုတ်ချင်မှ ဟုတ်ပေမယ့် ၊ အခွင့်အရေး ရှိပါတယ်။

ထပ်ပြီး ပြန်ရှင်းရရင် ပရီးမီးယားလိဂ် အဆင့် 5 မှာ ရပ်တည်တဲ့ အသင်းက UEFA Coefficient အမြင့်ဆုံး သတ်မှတ်ခံရတဲ့ အသင်းတွေထဲမှာ မပါဘူး ဆိုရင်တော့ ၊ FA ဖလား ဆွတ်ခူးတဲ့ အသင်းကလဲ ဘာမျှော်လင့်ချက်မှ ရှိမှာ မဟုတ်ပါဘူး။

SM