ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

 

မိုက်ကယ်အို၀င်ဟာ ဒီကြားရက်မှာ ကစားသွားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေကို ခန့်မှန်းသွားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား အတွက် တိုက်ပွဲ၀င်နေကြတဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ ဥရောပရဲ့ အမြင့်ဆုံး ဆုအတွက် ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်အောင် ကြိုးစားကြမှာ ဖြစ်ပါတယ်။

မန်စီးတီး vs ရီးရဲယ်မက်ဒရစ်

ဒီ tie ဟာ တကယ့်ကို ကောင်းမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်ပါပဲ။ စီးတီးဟာ ပြီးခဲ့တဲ့ weekend က ခြေစွမ်းပြကစားသွားခဲ့ပြီး ဒီပွဲကို ယုံကြည်မှု တစ်ချို့ သယ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။ စီးတီးဟာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် ဘယ်လောက်တောင် ဆန္ဒပြင်းပြနေသလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးသားပါ။ ကျွန်တော် ကတော့ စီးတီးရဲ့ ကောင်းမွန်တဲ့ ကစားပုံကို မျှော်လင့်နေပါတယ်။

ရီးရဲယ်မက်ဒရစ်ဟာ ဒီအဆင့်ထိ ရောက်လာဖို့ အတွက် အကောင်းဆုံး လုပ်ပြထားခဲ့ပေမယ့်လည်း သူတို့ ဘယ်လိုများ လုပ်သွားခဲ့သလဲ ဆိုတာကို ကျွန်တော် မရှင်းပြတက်အောင် ပါပဲ။ ချဲလ်ဆီးဟာ ကွာတားဖိုင်နယ် အဆင့်မှာ ရီးရဲယ်ကို ပြိုင်ပွဲကနေ ထွက်ခွာသွားနိုင်အောင် အခွင့်အရေးများစွာ ရရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ စီးတီးဟာ ချဲလ်ဆီးလိုမျိုး ဖြုန်းတီးမှုတွေ လုပ်လိမ့်မယ်လို့ မထင်မိပါဘူး။

ဒီပြိုင်ပွဲမှာ ကျွန်တော် ဘယ်တုန်းကမှ ရီးရဲယ်ကို မထင်မသေးရဲပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီပွဲမှာ စီးတီးကို အကြိုက်တွေ့မိပါတယ်။ စီးတီးဟာ ဘောလုံးကို ကိုင်ကစားမှာ ဖြစ်ပြီး ရီးရဲယ်ကို စိတ်ပျက်လက်ပျက် ဖြစ်အောင် လုပ်သွားလိမ့်မယ်လို့ ကျွန်တော် မြင်မိပါတယ်။ ကျွန်တော် ကတော့ ရီးရဲယ်တို့ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မန်စီးတီးတို့ပဲ အနိုင်ရသွားမှာပါ။

ခန့်မှန်းချက် : မန်စီးတီး ၃-၁ ရီးရဲယ်မက်ဒရစ်

လီဗာပူး vs ဗီလာရီးရဲယ်

လှလှပပ ကစားခဲ့တဲ့ ပွဲစဉ်တစ်ပွဲ မဟုတ်ခဲ့ပေမယ့်လည်း လီဗာပူးတို့ အဲဗာတန်ကို အနိုင်ရရှိခဲ့ခြင်းဟာ တကယ့်ကို ကြီးမားတဲ့ နိုင်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒါဟာ ဗီလာရီးရယ်နဲ့ ပွဲစဉ်အတွက် ကောင်းမွန်တဲ့ သွေးပူလေ့ကျင့်ခန်း ပွဲစဉ်လို့ ကျွန်တော် ထင်မိပါတယ်။ ဗီလာရီးရဲယ်ဟာ ဒီပွဲမှာ အဲဗာတန်လိုမျိုး ပုံစံနဲ့ ကစားသွားမှာ ဖြစ်ပါတယ်။ သူတို့ဟာ ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ်တွေနဲ့ လီဗာပူးကို ထိုးနှက်သွားဖို့ ကြိုးစားသွားမှာပါ။

ဗီလာရီးရဲယ်ဟာ တအားကို စုစည်းမှုကောင်းတဲ့ အသင်းပါ။ ပြီးတော့ အူနိုင်းအမ်မရီဟာ ရှုံးထွက်ဖလား ပြိုင်ပွဲတွေမှာ တအားကို ကောင်းတဲ့ နည်းပြတစ်ဦးပါပဲ။ သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေဟာ အန္တရာယ်ရှိပြီး ဒမ်ဂျူးမားကို လီဗာပူးတို့ သတိထားသွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ လီဗာပူးတို့ ဒီပွဲကို အနိုင်ရအောင် ကစားသွားနိုင်မယ်လို့ ထင်ပါတယ်။ အိုရီဂီရဲ့ နောက်ထပ် ဟီးရိုး အခိုက်အတန့်ကို မမြင်တွေ့နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ လီဗာပူးရဲ့ နိုင်ပွဲပါ။

ခန့်မှန်းချက် : လီဗာပူး ၂-၀ ဗီလာရီးရဲယ်

SM