“ကလော့ပ် က ဟာလန်း ကို သဘောကျမှာပါ” ဟာလန်း ရဲ့ ဖခင်

လာမယ့် နွေရာသီ အပြောင်း အရွှေ့ကာလမှာ ဇာတ်လိုက်မင်းသား ဖြစ်လာနိုင်တဲ့ ကမ္ဘာကျော် တိုက်စစ်မှုး နှစ်ယောက် ရှိပါတယ်။

သူတို့ ကတော့ လက်ရှိ ဒေါ့မွန် အသင်းက ဟာလန်း နဲ့ ပီအက်စ်ဂျီ အသင်း က အမ်ဘာပေ တို့ ဖြစ်ပါတယ်။

အမ် ဘာပေ ဟာ ဒီရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ ၊ သူ့ကို လိုချင်တဲ့ အသင်းတွေ အနေနဲ့ အလွတ်ကြေး နဲ့ ခေါ်ယူခွင့် ရှိတော့မှာပါ။ ဒီလို အခွင့်အရေးမျိုးကို မလိုချင်တဲ့ ကလပ်မျိုး ဆိုတာ ကမ္ဘာပေါ်မှာ မရှိလောက်ပါဘူး။

သို့သော် ကာယကံရှင် ကိုယ်တိုင်ကတော့ ပီအက်စ်ဂျီ နဲ့ ဆက်ပြီး လက်တွဲသွားဖို့လဲ ဖြစ်နိုင်တာမို့ ၊ အခုထိ အနာဂတ် နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချသေးဘူးလို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

ထိုနည်းတူစွာပဲ ဟာလန်း ရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းခွင့်က ရာသီ ကုန်တာ နဲ့ ယူရို ၇၅ သန်း ဖြစ်မှာမို့လို့ သူ့ကို ‌လိုချင်တဲ့ ဥရောပ ကလပ်တွေ ဝိုင်းဝိုင်းလည်နေပါတယ်။ ဒေါ့မွန် ကလဲ အစားထိုးရမယ့် တိုက်စစ် ကစားသမား ပြန်ရှာရမှာ ဖြစ်လို့ ဟာလန်း ကို အနာဂတ် နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် အမြန်ဆုံး ဆုံးဖြတ်ချက် ချဖို့ ခဏခဏ တိုက်တွန်း လျှက်ရှိနေပါတယ်။

အဂ်လန် က နာမည်ကြီး သတင်းထောက် ဒေးဗစ် အော့စတင်း ကတော့ ဟာလန်း ကို ခေါ်ယူဖို့ ရီးရဲ မက်ဒရစ် ၊ မန်စီးတီး တို့က ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ ရေးသားခဲ့ဖူးပါတယ်။

တချိန်က နော်ဝေ ကစားသမားကို ခေါ်ယူဖို့ လုံး၀ ငြင်းဆန်ခြင်း မရှိခဲ့တဲ့ ဘာစီလိုနာ ကတော့ နောင်ပိုင်းမှာ သူတို့ ဘဏ္ဍာရေး ထိခိုက်သွားနိုင်တဲ့ အပြောင်းအရွှေ့မျိုးကို လုပ်ဆောင်မှာ မဟုတ်ဘူး လို့ ပွင့်ပွင့် လင်းလင်းပဲ ပြောဆိုထားခဲ့ပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတော့ ဂျာမန် နာမည်ကြီး သတင်းစာ တစ်စောင် ဖြစ်တဲ့ Blid က လက်ရှိ လီဗာပူး နည်းပြကြီး ကလော့ပ် ကို “ဟာလန်း ကို ခေါ်ယူဖို့ ကြိုးစားဖြစ်မှာလား” လို့ မေးမြန်းခဲ့ရာ ၊ အခုလို တုန်ပြန် ဖြေကြားခဲ့ပါတယ်။

“အခွင့်အရေး လုံး၀ မရှိပါဘူး။ ကျနော် တို့ဟာ အဲဒီ အပြောင်းရွှေ့ ကိစ္စထဲကိုလဲ ၀င်‌လှုပ်ရှားမှာ မဟုတ်ပါဘူး။

အပြောင်းအရွှေ့ နဲ့ ပတ်သက်နေတဲ့ ကိန်း ဂဏန်းတွေက ရူးချင်စရာ ကောင်းလောက်ပါတယ်။ အဲလောက် ပေးနိုင်တဲ့ အင်အားမျိူလဲ ကျနော် တို့မှာ မရှိပါဘူး။

ရိုးရိုးသားသား ပြောရရင် ကျနော် ကိုယ်တိုင်လဲ ဒီလို အပြောင်းအရွှေ့မျိုးမှာ မ၀င်ချင်ပါဘူး။ ဒါက အပျော်လုပ်ရတဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ” လို့ ပြန်လည် ဖြေကြား ခဲ့ပါတယ်။

အဲဒီ ကလော့ပ် ရဲ့ ပြောဆိုမှု အပေါ် မီဒီယာ သမားတစ်ချို့က ” ကလော့ပ် ဟာ ဟာလန်း ကို မကြိုက်ဘူး” “ဟာလန်း ကို ခေါ်ယူဖို့ စိတ်မ၀င်စားတဲ့ ကလော့ပ်” ဆိုတဲ့ ပုံစံမျိုးတွေ ရေးသား လာကြချိန်မှာတော့ ကစားသမား ရဲ့ ဖခင် ဖြစ်သူက လုံး၀ ငြိမ်မနေပဲ အခုလို တုန့်ပြန် သွားခဲ့ပါတယ်။

“ကလော့ပ် က ဟာလန်း ကို မလိုချင်ဘူး လို့ တစ်ခွန်းမှ ပြောမသွားပါဘူး။

အပြောင်းအရွှေ့ နဲ့ ဆက်စပ်နေတဲ့ ကိန်းဂဏန်းတွေ မြင့်မားလွန်းနေတဲ့ အတွက် ဒီအထဲကို ၀င်မပါချင်ဘူး လို့ပဲ ပြောတာပါ။

အဲဒီ ကိန်းဂဏိန်းတွေ ဆိုတာ ကလဲ သပ်သပ်ဖန်တီးပြီး ဖွနေတဲ့ သူတွေ ရှိပါတယ်။

ကလော့ပ်ကတော့ ဟာလန်း ကို သဘောကျမှာပါ” လို့ ပြန်လည် မှတ်ချက် ပေးသွားခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ကလဲ လီဗာပူး ဟာ ဟာလန်း ကို ချဉ်းကပ်နေတဲ့ ကလပ်တွေထဲမှာ မပါ၀င်ဘူး လို ဆိုလိုက်သလို ၊ လက်ရှိ FSG အသုံးပြုနေတဲ့ အပြောင်းအရွှေ့မော်ဒယ်က ထူးခြားတယ်လို့ ရေးသား သွားခဲ့ပါတယ်။

SM