Paul Merson လာပါပြီ . . . အဆင့် ၄ လုပွဲအတွက် ထိပ်တိုက်တွေ့ဆုံမှုတွေ ပါဝင်နေတဲ့ EPL Week 29 အတွက်ခန့်မှန်းချက်များ

ဒီတပတ် မှာတော့ အဆင့် ၄ နေရာအတွက် အပြိုင် ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့စပါး တို့ ထိပ်တိုက် တွေ့ကြပါပြီ ။ အဆင့် ၄ က အာဆင်နယ် ကလည်း လက်စတာ နဲ့ အမှားမခံ တဲ့ ပွဲကို ကစားရမှာပါ ။ ချဲလ်ဆီး ကတော့ အသင်းပိုင်ရှင် ရိုမန် အပေါ် ဆန်ရှင် ချမှုကြောင့် လှုပ်ခတ်နေ ပေမယ့် ကွင်းထဲမှာ ပုံစံကောင်းတွေ ပြနေပါတယ် ။ ဒီတပတ်မှာ သူတို့ဟာ ဖေဖော်ဝါရီ ကတည်းက ရလဒ်တွေ ဆက်တိုက် ကောင်းနေတဲ့ နယူးကာဆယ် နဲ့ ရင်ဆိုင် ကစားရမှာပါ ။

အဆင့် ၁ နေရာက မန်စီးတီး ကတော့ သူတို့ကို နှစ်တိုင်း စိတ်ကသိကအောက် ဖြစ်စေတဲ့ ပဲလေ့စ် နဲ့ အဝေးကွင်း ပွဲစဉ်ကို ယှဉ်ပြိုင်ရပါမယ် ။ လန်ဒန် စတေဒီယံ ထဲက ဝက်စ်ဟမ်း နဲ့ ဗီလာ တို့ရဲ့ ပွဲ ကလည်း ပွဲကောင်း တပွဲပါပဲ ။ ပရီးမီးယားလိဂ် ကတော့ အပတ်တိုင်းမှာ ဖျော်ဖြေမှုတွေ အပြည့် ရှိနေမှာပါ ။

ဒါကြောင့် ဒီတပတ် ကစားမယ့် ပွဲတွေ အတွက် ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

၁ ။ ဘရိုက်တန် – လီဗာပူး

လီဗာပူူ အတွက်တော့ ဒီပွဲဟာ ငှက်ပျောသီး အခွံနွှာရ သလောက်ကို လွယ်ကူ နိုင်ပါတယ် ။

ဘရိုက်တန် က ကစားပုံ ကောင်းတတ် ပေမယ့် တိုက်ရဲ ခိုက်ရဲတဲ့ သတ္တိကျတော့ နည်းပါတယ် ။ ဒီလို စိတ်ဓါတ်မျိုး နဲ့ လီဗာပူး ကို ဘယ်လိုမှ မယှဉ် နိုင်ပါဘူး ။

လူးဝစ် ဒီယာ့စ် ဟာ လီဗာပူး အတွက် အကျိုးပြုတဲ့ ခေါ်ယူမှုပါ ။ ဒါပေမယ့် ဒီရာသီ အစတုန်းက ခေါ်ခဲ့တဲ့ ဂျိုတာ ကတော့ ဒီနှစ် အတွက် အကောင်းဆုံး ခေါ်ယူမှုလို့ ဆိုရမှာပါပဲ ။

ပေါလ်မာဆင် က ဘရိုက်တန် ၀ – ၃ လီဗာပူး လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၂ ။ မန်ချက်စတာ ယူနိုက်တက် – တော့တင်ဟမ် ဟော့စပါး

တော့တင်ဟမ် ဟော့စပါး တို့ ဘယ်တော့မှ တည်ငြိမ် မလဲဆိုတာ ကျွန်တော် မခန့်မှန်း တတ်ပါဘူး ။ လက်ရှိမှာ သူတို့က အရမ်းကို မှန်းဆရ ခက်နေပါတယ် ။ မန်ချက်စတာ ယူနိုက်တက်လည်း ဒီလိုပါပဲ ။

ဒါကြောင့် ဒီပွဲမှာ ဘယ်သူပဲ နိုင်နိုင် ဘယ်သူပဲ ရှုံးရှုံး သိပ်ပြီး အံ့သြစရာတော့ ဖြစ်မယ်မထင် ပါဘူး ။

အဆင့် ၄ နေရာ အတွက်တော့ ဒီပွဲ ရလဒ်က အရေးပါ နိုင်ပါတယ် ။

ကူလူဆက်ဗ်စကီး ဟာ စပါး အတွက် မှန်ကန်တဲ့ ခေါ်ယူမှုပါ ။ သူ့ရဲ့ ပြေးလွှား ကစားနိုင်မှုတွေဟာ ဆွန် ၊ ကိန်း တို့ အတွက် ပိုပြီး ကစားရ ချောင်လည်စေပါတယ် ။ ကွန်တီ ကလည်း သူ့ကို စီးရီးအေမှာ ကတည်းက ကောင်းကောင်း သိထားခဲ့တာပါ ။ ဒါကြောင့်လည်း အကောင်းဆုံး ပုံစံကို ဆွဲထုတ် နိုင်ခဲ့တာပါပဲ ။

ဒါပေမယ့် ဒီတပွဲ ကိုတော့ မန်ချက်စတာ ယူနိုက်တက် ကိုပဲ ရွေးချင်ပါတယ် ။ ယူနိုက်တက် က အသင်းငယ်တွေ နဲ့ဆိုရင် ရုန်းကန်ရ ပေမယ့် မန်စီးတီး ၊ လီဗာပူး မဟုတ်တဲ့ အသင်းကြီးတွေနဲ့ ဆိုရင်တော့ အခုလို အခြေနေမှာတောင် ရလဒ်တွေ ကောင်းနေတာပါ ။

ဒါကြောင့် အခုပွဲမှာလည်း သူတို့ပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ၂-၁ တော့တင်ဟမ် ဟော့စပါး လို့ မာဆင် က ခန့်မှန်း သွားခဲ့ ပါတယ် ။

၃ ။ ချဲလ်ဆီး – နယူးကာဆယ်

ကွင်းပြင်က ကိစ္စတွေဟာ ချဲလ်ဆီး ကစားသမားတွေရဲ့ စိတ်ကို အရှိန်ပြင်းပြင်း နဲ့ ရိုက်ခတ် နေပါတယ် ။ ပုံမှန်ကြည့်ရင်တော့ ရိုမန် နဲ့ အသင်းအပေါ် ချမှတ် ခံရတဲ့ ပိတ်ဆို့မှုတွေဟာ သွေးပျက်ခြောက်ခြား စရာပါပဲ ။ ဒါပေမယ့် ချဲလ်ဆီး အတွက်တော့ ဒါဟာ တွန်းအား တခုလိုတောင် ဖြစ်စေခဲ့တယ် ဆိုတာ ရှေ့က ပွဲတွေကို ကြည့်ရင် သိနိုင်ပါတယ် ။

နယူးကာဆယ် က ပုံစံကောင်းရ နေပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး ကို ယှဉ်ကစားဖို့ ကတော့ မလုံလောက် သေးပါဘူး ။

ဂိုးသွင်းတဲ့ သူတွေသာ သေချာမယ် ဆိုရင် ချဲလ်ဆီး တို့ လိုချင်တဲ့ ဂိုးအရေ အတွက် ရနိုင်ပါတယ် ။

အဲ့ဒိလိုမှ မဟုတ်ရင်လည်း ၃ မှတ် အတွက် လုံလောက်တဲ့ ဂိုးကိုတော့ သူတို့ သွင်းနိုင်မှာပါ ။

မာဆင် က ချဲလ်ဆီး ၂ – ၀ နယူးကာဆယ် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၄ ။ အာဆင်နယ် – လက်စတာ စီးတီး

လက်ရှိမှာ အာဆင်နယ် ကို မန်စီးတီး ၊ လီဗာပူး တို့လောက်ပဲ ရပ်တန့်နိုင်ချေ ရှိပါတယ် ။ ဒီပွဲဟာ ပြန်ထဖို့ အားယူ နေတဲ့ လက်စတာ အတွက် ထိုးနှက်ချက် ဖြစ်လာ မှာပါ ။

ဘရန်ဒန် ရော်ဂျာ ဟာ ဒီနှစ်ထဲမှာ ကျဆင်းလာတဲ့ အသင်းကို တတ်နိုင်သလောက် ပြန်ဆွဲတင်နေ ပါတယ် ။ ဒါပေမယ့် အကျဘက် ရောက်လာပြီ ဆိုရင် ကျကို ကျနေတော့ တာပါပဲ ။

အာဆင်နယ် ကတော့ ရလဒ် ရော ကစားပုံပါ ကျေနပ်စရာ ကောင်းလာပါတယ် ။ အထူးသဖြင့် အော်ဘားမီးယန်း ကို လက်လွှတ်ပြီး လာကာဇက်ကို လူငယ်တွေ ကို ဦးဆောင်ခွင့် ပေးပြီး နောက်ပိုင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းက အတော်လေး သွက်လက်ပြီး ကြည့်လို့ ကောင်းလာခဲ့ ပါတယ် ။

အခုပွဲလည်း သူတို့ရဲ့ ပွဲ ဖြစ်နေဦးမှာပါ ။

အာဆင်နယ် ၃-၁ လက်စတာ လို့ မာဆင် က ခန့်မှန်းထားပါတယ် ။

၅ ။ ခရစ္စတယ်ပဲလေ့စ် – မန်ချက်စတာ စီးတီး

မန်စီးတီး ကို ခက်ခဲ စေမယ့် ပွဲမျိုးပါ ။ မန်ချက်စတာ ယူနိုက်တက် ကို သူတို့ အပြတ်အသတ် အသာစီး ရယူပြီး ကစားနိုင်ခဲ့ ပေမယ့် ခရစ္စတယ် ပဲလေ့စ် ကိုတော့ ဒီလိုမျိုး လုပ်နိုင်ဖို့ မလွယ်ပါဘူး ။ စီးတီး အတွက်တော့ ပဲလေ့စ် ဟာ ယူနိုက်တက် ထက် ပိုခက်တဲ့ ပြိုင်ဘက် အဖြစ် ရှိနေမှာပါ ။

ပဲလေ့စ် ဟာ စီးတိး ကို နှစ်တိုင်း ဒုက္ခပေးတတ် ပါတယ် ။ ဘာလို့လည်း ဆိုတော့ သူတို့က စီးတီး ဘယ်လို ကစားတယ် ၊ ဘယ်သူတွေနဲ့ ကစားတယ် ဆိုတာကို အာရုံစိုက် မနေလို့ပါ ။ ပဲလေ့စ် က သူတို့ လုပ်စရာ ရှိတာကို ပြတ်ပြတ်သားသား လုပ်တတ်ပြီး မထင်မှတ်တဲ့ အနေအထားတွေ ကတော့ စီးတီး ကို အထိနာအောင် ထိုးနှက် နိုင်ပါတယ် ။

တကယ်ကြည့်ကောင်းတဲ့ ပွဲ ဖြစ်လာမှာပါ ။ သူတိုက်ကိုယ်တိုက် မျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ပွဲကောင်းတပွဲ ဖြစ်လာမှာကတော့ သေချာပါတယ် ။ စီးတီး အမှတ်လျော့ခဲ့မယ် ဆိုရင်တောင် အံ့သြမိမှာ မဟုတ်ပါဘူး ။

မာဆင် ရဲ့ ခန့်မှန်းချက် – ပဲလေ့စ် ၁ – ၁ မန်စီးတီး ဖြစ်ပါတယ် ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

၆ ။ ဘရန့်ဖိုဒ့် ၂ – ၁ ဘန်လေ

၇ ။ လိဒ် ၁ – ၁ နောဝှစ်ချ်

၈ ။ အဲဗာတန် ၁ – ၂ ဝုဗ်

၉ ။ ဝက်စ်ဟမ်း ၁ – ၂ အက်စတွန် ဗီလာ

၁၀ ။ ဆောက်သမ်တန် ၃ – ၀ ဝက်ဖိုဒ့်

 

SPORTS  MYANMAR