Paul Merson လာပါပြီ . . .ဂိုးပြတ်နိုင်မယ့် မန်စီးတီး အပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ အတွက် ခန့်မှန်းချက်များ

ဒီတပတ် မှာတော့ မန်ချက်စတာ မြို့ခံ ၂ သင်းထိပ်တိုက်တွေ့ ကြပါပြီ ။ ပက် ဂွာဒီယိုလာ ရဲ့ မန်စီးတီး ဟာ အဆင့် ၁ နေရာကို ဆက်ထိန်းထားဖို့ လိုအပ်သလို ရပ်ဖ်ရန်းနစ် ရဲ့ မန်ချက်စတာ ယူနိုက်တက် ကလည်း အဆင့် ၄ နေရာကို မပေးလိုက်ရဖို့ အတွက် ခုခံ ကာကွယ်ရမှာပါ ။

ဒီပွဲတွေ အပြင် လီဗာပူး နဲ့ ဝက်စ်ဟမ်း ၊ တော့တင်ဟမ် ဟော့စပါး နဲ့ အဲဗာတန် တို့ရဲ့ ပွဲတွေ ကလည်း ဒီတပတ် ရဲ့ စိတ်လှုပ်ရှား စရာ ပွဲကောင်းတွေ ဖြစ်လာနိုင်ပါတယ် ။

ဒါကြောင့် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် Paul Merson ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

၁ ။ ဘန်လေ – ချဲလ်ဆီး

ရိုမန် အေဘရာမိုဗစ်ချ် အကြောင်းတွေ ဖုံးလွှမ်းနေတဲ့ အခုလို အချိန်မှာ ဘန်လေ ဟာ ချဲလ်ဆီး အတွက် ပုံမှန်ထက် ပိုပြီး ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာ နိုင်ပါတယ် ။ ပိုင်ရှင်ကောင်းတယောက် ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းက ချဲလ်ဆီး ရဲ့ ကွင်းထဲက ခြေစွမ်းကို ဘယ်လောက်ထိ သက်ရောက် နေမလဲဆိုတာ ကျွန်တော် မပြော တတ်ပါဘူး ။

ဘန်လေ ကတော့ ၂ ပွဲနိုင် ၊ ၁ ပွဲသရေ ဆိုတဲ့ ပုံစံကောင်းပေါ် ရောက်ပြီးကာမှ လက်စတာ ကို ရှုံးပြီး တန်းဆင်းဇုန် တိုက်ပွဲထဲမှာ ဆက်ပြီး ရုန်းကန် ရဖို့ ဖြစ်လာခဲ့ ပါတယ် ။

လူအင်အားကတော့ အကွာကြီး ပါပဲ ။ ရိုမန် ရဲ့ သတင်းက ကစားသမားတွေအပေါ် သက်ရောက်မှု ရှိနေရင် တောင်မှ ဒီပွဲကို ချဲလ်ဆီး အနိုင် ကစားဖို့ လုံလောက်နေဦးမှာပါ ။

ပေါလ် မာဆွန် ရဲ့ ခန့်မှန်းချက် က ဘန်လေ ၀ – ၂ ချဲလ်ဆီး ဖြစ်ပါတယ် ။

၂ ။ လီဗာပူး – ဝက်စ်ဟမ်း

ဒီပွဲက လီဗာပူး အတွက် အရေးကြီး ပါတယ် ။ ဝက်စ်ဟမ်း က အဆင့် ၄ လုပွဲအတွက် အရေးပါတဲ့ ဝုဗ် နဲ့ ပွဲကို နိုင်ခဲ့ပေမယ့် FA Cup မှာတော့ ဆောက်သမ်တန်ကို အရေးနိမ့်ပြီး ထွက်ခဲ့ရ ပါတယ် ။

လီဗာပူး ကတော့ ခါရာဘောင်မှာ ချန်ပီယံ ဖြစ်လာမှုနဲ့ အတူ စိတ်ဓါတ်တွေ တက်ပြီးရင်း တက်နေပါတယ် ။

လတ်တလော မှာ သူတို့ကို အရှိန်တန့်အောင် ဘယ်အသင်းမှ လုပ်နိုင်မယ် မထင်ပါဘူး ။

မန်ချက်စတာ ဒါဘီမှာသာ အများမျှော်လင့်ထားတဲ့ ရလဒ် မဖြစ်လာခဲ့ဘူး ဆိုရင် လီဗာပူး တို့ အဲ့ဒါ အတွက် အဆင်သင့် ရှိနေဖို့ ဒီပွဲကို အနိုင် ကစားသွားမှာပါ ။

မာဆွန် က လီဗာပူး ၂ – ၀ ဝက်စ်ဟမ်း လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၃ ။ ဝက်ဖိုဒ့် – အာဆင်နယ်

အာဆင်နယ် က လက်ရှိမှာ ကြွေတက်နေပါတယ် ။ ဒါပေမယ့် ဝက်ဖိုဒ့် ကိုတော့ လျော့မတွက်စေချင် ပါဘူး ။ သူတို့ ကစားပုံက မှန်းဆရ ခက်ပြီး တခုခု ကို အချိန်မရွေး လုပ်ပြ သွားနိုင်တယ်လို့ ကျွန်တော် ခံစား မိနေပါတယ် ။

အာဆင်နယ် ကတော့ ရာသီအကုန်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အထက်မှာ ရပ်တည်ဖို့ အလားအလာ ကောင်းတွေ ရှိနေပါတယ် ။ ဒါပေမယ့် အခုလို ပွဲမျိုးတွေကို အနိုင် ကစားနိုင်မှ ဖြစ်မှာပါ ။

ရာသီအစ ကတည်းက အာဆင်နယ် ကို အဆင့် ၄ ထဲ ဝင်မယ်လို့ ကျွန်တော် ခန့်မှန်းခဲ့ ပါတယ် ။ အခုထိ သူတို့ ဒီခန့်မှန်းမှု ကို မှန်ကန်ဖို့ အခြေအနေ ကောင်းနေတုန်းပါပဲ ။

ဒီပွဲ ကိုလည်း သူတို့ အနိုင် ကစားမှာပါ ။

ဝက်ဖိုဒ့် ၁-၂ အာဆင်နယ် လို့ မာဆွန် က ခန့်မှန်းထားခဲ့ ပါတယ် ။

၄ ။ မန်ချက်စတာ စီးတီး – မန်ချက်စတာ ယူနိုက်တက်

မန်စီးတီး အတွက် လွယ်ကူတဲ့ နိုင်ပွဲလို့ ကျွန်တော် ပြောရင် ယူနိုက်တက် ပရိသတ်တွေ စိတ်ဆိုးကြမယ် မထင်ပါဘူး ။

မနှစ်တုန်းကတော့ အိုလေဂန်နာ ဆိုးရှား ရဲ့ အသင်းဟာ အရမ်းလျှင်မြန်တဲ့ တန်ပြန် တိုက်စစ် ကစားပုံကြောင့် အသင်းကြီးတွေကို မထင်မှတ်တဲ့ ထိုးချက်တွေနဲ့ အမှတ်တွေ ရယူခဲ့ပါတယ် ။ ဒါပေမယ့် ဒီနှစ်မှာတော့ သူတို့ရဲ့ ခြေထောက်တွေက အရမ်းကို နှေးကွေးနေပါပြီ ။

စီးတီး တို့နိုင်မှာက လွဲရင် အခြား ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။ တကယ်လို့သာ ယူနိုက်တက် က ဖွင့်ကစား လာခဲ့မယ် ဆိုရင် ၃-၀ ၊ ၄-၀ လောက်တောင် ပြတ်သွား နိုင်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အတွက်တော့ အခုအချိန်ဟာ အရာရာ လွဲမှား နေတဲ့ အချိန်ပါပဲ ။ ဒီပွဲအတွက် သူတို့ ဘယ်လို ပြင်ဆင် လာမယ်ဆိုတာ မသိပါဘူး ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ အမှတ်ဗလာ နဲ့ပဲ အိမ်ပြန်ရမှာပါ ။

ပေါလ် မာဆွန် ရဲ့ ခန့်မှန်းချက် ကတော့ မန်စီးတီး ၃ – ၀ မန်ယူနိုက်တက် ဖြစ်ပါတယ် ။

၅ ။ တော့တင်ဟမ် ဟော့စပါး – အဲဗာတန်

စပါးတို့ တကယ့်ခြေစွမ်းပြ နိုင်ရင် ဒီပွဲ အတွက် ပူစရာ မရှိပါဘူး ။ အဲဗာတန် က လမ်းပတ် လက်အောက်မှာ မတည်ငြိမ်သေးပါဘူး ။ ဒါပေမယ့် စပါး ကလည်း ကောင်းလိုက် ဆိုးလိုက်နဲ့ပါ ။

FA Cup ကနေ ထွက်လိုက်ရတာက သူတို့ ( စပါး ) ကို အများကြီး ရိုက်ခတ် စေပါတယ် ။ အခုပွဲကို အနိုင် မယူနိုင်ဘူး ဆိုရင် သူတို့ အတွက် ပိုပြီး ဆိုးရွား သွားမှာပါ ။ ဒါကို ကွန်တီ ရော စပါး ကစားသမားတွေပါ အဖြစ်ခံ မယ် မထင်ပါဘူး ။

လမ်းပတ် က ခံစစ် ကစားပုံ အားသန်သူမဟုတ်တာကြောင့် တိုက်စစ် အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာမှာပါ ။ စပါးရဲ့ တန်ပြန် တိုက်စစ်တွေကို သတိမထားဘူး ဆိုရင်တော့ အဲဗာတန် တို့ လက်ဗလာ နဲ့ အိမ်ပြန်ရမှာ အသေအချာပါပဲ ။

မာဆွန် ရဲ့ ခန့်မှန်းချက် – စပါး ၂ – ၀ အဲဗာတန် ဖြစ်ပါတယ် ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

၆ ။ အက်စတွန် ဗီလာ ၂ – ၂ ဆောက်သမ်တန်

၇ ။ နောဝှစ်ချ် ၁ -၂ ဘရန့်ဖိုဒ့်

၈ ။ နယူးကာဆယ် ၂ – ၁ ဘရိုက်တန်

၉ ။ ဝုဗ် ၂ – ၁ ခရစ္စတယ် ပဲလေ့စ်

 

SPORTS MYANMAR