Goat နှစ်ဦးကို ဝေဖန်လိုက်ပြီး ဥာဏ်မကောင်းသူတွေလို့ ပြောဆိုလိုက်တဲ့ အနယ်လ်ကာ

ပြင်သစ် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်သူ နီကိုလပ်စ် အနယ်လ်ကာ က မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လာတဲ့ ရော်နယ်ဒို ကို ဝေဖန်လိုက်ပြီး မက်ဆီ PSG ဆီ ပြောင်းရွှေ့တာကိုလည်း မှားတယ်လို့ ဝေဖန်ခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိနေခဲ့စဥ်တုန်းက အိုးလ်ထရပ်ဖို့ဒ် အခြေစိုက် ကလပ်အတွက် စုစုပေါင်း 118 ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင်် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျူဗင်တပ် အသင်းမှ ထွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် အသင်းဟောင်းဆီ ပြန်ရောက်လာခဲ့ပါတယ် ။

 

အခြားတဖက်မှာတော့ ဘာစီလိုနာ အသင်းမှာပဲ ကစား သမား ဘဝကို မြှုပ်နှံထားခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင်် တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာလည်း အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့် နွေတုန်းက PSG အသင်းဆီ ပြောင်းရွှေ့ခဲ့လိုက်ရပါတယ် ။

အခုတော့ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ပြန်လာခဲ့တဲ့နောက် ပြိုင်ပွဲစုံ 32 ပွဲထိ ကစားပေးထားခဲဲ့ရာမှာ 18 ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ် ။ ဒါပေမဲဲ့ မန်ချက်စတာ အခြေစိုက် ကလပ်ကတော့ နောက်ထပ် ဖလား လက်မဲ့ ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရပြန်ပါပြီ ။

ဘာဖြစ်လို့လဲဆိုတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဖလား ပြိုင်ပွဲမှာတောင်် အဆင့် 4 အတွင်း ဝင်ရောက်ဖို့ ရုန်းကန်ခဲ့ရသလို အက်သလက်တီကို မက်ဒရစ် အသင်းကိုလည်း အိမ်ကွင်းမှာ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာလိုက်ရလို့ပါပဲ ။

အခြားတဖက်မှာတော့ မက်ဆီ ကလည်း ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက် အဆင့်မှ ထွက်ခွာခဲ့ရပြီ ဖြစ်တဲ့ အတွက် ဥရောပ ဖလား ရနိုင်ခွင့် ကုန်ဆုံးသွားခဲ့ပါပြီ ။ ဒါပေမဲ့ သူဟာ လီဂူး ဝမ်း အမှတ်ပေး ဖလား ကိုတော့ ရရှိနိုင်ခြေ ရှိနေပါသေးတယ် ။

အခုတော့ RMC sport မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ အနယ်လ်ကာ က Goat နှစ်ဦးလုံးရဲ့ အကောင်းဆုံး အချိိန်တွေ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ဝေဖန်သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” သူတို့ရဲ့ ကစားသမား ဘဝဟာ ကုန်ဆုံးသွားခဲ့ရပါပြီ ။ လွန်ခဲ့တဲ့ 15 နှစ် အတွင်း သူတို့ ရယူနိုင်ခဲ့တဲ့ အရာတွေနဲ့ ပတ်သက်လို့ နှစ်ယောက်လုံး အရမ်းပဲ ပျော်ရွှင်နေကြမှာပါ ။ သူတို့တွေ အရာ အားလုံးရဲ့ အထက်မှာ ရှိနေခဲ့ကြတယ််လေ ။ အခုလို ကျဆင်းသွားတာကလည်း သဘာဝကျပါတယ် ”

” ကျွန်တော်ကတော့ ရော်နယ်ဒိုထက် ပိုပြီး မက်ဆီကို အံ့သြမိပါတယ် ။ ကျွန်တော့် အတွေးထဲမှာ မက်ဆီဟာ ပြင်သစ် ကလပ်ကို ပြောင်းလဲလိုက်မှာ ဖြစ်ပြီး ရော်နယ်ဒို က ပရီးမီးယားလိဂ်မှာ ရုန်းကန်ရလိမ့်မယ်လို့ တွေးထင်ခဲ့တယ််လေ ။ ကျွန်တော့် အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးက တောင်းဆိုမှု များလွန်းတဲ့ လိဂ်ပါပဲ ”

” သူတို့ ဥာဏ်မကောင်းခဲ့ကြပါဘူး ။ သူတို့ အနေနဲ့ ဒီလို အသက်အရွယ်မှာ စိန်ခေါ်မှု ပိုနည်းတဲ့ နေရာဆီ ပြောင်းခဲ့သင့်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ထိပ်ဆုံး နေရာမှာပဲ ကစားသမား ဘဝကို ကုန်ဆုံးနိုင်ရေး အတွက် ခင်ဗျားတို့ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ လိုအပ်တယ်လေ ”

” အချို့ ကစားသမားတွေဆိုရင် အသက် 32 , 33 , 34 အရွယ်မှာတောင် အနားယူလိုက်ဖို့ မတွန့်ဆုတ်တက်ကြပါဘူး ။ သူတို့တွေက နာမည်ကောင်းထိန်းလိုကြတယ်လေ ။ ကျွန်တော်လည်း 36မှာ အနားယူခဲ့တာပါ ။ ဒါပေမဲ့ 32မှာပဲ ကျွန်တော် တရုတ်ကို ရောက်နေခဲ့ပါပြီ ” လို့ အနယ်လ်ကာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar