“၅ ယောက် ၆ ယောက်လောက်က မရှိသင့်တော့ပါဘူး” – မန်စီးတီးကို ဂိုးပြတ်ခြေပြတ်ရှုံးတဲ့ ယူနိုက်တက် ကစားသမားတွေကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့တဲ့ ရွိုင်ကင်း

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း က မနေ့ညက မန်ချက်စတာ ဒါဘီ မှာ ကစား ခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေ ထဲက ထက်ဝက်လောက်ဟာ အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ဖို့ မထိုက်တန်တော့ဘူးလို့ ပြင်းပြင်း ထန်ထန် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ မန်စီးတီး ရဲ့ အစ်တီဟတ် ကွင်းကို သွားရောက် ကစားခဲ့ပြီး ၄-၁ နဲ့ ရှုံးနိမ့် ခဲ့သလို ပွဲချိန် အတွင်းမှာလည်း မန်စီးတီး ကို လုံး၀ ယှဉ်မကစား နိုင်ခဲ့ ပါဘူး ။

ဒီရှုံးပွဲကြောင့် မန်ယူနိုက်တက် ဟာ အဆင့် ၄ နေရာကို ဖယ်ပေး လိုက်ရပါတယ် ။ လက်ကျန် ပွဲတွေ မှာလည်း ယူနိုက်တက် ဟာ အာဆင်နယ် ထက် ပိုကြပ်တာကြောင့် ရာသီ အကုန်မှာ အဆင့် ၄ နေရာကို ရယူ နိုင်ဖို့ အလားအလား နည်းပါး နေပြီလို့ သုံးသပ် လာခဲ့ ကြပါတယ် ။

ပွဲအပြီးမှာတော့ အသင်းဟောင်း ရဲ့ အနေအထား အပေါ် အကြီးအကျယ် စိတ်ပျက် နေတဲ့ ရွိုင်ကင်း ဟာ မန်ချက်စတာ ဒါဘီက အရှုံးသမားတွေ ကို ပြစ်ပြစ်နှစ်နှစ် ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

“ကိုယ့်ထက် အများကြီး ပိုကောင်းတဲ့ အသင်း တသင်းနဲ့ ကစားရတဲ့ အခါတိုင်းမှာ ဒီလိုမျိုးပဲ ဖြတ်တတ် ပါတယ် ။ အချို့ ကန်ချက်တွေ ကို ကာလို့ ရချင် ရနိုင်ပါတယ် ၊ အချို့ ဘောလုံးတွေက ပြေးလိုက်လုလို့ ရနိုင်ပါတယ် ။

ဒါပေမယ့် သူတို့ ( ယူနိုက်တက် ) အရှုံးပေးဖို့ ပြင်ဆင် လိုက်ပါပြီ ။ တကယ်ကို စိတ်ပျက် စရာပါပဲ”

“ဒီပွဲကို တိုက်ရိုက်ကြည့်ရင်း အချို့ ကစားသမားတွေကို ကျွန်တော် စိတ်ပျက် လာပါတယ် ။ လူတိုင်း မှားတတ် တာကို လက်ခံ ပါတယ် ။ ဒါပေမယ့် ၅ ယောက် ၆ ယောက် လောက်က မန်ချက်စတာ ယူနိုက်တက် မှာ ဘယ်တော့မှ မကစားသင့် တော့ပါဘူး ။

ကိုယ့် အသင်းအတွက် ပြေးလွှား မကစားပေး နိုင်တာ ၊ ကိုယ့် အသင်းအတွက် မကာကွယ် ပေးနိုင်တော့ တာတွေက တကယ်ကို ရှက်ဖို့ ကောင်းတဲ့ အရာတွေပါ”

“မန်စီးတီး က တကယ်ကောင်းပါတယ် ။ ယူနိုက်တက် ထက်လည်း အများကြီး သာပါတယ် ။ ဒါကို လက်ခံ ပါတယ် ။ ဒါပေမယ့် အခုပွဲက ဒါဘီပွဲပါ ။ ဒါဘီပွဲ တပွဲ နဲ့ ညီတဲ့ အားထုတ်မှု ၊ ခံယူချက်တွေ ဘာမှ မတွေ့ ခဲ့ရ ပါဘူး ။ လူစားလဲ ဝင်လာတဲ့ သူတွေ ကလည်း သူတို့ ဘာမှ မလုပ်နိုင်တဲ့ ပုံစံမျိုး နဲ့ ဝင်လာခဲ့ ကြတာပါ”

“ကစားပွဲ တပွဲက မိနစ် ၉၀ ကြာပါတယ် ။ ပရော်ဖက်ရှင်နယ် တယောက် အနေနဲ့ ဒါကို ပြင်ဆင် ထားရ မှာပါ ။ အခု ဘယ်သူက အသင်းရဲ့ အဝတ်လဲခန်းမှာ ဆရာဖြစ်နေလဲ ကျွန်တော် မသိပါဘူး ။ ဟယ်ရီ မက်ဂွဲယား ကို ကြည့်ပါ ၊ တကယ်ဆိုးတဲ့ ပွဲတပွဲကို သူ ကစားခဲ့ ပါတယ် ။ ရိုနယ်ဒို နဲ့ သူ က ခေါင်းဆောင်ပိုင်း နေရာ အတွက် အားပြိုင် နေတယ်ဆိုပြီး အသံထွက်နေ တာပါ ။ ဒါကို ဒီနေ့ ဒီလိုပွဲမျိုးမှာ ဒီပုံစံနဲ့ ကစားသွားပါတယ် ။ ကျွန်တော့ မှာ ပြောစရာ မရှိတော့ပါဘူး” လို့ ရွိုင်ကင်း က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပွဲစဉ်မှာ အဆင့် ၄ လုဘက် တသင်း ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR