အဲရစ်ဆင် ရဲ့ မမေ့နိုင်စရာ ပွဲတပွဲ ၊ ၄ ယောက်တော့ ခေါ်မယ်ဆိုတဲ့ ဘာဆာ ၊ နိုင်ငံအသင်းကနေ နားတော့မယ့် အာဂျင်စတား တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

၂၀၂၁ ဇွန်လတုန်းက ယူရို ပြိုင်ပွဲ ကစားနေစဉ် အတွင်း နှလုံးဖောက်မှုကြောင့် အသက်လု ကုသခံ ခဲ့ရကာ နှလုံးခုန်စက် တက်ပြီး နေထိုင် ခဲ့ရတဲ့ ခရစ်ရှန် အဲရစ်ဆင် ဟာ မနေ့ က ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲ မှာတော့ ဒိန်းမတ် အသင်း နဲ့ ပြန်လည် ပါဝင် နိုင်ခဲ့ ပါတယ် ။

နယ်သာလန် ကို ၄-၂ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ဒီပွဲမှာ အဲရစ်ဆင် ဟာ ဒိန်းမတ် အတွက် ဂိုးပါသွင်း နိုင်ခဲ့ပြီး ၂ ဘက် အသင်းသားတွေ ဟာ နိုင်ငံ အသင်းနဲ့ ပြန် ကစားနိုင်ခဲ့တဲ့ အဲရစ်ဆင် ကို ဝိုင်းဝန်း ဂုဏ်ပြု သွားခဲ့ ကြပါတယ် ။

ဘာစီလိုနာ အသင်း ဥက္ကဌ လာပေါ်တာ က သူတို့ဟာ လာမယ့် နွေရာသီမှာ အနည်းဆုံး ကစားသမား ၄ ယောက် ထပ်ပြီး ခေါ်ယူသွားမယ် လို့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

လက်ရှိ မှာ ဖရန့် ကတ်ဆီ ( အေစီ ) ကို ကြိုတင် စာချုပ် ထားနိုင်ပြီး ခရစ်ရှန်ဆန် ( ချဲလ်ဆီး ) ကတော့ နှုတ် နဲ့ သဘောတူထား နိုင်ပြီ လို့ လာပေါ်တာက ထပ်လောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နဲ့ စာချုပ်သစ် မချုပ်ဆို ဖြစ်ဖို့ အလားအလာ များနေတဲ့ ဒမ်ဘီလီ ဟာ နွေရာသီမှာ ပြင်သစ် ထိပ်သီး PSG ကို ပြောင်းရွှေ့ ဖွယ် ရှိနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဆွီဒင် အသင်းအတွက် ပထမဆုံး အကြိမ် ပါဝင်ခွင့် ရခဲ့တဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးလေး အီလန်ဂါ က သူဟာ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ လုံ့လ ဝီရိယ ကောင်းမှု ( လေ့ကျင့်ရေးကွင်း အစောဆုံးရောက်ပြီး နောက်ဆုံးမှ ပြန်မှု ) အပေါ် အံ့အားသင့် အားကျ မိခဲ့တယ်လို့ ဖွင့်ဟပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် နောက်ခံလူဟောင်း လီဒစ်ဆင် က လိဒ် ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ဟာ အာဆင်နယ် အတွက် ပြီးပြည့်စုံတဲ့ ကွင်းလယ် အားဖြည့်မှု တခု ဖြစ်လာနိုင်တယ်လို့ ညွှန်းဆိုကာ အင်္ဂလန်သား ကို ခေါ်ယူဖို့ အကြံပြု တိုက်တွန်း သွားခဲ့ ပါတယ် ။

ဒဏ်ရာကို ခွဲစိတ် ကုသမှု ခံယူရမယ့် ရီးရဲ တောင်ပံ ကစားသမား အီဒင် ဟာဇက် ဟာ အနည်းဆဆုံး ၁ လ လောက် အနားယူ ရမယ်လို့လည်း သိရှိရ ပါတယ် ။

အီတလီ ရဲ့ ကမ္ဘာ့ဖလား မျှော်လင့်ချက် ကုန်ဆုံး ခဲ့အပြီးမှာတော့ တိုက်စစ်မှူးကြီး အင်မိုဘီလီ ဟာ လက်ရွေးစင် အဖြစ် ကနေ အနားယူဖို့ စဉ်းစားနေပြီ လို့ သတင်း ကြားသိရ ပါတယ် ။

အာဂျင်တီးနား ရဲ့ ဝါရင့် တောင်ပံ ကစားသမားကြီး အန်ဟဲ ဒီမာရီယာ ဟာလည်း ကမ္ဘာ့ဖလား အပြီးမှာ လက်ရွေးစင် အသင်းကနေ အနားယူတော့မှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ သလို မက်ဆီ ကလည်း ကမ္ဘာ့ဖလား အပြီးမှာ လက်ရွေးစင် ကိစ္စကို ပြန်စဉ်းစား သွားမယ်လို့ ပြောဆို ခဲ့ ပါတယ် ။

ဘိုလော့နာ နည်းပြ မီဟိုင်းလိုဗစ်ချ် က သူဟာ ကင်ဆာဝေဒနာ ကို ဒုတိယ အကြိမ် ခံစား နေရကြောင်း ဖွင့်ဟ အသိပေး သွားခဲ့ ပါတယ် ။

PSG ဟာ အီတလီ ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်မှု ကို အခွင့်အရေး အဖြစ် ရယူကာ အီတလီ လက်ရွေးစင် နည်းပြ မန်စီနီ ကို ခေါ်ယူ ခန့်အပ်ဖို့ စိတ်ဝင်စား လာတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

PSG ကွင်းလယ်လူ မာကို ဗာရက်တီ ဟာ တူရကီ နဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ် ထားတဲ့ အီတလီ အသင်းရဲ့ လေ့ကျင့်ရေး စခန်း ကနေ ထွက်ခွာ သွားတာကြောင့် ခြေစမ်းပွဲ ကို ပါဝင် နိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ် ။

အင်တာမီလန် ဟာ ယူဗင်တပ် ကနေ နွေရာသီမှာ စာချုပ်ပြည့်လို့ ထွက်ခွာ လာမယ့် တိုက်စစ်မှူးလေး ဒိုင်ဘားလား ကို ခေါ်ယူဖို့ ကြိုးစား နေပြီး ဒိုင်ဘားလား ကိုထည့်သွင်း နိုင်ဖို့ အတွက် အလက်ဆစ် ဆန်းချက် နဲ့ ဗီဒယ် တို့ ၂ ဦးကို နွေရာသီမှာ ရောင်းထုတ် သွားဖို့လည်း စီစဉ် နေတယ်လို့ သိရပါတယ် ။

PSV အရန် အသင်းကို ကိုင်တွယ် နေတဲ့ ရုဒ် ဗန် နစ္စတယ်ရွိုင်း ဟာ စီနီယာ အသင်းကြီး နည်းပြ အဖြစ် လုပ်ကိုင်ဖို့ လက်ခံ လိုက်ပြီ လို့ ကြားသိရ ပါတယ် ။ ဒါကြောင့် ရွိုင်း ဟာ မကြာခင် မှာ PSV အသင်းကြီး နည်းပြ ဖြစ်လာတော့မယ်လို့ သိရှိရ ပါတယ် ။

လိဒ်ယူနိုက်တက် ဟာ ရာဖင်ညာ အတွက် ဘာစီလိုနာ ရဲ့ ပေါင် ၂၉ သန်း တန် ကမ်းလှမ်းမှု ကို ပယ်ချ လိုက်တယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

PSG ဂိုးသမားကြီး ကေလာ နာဗက်စ် ဟာ ပဲရစ် မှာ ရှိတဲ့ သူ့ရဲ့ နေအိမ်က ရုပ်ရှင်ခန်းမ ထဲမှာ ယူကရိန်း စစ်ဘေးရှောင် ၃၀ ကို ခေါ်ယူ စောင့်ရှောက် ထားပြီး အိပ်ယာ ၊ အစားအစာ နဲ့ အဝတ်အထည်တွေ ထောက်ပံ့ပေး ထားတယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR